(Unicode)

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်အချို့နှင့် မြို့အနောက်ဘက်ရှိကျေးရွာများရေဝင်ရောက်‌ကာ ပြောင်းရွေ့နေထိုင်နေရပြီး (၄၈)နာရီအတွင်းမှာလည်း ဧရာဝတီမြစ်ရေက စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ဧရာဝတီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က (၁၁၅၀) စင်တီမီတာဖြစ်ပြီး ဒီကနေ့ မွန်းလွဲ (၁၂)နာရီအချိန်တိုင်းတာချက်အရ (၁၁၄၁) စင်တီမီတာ ရောက်ရှိနေပြီဖြစ်လို့ စိုးရိမ်ရေမှတ်ရောက်ရှိရန် (၉)စင်တီမီတာသာ လိုတော့တာပါ။



မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းချက်ကလည်း နောက် (၄၈)နာရီအတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိကျော်လွန်နိုင်တယ်လို့ ုထုတ်ပြန်ထားပါတယ်။ နေပြည်တော်ရုံးချုပ်ခန့်မှန်းတာကလည်း နောက်၄၈နာရီအတွင်းစိုးရိမ်ရေအမှတ်ကိုရောက်ရှိကျော်လွန် နိုင်တယ်လို့ထုတ်ပြန်ထားတယ်။ အထက်စခန်းတွေကိုပြန်‌ကြည့်တော့ မြစ်ကြီးနား၊‌‌ ရွှေဘို၊ကသာ တွေမှာရေပြန်ကျလာပြီး သပိတ်ကျင်း၊မန္တလေး၊စစ်ကိုင်း၊မြင်းမူက တော့ရေနည်းနည်းကတန့်နေတဲ့အခြေအနေရှိပါတယ်။တစ်ပတ်အတွင်းစစ်ကိုင်းမြို့ရဲ့စိုးရိမ်ရေအမှတ်ကိုရောက်နိုင်ပါတယ်”ဟု စစ်ကိုင်းခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဦးစီးမှုး ဦးကိုကိုနိုင်ကပြောပါတယ်။



ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်း မြို့ပေါ်ရပ်ကွက်တွေမှာ ရေဝင်ရောက်မှုတွေရှိနေသလို မြေနိမ့်ပိုင်းကရပ်ကွက်က ကျေးရွာတွေမှာ ရေဝင်နစ်မြုပ်မှုတွေရှိနေတာကြောင့် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းမင်းကွန်းကားလမ်း ဆွမ်းဦးပုညရှင်ရေစက်အနီးမှာလည်း ဒီကနေ့ ဇူလိုင် ၂၇နေ့က ရေကျော်မှုဖြစ်ပွားခဲ့ပါတယ်။စစ်ကိုင်းတိုင်းအတွင်း မနှစ်က ရေကြီးချိန်မှာ ရေနဲ့အတူ မြောပါလာတဲ့ အဆိပ်ရှိသတ္တဝါတော်တော်များများတွေ့ရတာကြောင့် ဒီနှစ်မှာလည်း ပြည်သူတွေအနေနဲ့ ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား မကြုံရသေးပေမယ့် ရေဘေးနဲ့ ဆက်နွယ်တဲ့ ရောဂါပိုးမွှားအန္တရာယ်ကို သတိပြုဖို့လိုတယ်လို့လည်း အသိပေးပြောကြားထားပါတယ်။

Credit Duwun



(Zawgyi)



ဧရာဝတီျမစ္ေရျမင့္တက္လာမႈေၾကာင့္ စစ္ကိုင္းၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕ႏွင့္ ၿမိဳ႕အေနာက္ဘက္ရွိေက်း႐ြာမ်ားေရဝင္ေရာက္‌ကာ ေျပာင္းေ႐ြ႕ေနထိုင္ေနရၿပီး (၄၈)နာရီအတြင္းမွာလည္း ဧရာဝတီျမစ္ေရက စိုးရိမ္ေရမွတ္ကို ေရာက္ရွိလာႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။ဧရာဝတီျမစ္ေရရဲ႕ စိုးရိမ္ေရမွတ္က (၁၁၅၀) စင္တီမီတာျဖစ္ၿပီး ဒီကေန႔ မြန္းလြဲ (၁၂)နာရီအခ်ိန္တိုင္းတာခ်က္အရ (၁၁၄၁) စင္တီမီတာ ေရာက္ရွိေနၿပီျဖစ္လို႔ စိုးရိမ္ေရမွတ္ေရာက္ရွိရန္ (၉)စင္တီမီတာသာ လိုေတာ့တာပါ။

                       
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနရဲ႕ ခန႔္မွန္းခ်က္ကလည္း ေနာက္ (၄၈)နာရီအတြင္းမွာ စိုးရိမ္ေရမွတ္ကို ေရာက္ရွိေက်ာ္လြန္ႏိုင္တယ္လို႔ ုထုတ္ျပန္ထားပါတယ္။ ေနျပည္ေတာ္႐ုံးခ်ဳပ္ခန႔္မွန္းတာကလည္း ေနာက္၄၈နာရီအတြင္းစိုးရိမ္ေရအမွတ္ကိုေရာက္ရွိေက်ာ္လြန္ ႏိုင္တယ္လို႔ထုတ္ျပန္ထားတယ္။ အထက္စခန္းေတြကိုျပန္‌ၾကည့္ေတာ့ ျမစ္ႀကီးနား၊‌‌ ေ႐ႊဘို၊ကသာ ေတြမွာေရျပန္က်လာၿပီး သပိတ္က်င္း၊မႏၲေလး၊စစ္ကိုင္း၊ျမင္းမူက ေတာ့ေရနည္းနည္းကတန႔္ေနတဲ့အေျခအေနရွိပါတယ္။တစ္ပတ္အတြင္းစစ္ကိုင္းၿမိဳ႕ရဲ႕စိုးရိမ္ေရအမွတ္ကိုေရာက္ႏိုင္ပါတယ္”ဟု စစ္ကိုင္းခ႐ိုင္မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနဦးစီးမႈး ဦးကိုကိုႏိုင္ကေျပာပါတယ္။



ဧရာဝတီျမစ္ေရ ျမင့္တက္မႈေၾကာင့္ စစ္ကိုင္း ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ ေရဝင္ေရာက္မႈေတြရွိေနသလို ေျမနိမ့္ပိုင္းကရပ္ကြက္က ေက်း႐ြာေတြမွာ ေရဝင္နစ္ျမဳပ္မႈေတြရွိေနတာေၾကာင့္ ေရေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရပါတယ္။ ဧရာဝတီျမစ္ေရျမင့္တက္လာမႈေၾကာင့္ စစ္ကိုင္းမင္းကြန္းကားလမ္း ဆြမ္းဦးပုညရွင္ေရစက္အနီးမွာလည္း ဒီကေန႔ ဇူလိုင္ ၂၇ေန႔က ေရေက်ာ္မႈျဖစ္ပြားခဲ့ပါတယ္။စစ္ကိုင္းတိုင္းအတြင္း မႏွစ္က ေရႀကီးခ်ိန္မွာ ေရနဲ႔အတူ ေျမာပါလာတဲ့ အဆိပ္ရွိသတၱဝါေတာ္ေတာ္မ်ားမ်ားေတြ႕ရတာေၾကာင့္ ဒီႏွစ္မွာလည္း ျပည္သူေတြအေနနဲ႔ ေရေဘးဒဏ္ကို ဆိုးဆိုး႐ြား႐ြား မႀကဳံရေသးေပမယ့္ ေရေဘးနဲ႔ ဆက္ႏြယ္တဲ့ ေရာဂါပိုးမႊားအႏၲရာယ္ကို သတိျပဳဖို႔လိုတယ္လို႔လည္း အသိေပးေျပာၾကားထားပါတယ္။

Credit Duwun

Post a Comment

Previous Post Next Post