(Zawgyi)
















(Unicode)


အသက် ၉၂ နှစ်ရှိတာတောင် လမ်းတကာပတ် ဖိနပ်ရောင်းစားနေတဲ့ အဖွား ရဲ့ သာဓုခေါ်ဖွယ်လုပ်ရပ်လေးကို ပြန်လည်မျှဝေလိုက်တယ်နော်..



ကိုယ့်ဘာသာ ရှာဖွေစားသောက်နေရရှာတဲ့ အဖိုးအဖွားတွေ ရှိပါတယ်….ဒီလို အဖိုးအဖွားတွေထဲမှာမှလမ်းတကာပတ်ပြီး ဖိနပ်လှည့်ရောင်းစားနေတဲ့ အသက် ၉၂ နှစ် အရွယ် လေးစား၊ အတုယူ၊သာဓုခေါ်ဖို့ကောင်းတဲ့ အဖွားတစ်ယောက်အကြောင်း ဖော်ပြပေးလိုက်ပါတယ်…



“အသက် ၉၂ နှစ် အရွယ်ရောက်နေတာတောင် လမ်းတကာပတ်ပြီး ဖိနပ်လှည့်ရောင်းစားနေတာတဲ့ (စိတ်မကောင်းလိုက်တာ အဖွားရယ်..)…လမ်းမပေါ်ဖိနပ်လည်ရောင်းနေတဲ့အသက် ၉၂ အမေကြီးသမီးတစ်ယောက်နဲ့အတူနေပြီး စားဖို့ရာတော့မပူရဘူး… ဖိနပ်ရောင်းရတာကိုတော့ လှုပါတယ်လို့ပြောပါတယ်။..ဒါကြောင့်အမေကြီးကိုငါးသောင်းကျပ်ကူညီခဲ့ပါတယ်။အမေကြီးသွားလိုရာကိုကားနဲ့လိုက်ပို့ပေးခဲ့ပါတယ်။ကိုသန့်ဇင်ထွန်း+မခင်သက်ထားမိသားစုမှလှုဒါန်းပါသည်…


သာဓုသာဓုသာဓု ပါ ကုသိုလ်ရှင်အပေါင်းတို့၏ ကုသိုလ်အစုစုတို့သည်ဆင်းရဲကင်းရာ နိဗ္ဗာန်အထောက်အပံ့ဖြစ်ရပါလို၏..အမေကြီးကိုလှူတော့ အံ့သြပုံစံလေးနဲ့ သီလကြောင့်အသက်ရှည် ဒါနနဲတော့ စားဝတ်နေရေးခက်ခဲ… လူဘဝအဖုံဖုံ သံသရာခရီးသွား ဧည့်သည်များ အပြန်အတွက် ဘာအထုပ်ထုပ်ကြမလဲ..စဉ်းစားကွယ်..


ONE TO ONE ကလေးလူနာကူညီရေးကိုဝမ်း (စိုင်းနေမျိုးမောင်မောင်)…09765765179 ၊ မန္တလေးမြို့” ဒါကြောင့် စိတ်ထားကောင်းတဲ့ ပရိသတ်ကြီးတို့လည်းအဖွားရဲ့ ဒုက္ခကို ကူညီချင်တယ်ဆိုရင်ဝိုင်းဝန်းလှူဒါန်းလိုက်ကြပါနော်.



Post a Comment

Previous Post Next Post