(Unicode)


ထိုင်ဝမ်မှာ ကားတစ်စီးနှင့် အသက်32နှစ်အရွယ်အမျိုးသမီးမောင်းနှင်လာခဲ့သောဆိုင်ကယ်တို့ဟာ ယာဉ်တိုက်မှုဖြစ်ရင်းကနေ အဆိုပါအမျိုးသမီးဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိပြီး ဆိုးဝါးလွန်းတဲ့အခြေအနေသို့ရောက်ရှိသွားခဲ့ရပါတယ် ။ သူမဟာ သေရေးရှင်ရေးအခြေအနေသို့ရောက်ရှိသွားခဲ့တဲ့အတွက် သူမကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြပါတယ် ။ သူမဆေးရုံသို့ရောက်ရှိခဲ့ချိန်မှာတော့ Lin အမည်ရှိတဲ့သူမရဲ့ချစ်သူကောင်လေးက သူမ၏အသက်ကိုကယ်တင်နိုင်ဖို့အလားအလာနည်းသွားပြီဆိုတာကို လက်ခံခဲ့ပြီးသားဖြစ်ပါတယ် ။



သို့ပေမဲ့လည်း မိသားစုဝင်များနှင့် ချစ်သူကောင်လေးတို့ကတော့မကယ်တင်နိုင်တော့မှန်းသိပေမဲ့လည်း မျှော်လင့်နေမိတုန်းပါပဲ ။ Lin ကတော့ သူ၏အိမ်မက်ထဲကအတိုင်း ချစ်သူကိုသာလက်ထပ်ချင်ခဲ့တဲ့အတွက် ချစ်သူမိန်းကလေး၏အခြေအနေက မည်သို့ဖြစ်မလဲဆိုတာကိုကြိုတင်မသိရှိသေးပေမဲ့လည်း လက်ထပ်လက်စွပ်ကို ကြိုတင်ဝယ်ယူခဲ့ပါတယ် ။ ဝမ်းနည်းစွာနဲ့ပဲ သူမရရှိခဲ့ဒဏ်ရာများဟာပြင်းထန်လွန်းခဲ့တဲ့အတွက် ဆေးရုံရောက်ရှိပြီး 3ရက်အကြာမှတော့ သေဆုံးသွားခဲ့ရပါတယ် ။



သို့သော်လည်း သူမ၏ကိုယ်အင်္ဂါ 12မျိုးလုံးကို လှူဒါန်းပစ်လိုက်ဖို့သူမ၏မိသားစုများက ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ။ လှူ ဒါန်းမည့် ကိုယ်အင်္ဂါထဲမှာတော့ သူမ၏နှလုံး ၊ အသည်း ၊ မျက်ကြည်လွှာ ၊ အရေပြား နှင့် သွေးကြောများ ပါဝင်ခဲ့ကြောင်းသိရှိရပါတယ် ။သူမ၏မိခင်မှာတော့ ဝမ်းနည်းမျက်ရည်များစွာနဲ့ ” သူမကသေသွားပြီဆိုရင် ဒီလောက ကနေထွက်သွားရမှာပဲလေ ၊ ဒီရဲ့အခွင့်အရေးက လူတွေအများကြီးကိုကယ်တင်နိုင်တယ် ၊ လိုအပ်နေတဲ့လူတွေနားကို ကိုယ်အင်္ဂါတွေရောက်ရှိသွားမယ် ၊ ပြီးတော့ လူအများစုကလည်း သူမရဲ့ကိုယ်အင်္ဂါကိုချစ်မြတ်နိုးကြမှာပဲလေ ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။



သမီးဖြစ်သူရဲ့ ကိုယ်အင်္ဂါတွေကိုမထုတ်ယူခင်မှာ မိသားစုဝင်များက သူမရဲ့ချစ်သူကောင်လေးကို နောက်ဆုံးအကြိမ်နှုတ်ဆတ်ဖို့အခွင့်အရေး ပေးခဲ့ကြပါတယ် ။ Lin ကလည်း ကုတင်ပေါ်မှာလှဲလှောင်းနေတဲ့သူ၏သတို့သမီးလေးနဲ့ ဆင်တူဖြစ်အောင်အနီရောင် ရှပ်အင်္ကျီကိုဝတ်ဆင်ခဲ့ပြီး လက်ထပ်လက်စွပ်ကို လဲဝတ်ပေးခဲ့ပါတယ် ။ သတို့သမီးကိုလက်စွပ်ဝတ်ပေးရင်းနဲ့ ” ငါတို့နောက်ဆုံးတော့ လက်ထပ်ဖြစ်သွားပြီ ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။အဆိုပါ နေရာလေးမှာရှိနေခဲ့ကြတဲ့ ဆွေးမျိုးတွေနဲ့ သူငယ်ချင်းများက အဆိုပါအဖြစ်အပျက်ကိုမြင်တွေ့ခဲ့ပြီးနောက်မှာတော့ အတော်လေးကိုဝမ်းနည်းပူဆွေးသွားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)


(Zawgyi)


ထိုင္ဝမ္မွာ ကားတစ္စီးႏွင့္ အသက္32ႏွစ္အ႐ြယ္အမ်ိဳးသမီးေမာင္းႏွင္လာခဲ့ေသာဆိုင္ကယ္တို႔ဟာ ယာဥ္တိုက္မႈျဖစ္ရင္းကေန အဆိုပါအမ်ိဳးသမီးဟာ ျပင္းျပင္းထန္ထန္ဒဏ္ရာရရွိၿပီး ဆိုးဝါးလြန္းတဲ့အေျခအေနသို႔ေရာက္ရွိသြားခဲ့ရပါတယ္ ။ သူမဟာ ေသေရးရွင္ေရးအေျခအေနသို႔ေရာက္ရွိသြားခဲ့တဲ့အတြက္ သူမကိုေဆး႐ုံသို႔အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ၾကပါတယ္ ။ သူမေဆး႐ုံသို႔ေရာက္ရွိခဲ့ခ်ိန္မွာေတာ့ Lin အမည္ရွိတဲ့သူမရဲ႕ခ်စ္သူေကာင္ေလးက သူမ၏အသက္ကိုကယ္တင္ႏိုင္ဖို႔အလားအလာနည္းသြားၿပီဆိုတာကို လက္ခံခဲ့ၿပီးသားျဖစ္ပါတယ္ ။



သို႔ေပမဲ့လည္း မိသားစုဝင္မ်ားႏွင့္ ခ်စ္သူေကာင္ေလးတို႔ကေတာ့မကယ္တင္ႏိုင္ေတာ့မွန္းသိေပမဲ့လည္း ေမွ်ာ္လင့္ေနမိတုန္းပါပဲ ။ Lin ကေတာ့ သူ၏အိမ္မက္ထဲကအတိုင္း ခ်စ္သူကိုသာလက္ထပ္ခ်င္ခဲ့တဲ့အတြက္ ခ်စ္သူမိန္းကေလး၏အေျခအေနက မည္သို႔ျဖစ္မလဲဆိုတာကိုႀကိဳတင္မသိရွိေသးေပမဲ့လည္း လက္ထပ္လက္စြပ္ကို ႀကိဳတင္ဝယ္ယူခဲ့ပါတယ္ ။ ဝမ္းနည္းစြာနဲ႔ပဲ သူမရရွိခဲ့ဒဏ္ရာမ်ားဟာျပင္းထန္လြန္းခဲ့တဲ့အတြက္ ေဆး႐ုံေရာက္ရွိၿပီး 3ရက္အၾကာမွေတာ့ ေသဆုံးသြားခဲ့ရပါတယ္ ။



သို႔ေသာ္လည္း သူမ၏ကိုယ္အဂၤါ 12မ်ိဳးလံုးကို လႉဒါန္းပစ္လိုက္ဖို႔သူမ၏မိသားစုမ်ားက ဆံုးျဖတ္ခ်က္ခ်ခဲ့ၾကပါတယ္ ။ လွဴ ဒါန္းမည့္ ကိုယ္အဂၤါထဲမွာေတာ့ သူမ၏ႏွလံုး ၊ အသည္း ၊ မ်က္ၾကည္လႊာ ၊ အေရျပား ႏွင့္ ေသြးေၾကာမ်ား ပါဝင္ခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။သူမ၏မိခင္မွာေတာ့ ဝမ္းနည္းမ်က္ရည္မ်ားစြာနဲ႔ ” သူမကေသသြားၿပီဆိုရင္ ဒီေလာက ကေနထြက္သြားရမွာပဲေလ ၊ ဒီရဲ႕အခြင့္အေရးက လူေတြအမ်ားႀကီးကိုကယ္တင္ႏိုင္တယ္ ၊ လိုအပ္ေနတဲ့လူေတြနားကို ကိုယ္အဂၤါေတြေရာက္႐ွိသြားမယ္ ၊ ၿပီးေတာ့ လူအမ်ားစုကလည္း သူမရဲ႕ကိုယ္အဂၤါကိုခ်စ္ျမတ္ႏိုးၾကမွာပဲေလ ” ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္ ။



သမီးျဖစ္သူရဲ႕ ကိုယ္အဂၤါေတြကိုမထုတ္ယူခင္မွာ မိသားစုဝင္မ်ားက သူမရဲ႕ခ်စ္သူေကာင္ေလးကို ေနာက္ဆံုးအႀကိမ္ႏႈတ္ဆတ္ဖို႔အခြင့္အေရး ေပးခဲ့ၾကပါတယ္ ။ Lin ကလည္း ကုတင္ေပၚမွာလွဲေလွာင္းေနတဲ့သူ၏သတို႔သမီးေလးနဲ႔ ဆင္တူျဖစ္ေအာင္အနီေရာင္ ႐ွပ္အက်ႌကိုဝတ္ဆင္ခဲ့ၿပီး လက္ထပ္လက္စြပ္ကို လဲဝတ္ေပးခဲ့ပါတယ္ ။ သတို႔သမီးကိုလက္စြပ္ဝတ္ေပးရင္းနဲ႔ ” ငါတို႔ေနာက္ဆံုးေတာ့ လက္ထပ္ျဖစ္သြားၿပီ ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။အဆိုပါ ေနရာေလးမွာ႐ွိေနခဲ့ၾကတဲ့ ေဆြးမ်ိဳးေတြနဲ႔ သူငယ္ခ်င္းမ်ားက အဆိုပါအျဖစ္အပ်က္ကိုျမင္ေတြ႔ခဲ့ၿပီးေနာက္မွာေတာ့ အေတာ္ေလးကိုဝမ္းနည္းပူေဆြးသြားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Post a Comment

Previous Post Next Post