(Unicode)


မူလပိုင်ဆိုင်မှုထက် ကျော်လွန်နေပါက သူခိုးဟု ခေါ်နိုင်ကြောင်း တနင်္သာရီဝန်ကြီးချုပ်စိန်ခေါ်

ဇူလိုင် ၂၁၊ ၂၀၂၀

တနင်္သာရီတိုင်းအစိုးရအဖွဲ့အဖြစ် တာဝန်ယူနေစဉ်ကာလအတွင်း မူလပိုင်ဆိုင်မှုထက် မရိုးသားသည့်နည်းလမ်းဖြင့် ကျော်လွန်နေပါက

သူခိုးဟု ခေါ်ဆိုနိုင်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြင့်မောင်က စိန်ခေါ်ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်က ထားဝယ်မြို့တော်ခန်းမတွင်ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တာဝန်ယူစဉ်ကာလမှာ ကျွန်တော်တို့တင်ထားတဲ့ ပိုင်ဆိုင်မှုထက်ကျော်ပြီးတော့ မရိုးမသားတဲ့ နည်းလမ်းတွေနဲ့ ရယူပြီးတော့

ပိုင်ဆိုင်ထားတဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာရှိရင် ကျွန်တော်တို့ကို စုံစမ်းပေးပါ။ ဖော်ထုတ်ပေးပါ။

စုံစမ်းနိုင်ပါတယ်။ မရိုးမသားတဲ့ နည်းတွေနဲ့ ရယူပြီးတော့ ပိုင်ဆိုင်ထားတာရှိရင် ကျွန်တော်တို့လည်း Challenge (စိန်ခေါ်) လုပ်ပါမယ်။

မီဒီယာတွေ စာလုံးအမည်းကြီးနဲ့ သူခိုးလို့ခေါ်နိုင်ပါတယ် ကျွန်တော်တို့ကို” ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောဆိုခဲ့သည်။

အစိုးရဖြစ်ပြီး ဆင်းသွားချိန်တွင် မူလပိုင်ဆိုင်မှုထက် ကျော်လွန်နေပါက သူခိုးဟု ခေါ်နိုင်ကြောင်း ဝန်ကြီးချုပ်ဟောင်းဦးနုပြောဆိုခဲ့ဖူးသည့်စကားကို ဥပမာပေးကာ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်အားလုံးသည် မိမိတို့၏ ပိုင်ဆိုင်မှုနှင့်

မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကို ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ်ဘဝက ပါတီသို့ တင်ပြထားပြီးဖြစ်ကြောင်း ဦးမြင့်မောင်က ဆိုသည်။

ပါတီသို့ တင်ပြထားသည့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သွားရောက်စိစစ်နိုင်သည်ဟုဝန်ကြီးချုပ်ဦးမြင့်မောင်ကဆိုသည်။

Credit-Dakkhina Insight


(Zawgyi)


မူလပိုင္ဆိုင္မႈထက္ ေက်ာ္လြန္ေနပါက သူခိုးဟု ေခၚႏိုင္ေၾကာင္း တနသၤာရီဝန္ႀကီးခ်ဳပ္စိန္ေခၚ

ဇူလိုင္ ၂၁၊ ၂၀၂၀

တနသၤာရီတိုင္းအစိုးရအဖြဲ႕အျဖစ္ တာဝန္ယူေနစဥ္ကာလအတြင္း မူလပိုင္ဆိုင္မႈထက္ မ႐ိုးသားသည့္နည္းလမ္းျဖင့္ ေက်ာ္လြန္ေနပါက

သူခိုးဟု ေခၚဆိုႏိုင္ေၾကာင္း တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ဦးျမင့္ေမာင္က စိန္ေခၚေျပာဆိုသည္။

ဇူလိုင္လ ၂၁ ရက္က ထားဝယ္ၿမိဳ႕ေတာ္ခန္းမတြင္ျပဳလုပ္သည့္ တိုင္းအစိုးရအဖြဲ႕၏ တစ္ႏွစ္တာသတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ တာဝန္ယူစဥ္ကာလမွာ ကြၽန္ေတာ္တို႔တင္ထားတဲ့ ပိုင္ဆိုင္မႈထက္ေက်ာ္ၿပီးေတာ့ မ႐ိုးမသားတဲ့ နည္းလမ္းေတြနဲ႔ ရယူၿပီးေတာ့

ပိုင္ဆိုင္ထားတဲ့ အေထာက္အထားေတြ ခိုင္ခိုင္မာမာရွိရင္ ကြၽန္ေတာ္တို႔ကို စုံစမ္းေပးပါ။ ေဖာ္ထုတ္ေပးပါ။

စုံစမ္းႏိုင္ပါတယ္။ မ႐ိုးမသားတဲ့ နည္းေတြနဲ႔ ရယူၿပီးေတာ့ ပိုင္ဆိုင္ထားတာရွိရင္ ကြၽန္ေတာ္တို႔လည္း Challenge (စိန္ေခၚ) လုပ္ပါမယ္။

မီဒီယာေတြ စာလုံးအမည္းႀကီးနဲ႔ သူခိုးလို႔ေခၚႏိုင္ပါတယ္ ကြၽန္ေတာ္တို႔ကို” ဟု ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္က ေျပာဆိုခဲ့သည္။

အစိုးရျဖစ္ၿပီး ဆင္းသြားခ်ိန္တြင္ မူလပိုင္ဆိုင္မႈထက္ ေက်ာ္လြန္ေနပါက သူခိုးဟု ေခၚႏိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ေဟာင္းဦးႏုေျပာဆိုခဲ့ဖူးသည့္စကားကို ဥပမာေပးကာ ယင္းသို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရလက္ထက္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္အားလုံးသည္ မိမိတို႔၏ ပိုင္ဆိုင္မႈႏွင့္

မိသားစုဝင္မ်ား၏ ပိုင္ဆိုင္မႈမ်ားကို ေ႐ြးေကာက္ပြဲအႏိုင္ရၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ဘဝက ပါတီသို႔ တင္ျပထားၿပီးျဖစ္ေၾကာင္း ဦးျမင့္ေမာင္က ဆိုသည္။

ပါတီသို႔ တင္ျပထားသည့္ ၎တို႔၏ ပိုင္ဆိုင္မႈမ်ားကို သြားေရာက္စိစစ္ႏိုင္သည္ဟုဝန္ႀကီးခ်ဳပ္ဦးျမင့္ေမာင္ကဆိုသည္။

Credit-Dakkhina Insight

Post a Comment

Previous Post Next Post