(Zawgyi)

ရန္ကုန္ အေနာက္ျခမ္းႏွင့္ ေမာ္လၿမိဳင္ တြင္ စီးပြားေရး ဇုန္ စီမံကိန္း ႀကီး (၂) ခုကို မၾကာ ခင္ မိတ္ ဆက္ မည္ဟု အ တိုင္ပ င္ခံ ပုဂၢိဳလ္ ေျပာျပီ

ရန္ကုန္ ၿမိဳ႕အေနာက္ျခမ္းႏွင့္ ေမာ္လၿမိဳင္ တြင္ စီးပြားေရး ဇုန္ စီမံကိန္းႀကီးႏွစ္ခု ကို မၾကာခင္စတင္ မိတ္ဆက္ေတာ့မည္ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာ သည္။



ဇူလိုင္ ၂၉ ရက္ က ဗီဒီယို ကြန္ဖရင့္ျဖင့္ က်င္းပသည့္ ‘Myanmar-Japan Investment Dialogue’ တြင္ အတိုင္ပင္ခံ ပုဂၢိဳလ္ က ဗီဒီယိုျဖင့္ သတင္းစကား ေျပာစဥ္ ထည့္သြင္းေျပာၾကားခဲ့ ျခင္းျဖစ္ သည္။


‘‘သီလဝါရဲ႕ေအာင္ျမင္ မႈ အေပၚမွာ ဆက္လက္တည္ေဆာက္ရင္းနဲ႔ ကြၽန္မတို႔ အလုပ္အကိုင္ အခြင့္အလမ္းအမ်ားႀကီး ဖန္တီးနုိင္မယ့္ အဓိကစီမံကိန္းႏွစ္ခုကို မၾကာခင္ ေၾကညာရပါလိမ့္မယ္။ ဒါကေတာ့ ရန္ကုန္ အေနာက္ဘက္ကမ္းက စက္မႈဆိပ္ကမ္း စီမံကိန္းအသစ္ နဲ႔ မြန္ျပည္နယ္က စီးပြားေရးဇုန္ စီမံကိန္း အသစ္ ျဖစ္ ပါတယ္ ။ မၾကာခင္မွာ အေသးစိတ္ ထပ္ေၾကညာမွာပါ ’’ ဟု ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာ သည္။

လက္ရွိ တြင္ Swiss Challenge ေခၚယူ သည့္ လုပ္ငန္းစဥ္ ေဆာင္႐ြက္ေန သည္ဟု အတိုင္ပင္ခံပုဂၢိဳလ္က ေျပာသည္ ။ ျမန္မာႏိုင္ငံ တြင္ ၂၀၁၆ ဧၿပီ က စတင္ၿပီး ဂ်ပန္ စီးပြားေရးလုပ္ငန္း ၃၄ ခုကို ခြင့္ျပဳေပးခဲ့ၿပီး ထိုလုပ္ငန္းမ်ားက အလုပ္အကိုင္ ေျခာက္သိန္းခြဲေက်ာ္ကို ဖန္တီး ႏိုင္ခဲ့သည္ ဟုေျပာ သည္ ။




အရည္အေသြး ျပည့္ဝ သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမရွိပါဘဲ အလုပ္အကိုင္ေကာင္းမ်ား ဖန္တီးႏိုင္ မည္ မဟုတ္သည္ကို နားလည္ထားေၾကာင္း၊ အရည္အေသြးျပည့္ဝ သည့္ ရင္းႏွွီးျမႇဳပ္ႏွံမႈမ်ားကသာ အရည္အေသြးျမင့္ အလုပ္ အကိုင္မ်ား ဖန္တီးေပးႏိုင္ၿပီး အဆင့္ အတန္းမီ လစာရရွိေစမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံက ေဆာင္႐ြက္ေနသည့္ ေရရွည္ ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံခ်က္ (MSDP) ၏ အဓိကေသာ့ခ်က္ သည္ အရည္အေသြးျမင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း ပင္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ေျပာ သည္ ။

ဂ်ပန္ႏိုင္ငံက ရင္းႏွီး ျမႇဳပ္ႏွံ ေနသည့္ သီလဝါ အထူးစီးပြားေရး ဇုန္ကဲ့ သို႔ ေအာင္ျမင္မႈမ်ားရရန္ ထိုစီမံကိန္းႏွစ္ခုကို လုပ္ေဆာင္ရန္ ရည္႐ြယ္ျခင္းျဖစ္သည္ဟု ၎က ဆိုသည္။ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္ဆံေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္း ကလည္း ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းကို Swiss Challenge ေခၚေတာ့မည္ ဟု ေျပာ သည္။

ရန္ကုန္ၿမိဳ႕ အေနာက္ ဘက္ ျခမ္း တြင္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ တစ္ခု ကို အေကာင္အထည္ေဖာ္ သြားမည္ဟုဆိုသည္။ ထို႔ေနာက္ ျမန္မာႏိုင္ငံကို မဟာ မဲေခါင္ေဒသ အေရွ႕အေနာက္ စီးပြားေရးျစကႍကိုခ်ိတ္ ဆက္မည္ျဖစ္ၿပီး ထို အတြက္ မြန္ျပည္နယ္အေနာက္ ကမ္း႐ိုးတစ္ေလွ်ာက္ တြင္ အထူးစီးပြားေရးဇုန္ မ်ားကို ဖိတ္ေခၚသြား မည္ ဟု ဝန္ႀကီးက ေျပာ သည္။



အဆိုပါေဆြးေႏြး ပြဲ ကို ဂ်ပန္ ျပည္ပ ကုန္သြယ္ေရး အဖြဲ႕ (JETRO) က ဦးေဆာင္က်င္းပၿပီး ျမန္ မာႏိုင္ငံဘက္က ျပည္ေထာင္စု ဝန္ႀကီးဦးေသာင္းထြန္း၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီး ဌာန ဒုတိယ ဝန္ႀကီး ဦးဆက္ေအာင္ႏွင့္ ကုန္သည္စက္မႈ အသင္းခ်ဳပ္ ဥကၠ႒ႏွင့္ စီးပြားေရးလုပ္ငန္းရွင္ ၈၀၀ ေက်ာ္ တက္ေရာက္ခဲ့သည္။


ထို ေဆြးေႏြးပြဲ ကို COVID-19 ကပ္ ေရာဂါ အလြန္ ကာလ တြင္ စီးပြားေရး လုပ္ငန္းမ်ား ျပန္လည္ ထူေထာင္ႏိုင္ရန္ ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ ဆိုင္ရာ အခြင့္ အလမ္း သစ္မ်ား ေဖာ္ေဆာင္ႏိုင္ရန္ႏွင့္ ျမန္မာ – ဂ်ပန္ စီးပြားေရး ပူးေပါင္းေဆာင္ ႐ြက္မႈ ပိုမို ခိုင္မာေစရန္ ရည္႐ြယ္ ၍ က်င္းပျခင္း ျဖစ္ သည္ ။

ထြန္းထြန္းမင္း


(Unicode)


ရန်ကုန် အနောက်ခြမ်းနှင့် မော်လမြိုင် တွင် စီးပွားရေး ဇုန် စီမံကိန်း ကြီး (၂) ခုကို မကြာ ခင် မိတ် ဆက် မည်ဟု အ တိုင်ပ င်ခံ ပုဂ္ဂိုလ် ပြောပြီ

ရန်ကုန် မြို့အနောက်ခြမ်းနှင့် မော်လမြိုင် တွင် စီးပွားရေး ဇုန် စီမံကိန်းကြီးနှစ်ခု ကို မကြာခင်စတင် မိတ်ဆက်တော့မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။


ဇူလိုင် ၂၉ ရက် က ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည့် ‘Myanmar-Japan Investment Dialogue’ တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် က ဗီဒီယိုဖြင့် သတင်းစကား ပြောစဉ် ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ် သည်။


‘‘သီလဝါရဲ့အောင်မြင် မှု အပေါ်မှာ ဆက်လက်တည်ဆောက်ရင်းနဲ့ ကျွန်မတို့ အလုပ်အကိုင် အခွင့်အလမ်းအများကြီး ဖန်တီးနိုင်မယ့် အဓိကစီမံကိန်းနှစ်ခုကို မကြာခင် ကြေညာရပါလိမ့်မယ်။ ဒါကတော့ ရန်ကုန် အနောက်ဘက်ကမ်းက စက်မှုဆိပ်ကမ်း စီမံကိန်းအသစ် နဲ့ မွန်ပြည်နယ်က စီးပွားရေးဇုန် စီမံကိန်း အသစ် ဖြစ် ပါတယ် ။ မကြာခင်မှာ အသေးစိတ် ထပ်ကြေညာမှာပါ ’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။

လက်ရှိ တွင် Swiss Challenge ခေါ်ယူ သည့် လုပ်ငန်းစဉ် ဆောင်ရွက်နေ သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည် ။ မြန်မာနိုင်ငံ တွင် ၂၀၁၆ ဧပြီ က စတင်ပြီး ဂျပန် စီးပွားရေးလုပ်ငန်း ၃၄ ခုကို ခွင့်ပြုပေးခဲ့ပြီး ထိုလုပ်ငန်းများက အလုပ်အကိုင် ခြောက်သိန်းခွဲကျော်ကို ဖန်တီး နိုင်ခဲ့သည် ဟုပြော သည် ။


အရည်အသွေး ပြည့်ဝ သည့် ရင်းနှီးမြှုပ်နှံမှုမရှိပါဘဲ အလုပ်အကိုင်ကောင်းများ ဖန်တီးနိုင် မည် မဟုတ်သည်ကို နားလည်ထားကြောင်း၊ အရည်အသွေးပြည့်ဝ သည့် ရင်းနှီးမြှုပ်နှံမှုများကသာ အရည်အသွေးမြင့် အလုပ် အကိုင်များ ဖန်တီးပေးနိုင်ပြီး အဆင့် အတန်းမီ လစာရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (MSDP) ၏ အဓိကသော့ချက် သည် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြော သည် ။

ဂျပန်နိုင်ငံက ရင်းနှီး မြှုပ်နှံ နေသည့် သီလဝါ အထူးစီးပွားရေး ဇုန်ကဲ့ သို့ အောင်မြင်မှုများရရန် ထိုစီမံကိန်းနှစ်ခုကို လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကလည်း ရန်ကုန်မြို့သစ် စီမံကိန်းကို Swiss Challenge ခေါ်တော့မည် ဟု ပြော သည်။

ရန်ကုန်မြို့ အနောက် ဘက် ခြမ်း တွင် စက်မှုဥယျာဉ်မြို့တော် တစ်ခု ကို အကောင်အထည်ဖော် သွားမည်ဟုဆိုသည်။ ထို့နောက် မြန်မာနိုင်ငံကို မဟာ မဲခေါင်ဒေသ အရှေ့အနောက် စီးပွားရေးစြင်္ကံကိုချိတ် ဆက်မည်ဖြစ်ပြီး ထို အတွက် မွန်ပြည်နယ်အနောက် ကမ်းရိုးတစ်လျှောက် တွင် အထူးစီးပွားရေးဇုန် များကို ဖိတ်ခေါ်သွား မည် ဟု ဝန်ကြီးက ပြော သည်။


အဆိုပါဆွေးနွေး ပွဲ ကို ဂျပန် ပြည်ပ ကုန်သွယ်ရေး အဖွဲ့ (JETRO) က ဦးဆောင်ကျင်းပပြီး မြန် မာနိုင်ငံဘက်က ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်နှင့် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင် ၈၀၀ ကျော် တက်ရောက်ခဲ့သည်။


ထို ဆွေးနွေးပွဲ ကို COVID-19 ကပ် ရောဂါ အလွန် ကာလ တွင် စီးပွားရေး လုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရန် ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့် အလမ်း သစ်များ ဖော်ဆောင်နိုင်ရန်နှင့် မြန်မာ – ဂျပန် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု ပိုမို ခိုင်မာစေရန် ရည်ရွယ် ၍ ကျင်းပခြင်း ဖြစ် သည် ။

ထွန်းထွန်းမင်း

Post a Comment

Previous Post Next Post