(Unicode)

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ် ကျော်ကျော်ဆန်းကို ပြစ်မှုအတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ခုံးရုံး က၂၀၁၉ အောက်တိုဘာတွင် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး လွိုင်လင်ခရိုင် အရပ်ဘက်တရားရုံးတွင်လည်း အမှုကို ဆက်လက်စစ်ဆေး မည်ဟု သိရသည်။ရိပ်သာ၌ မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရိပ်သာယာဉ်မောင်း ဦးတင်မောင် လတ်မှာမူ ယခုအမှုတွင် တရားစွဲဆိုခံထားရခြင်းမရှိပါ။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ် ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။အသက်မပြည့်သေးသူ မိန်းကလေးငယ်ကို အမျိုးသားများနှင့် အတင်းအကျပ် ပေါင်းသင်းစေမှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၌ အမျိုးသမီးလေးဦးနှင့် အဓမ္ဓပြုကျင့်ခဲ့သူ ဒုတပ်ကြပ်တစ်ဦးကို ဇူလိုင် ၃ တွင် ဖမ်းဆီးလိုက်သည်ဟု မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးစိုးမိုးထွန်းက ပြောသည်။

နမ့်စန်မြို့ရှိ တိန်းချောင်းသဘာဝရိပ်သာ မိဘမဲ့ဂေဟာတွင် နေထိုင်နေသည့် အဆိုပါ မိန်းကလေးငယ်၏ အမှုနှင့်ပတ်သက်၍ ဦးဆောင် ပါဝင်ခဲ့သူ ခမ်းလီသောက်ရေသန့်လုပ်ငန်းပိုင်ရှင် တိန်းချောင်းသဘာဝ ရိပ်သာတာဝန်ခံ ဒေါ်မိုးမိုး၊ ဒေါ်စိုးမိုး (ခ) ဒေါ်မိုးမိုးမြိုင်နှင့် ညီမ ဒေါ်မိုးလှိုင်၊ ၎င်းတို့၏ အလုပ်သမား ဒေါ်သင်းသင်းစောတို့အပြင် အဓမ္မပြုကျင့်သူ အမှတ် ၉၃၁ ထောက်ပို့တပ်မှ ဒုတပ်ကြပ် ကျော်ကျော် ဆန်း တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကာယကံရှင်မိန်းကလေး၏ စစ်ခုံရုံး ထွက်ဆိုချက်မှတ်တမ်းများ၊ ရှေ့နေချုပ်ရုံးနှင့် သမ္မတရုံးအပါအဝင် ဌာနဆိုင်ရာများသို့ တရားလိုဖြစ်သူ နမ့်စန်မြို့ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး၏ တိုင်ကြားစာများအရ မိန်းကလေးငယ် အသက် ၁၁ နှစ်အရွယ် ၂၀၁၆ တွင် ၎င်း၏ အဒေါ်ဖြစ်သူ က တိန်းချောင်းသဘာဝရိပ်သာသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ရိပ်သာသို့ ရောက်ပြီး နှစ်နှစ်ကျော်အကြာ ၂၀၁၈ တွင် ရိပ်သာ၏ ယာဉ် မောင်းဖြစ်သူ အသက် ၆၀ အရွယ် ဦးတင်မောင်လတ်က မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု စတင်ကျူးလွန်ခဲ့သည်ဟု သိရသည်။



ဦးတင်မောင်လတ်၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုကို သိရှိပြီးနောက် ရိပ်သာတာဝန်ခံ ဒေါ်မိုးမိုးက အဆိုပါမိန်းကလေး ရိပ်သာသို့ မရောက် ခင် နေထိုင်ခဲ့ရာ နမ့်စန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဒေါ်စိုးမိုး၏နေအိမ်တွင် အပ်နှံထားခဲ့သည်ဟု ဆိုသည်။ဒေါ်စိုးမိုး၏အိမ်တွင် မိန်းကလေး ငယ် နေထိုင်စဉ် ယင်းအိမ်ရှိ အသက် ၃၀ အရွယ် အလုပ်သမား ကိုဝတုတ်ဆိုသူနှင့် အတူအိပ်ခိုင်းရန် အဆိုပါ အမျိုးသမီးလေးဦးက ကြိုး ပမ်းခဲ့သည်ဟု သိရသည်။

ထိုသို့ကြိုးပမ်းစဉ် အထမမြောက်သဖြင့် ၂၀၁၉ စက်တင်ဘာ ၈ ညပိုင်းတွင် အိမ်ထောင်ရှိသူ ဒုတပ်ကြပ်ကျော်ကျော်ဆန်းနှင့် ထပ်မံစီစဉ်ခဲ့ သည်ဟု ကာယကံရှင် မိန်းကလေးငယ်၏ စစ်ခုံရုံး ထွက်ဆိုချက်မှတ်တမ်းတွင် တွေ့ရသည်။မိန်းကလေးငယ်ကို ထိုသို့အတင်းအကျပ် စီ စဉ်ခိုင်းစေမှုကို ကြားသိရသဖြင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဦးက မိန်းကလေးငယ်ကိုယ်စား တရားလိုပြုလုပ်ကာ ၂၀၁၉ စက်တင်ဘာတွင် နမ့်စန်ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။



နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်ဥပဒေ အထောက်အကူပြုအဖွဲ့များ အပါ အဝင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရှမ်းပြည်နယ်ရဲမှူးရုံးများသို့လည်း တစ်ပြိုင်တည်း စာပေးပို့ တိုင်ကြားခဲ့သည်ဟု သိရသည်။အမှုဖွင့်ပြီး ၉ လခန့်အကြာ၂၀၂၀ ဇွန်လ ရောက်မှသာ သက်ဆိုင်ရာရဲစခန်းက တရားစွဲဆိုတင်နိုင်ခဲ့ကြောင်း ဦးအောင်တင်ဦးက ပြောသည်။

ကာမပွဲစားအဖြစ်ဖြင့် အရွယ်မရောက်သေးသော မိန်းကလေးကို ရှာပေးမှု ရာဇသတ်ကြီးပုဒ်မ ၃၆၆-က နှင့် မုဒိမ်းမှု ပုဒ်မ ၃၇၆ များဖြင့် တိုင်ကြားခဲ့သော်လည်း ကလေးသူငယ်များအခွင့်အရေးကာကွယ်ရေးဥပဒေပုဒ်မ ၁၀၅ (က) (၅) ဖြင့်သာ ရဲတပ်ဖွဲ့က တရားစွဲတင်ခဲ့သည် ဟု ဦးအောင်တင်ဦးက ပြောသည်။သို့သော်လည်း ထိုအမှုကို နမ့်စန်မြို့နယ်တရားရုံး၌ ဇူလိုင် ၃ ရက်က လေးကြိမ်မြောက် စစ်ဆေးခဲ့ပြီး နောက် မိန်းကလေးငယ်၏အမှုကို မုဒိမ်းမှု ပုဒ်မ ၃၇၆ နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် ပြောင်းလဲစစ်ဆေးရန် အမိန့်ချခဲ့သည်။

လက်ရှိတွင် မိန်းကလေးငယ်ကို အတင်းအဓမ္မပေါင်းသင်းစေမှုဖြင့် ဒေါ်စိုးမိုးနှင့် ညီမ ဒေါ်မိုးမိုးလှိုင်၊ ၎င်းတို့၏ အလုပ်သမား ဒေါ်သင်း သင်းစောတို့ သုံးဦးသည် အချုပ်ဖြင့် တရားရင်ဆိုင်နေရပြီး ဂေဟာတာဝန်ခံဟောင်း ဒေါ်မိုးမိုးမှာ “သွက်သွက်ခါအောင်ရူးနေသည်” ဟူသော မှတ်ချက်ဖြင့် အချုပ်လွတ် အမှုရင်ဆိုင်နေသည်ဟု တရားခွင်၌ ဝင်ရောက်နားထောင်ခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။အခုမှပဲ လုပ်ဆောင်ချက် ပြန်ယူတယ်။ ဒါတောင်မှ နိုင်ငံတော်သမ္မတရုံးကို စာက ရောက်သွားပြီးတော့မှ ။

ပြည်ထောင်စုဥပဒေချုပ်ကနေပြီးတော့မှ ပုဒ်မပြောင်းလိုက်ပါ။ ပြောင်းပြီးတော့ ချုပ်စစ် စစ်ပါဆိုလို့ အခုမှ အဲ့ဒီလိုဖြစ်တာ။ စောစောတုန်း ကတော့ ကလေးသူငယ်ဥပဒေနဲ့ပဲ ပြီးသွားသလိုပဲ” ဟု အဆိုပါအမှုတွင် လိုက်ပါကူညီပေးနေသူတစ်ဦးက Myanamr Now ကို ပြောသည် ။မူလက စွဲဆိုထားသည့် ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေပုဒ်မဖြင့် ဆက်လက်စစ်ဆေးခြင်း ရှိမရှိကိုမူ မသိကြောင်း တရာလို ဦးအောင်တင်ဦးက ပြောသည်။

တိန်းချောင်းသဘာဝရိပ်သာသည် နမ့်စန်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး သဘာဝတရားရိပ်သာ (သန်လျင်) ၏ ကျောင်းခွဲဖြစ်သည်။ ၂၀၁၅ တွင် စတင်ဖွင့်လှစ်ခဲ့ကာ အလယ်တန်းအထိ ပညာသင်ကြားနိုင်ပြီး ပညာသင်ကြားနေသည့် ကလေးငယ် ၂၀၀ ကျော်ရှိသည်ဟု သ ဘာဝတရားရိပ်သာကျောင်းများ၏ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။ ခမ်းလီသောက်ရေသန့် လုပ်ငန်းပိုင်ရှင်လည်း ဖြစ်သည့် ဒေါ်မိုးမိုးသည် တိန်းချောင်းသဘာဝရိပ်သာတည်ထောင်ခဲ့သည့် ၂၀၁၅ မှစကာ အမှုမဖြစ်ပွားခင်အထိ ရိပ်သာတာဝန်ခံအဖြစ် ငါး နှစ်ကြာ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ၎င်းကို တာဝန်ခံအဖြစ်မှ ထုတ်ပယ်ထားသည်ဟု ဦးအောင်ကျော်ဦးက ပြောသည်။

REF: KUMUDRA

(Zawgyi)


မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့သည့္ ဒုတပ္ၾကပ္ ေက်ာ္ေက်ာ္ဆန္းကို ျပစ္မႈအတြက္ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ စစ္ခုံး႐ုံး က၂၀၁၉ ေအာက္တိုဘာတြင္ ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခဲ့ၿပီး လြိဳင္လင္ခ႐ိုင္ အရပ္ဘက္တရား႐ုံးတြင္လည္း အမႈကို ဆက္လက္စစ္ေဆး မည္ဟု သိရသည္။ရိပ္သာ၌ မိန္းကေလးငယ္ကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့သည္ဟု စြပ္စြဲခံခဲ့ရသည့္ ရိပ္သာယာဥ္ေမာင္း ဦးတင္ေမာင္ လတ္မွာမူ ယခုအမႈတြင္ တရားစြဲဆိုခံထားရျခင္းမရွိပါ။

ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၇၆ အရ ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္ျဖစ္ေစ၊ ေထာင္ဒဏ္ ၁၀ ႏွစ္ ျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။အသက္မျပည့္ေသးသူ မိန္းကေလးငယ္ကို အမ်ိဳးသားမ်ားႏွင့္ အတင္းအက်ပ္ ေပါင္းသင္းေစမႈျဖင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕၌ အမ်ိဳးသမီးေလးဦးႏွင့္ အဓမၶျပဳက်င့္ခဲ့သူ ဒုတပ္ၾကပ္တစ္ဦးကို ဇူလိုင္ ၃ တြင္ ဖမ္းဆီးလိုက္သည္ဟု ၿမိဳ႕နယ္ရဲစခန္းမႉး ဒုရဲမႉးစိုးမိုးထြန္းက ေျပာသည္။

နမ့္စန္ၿမိဳ႕ရွိ တိန္းေခ်ာင္းသဘာဝရိပ္သာ မိဘမဲ့ေဂဟာတြင္ ေနထိုင္ေနသည့္ အဆိုပါ မိန္းကေလးငယ္၏ အမႈႏွင့္ပတ္သက္၍ ဦးေဆာင္ ပါဝင္ခဲ့သူ ခမ္းလီေသာက္ေရသန႔္လုပ္ငန္းပိုင္ရွင္ တိန္းေခ်ာင္းသဘာဝ ရိပ္သာတာဝန္ခံ ေဒၚမိုးမိုး၊ ေဒၚစိုးမိုး (ခ) ေဒၚမိုးမိုးၿမိဳင္ႏွင့္ ညီမ ေဒၚမိုးလႈိင္၊ ၎တို႔၏ အလုပ္သမား ေဒၚသင္းသင္းေစာတို႔အျပင္ အဓမၼျပဳက်င့္သူ အမွတ္ ၉၃၁ ေထာက္ပို႔တပ္မွ ဒုတပ္ၾကပ္ ေက်ာ္ေက်ာ္ ဆန္း တို႔ကို ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ကာယကံရွင္မိန္းကေလး၏ စစ္ခုံ႐ုံး ထြက္ဆိုခ်က္မွတ္တမ္းမ်ား၊ ေရွ႕ေနခ်ဳပ္႐ုံးႏွင့္ သမၼတ႐ုံးအပါအဝင္ ဌာနဆိုင္ရာမ်ားသို႔ တရားလိုျဖစ္သူ နမ့္စန္ၿမိဳ႕ ရပ္ကြက္ (၁) အုပ္ခ်ဳပ္ေရးမႉး၏ တိုင္ၾကားစာမ်ားအရ မိန္းကေလးငယ္ အသက္ ၁၁ ႏွစ္အ႐ြယ္ ၂၀၁၆ တြင္ ၎၏ အေဒၚျဖစ္သူ က တိန္းေခ်ာင္းသဘာဝရိပ္သာသို႔ ပို႔ေဆာင္ခဲ့သည္ဟု သိရသည္။ရိပ္သာသို႔ ေရာက္ၿပီး ႏွစ္ႏွစ္ေက်ာ္အၾကာ ၂၀၁၈ တြင္ ရိပ္သာ၏ ယာဥ္ ေမာင္းျဖစ္သူ အသက္ ၆၀ အ႐ြယ္ ဦးတင္ေမာင္လတ္က မိန္းကေလးငယ္ကို အဓမၼျပဳက်င့္မႈ စတင္က်ဴးလြန္ခဲ့သည္ဟု သိရသည္။

ဦးတင္ေမာင္လတ္၏ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈကို သိရွိၿပီးေနာက္ ရိပ္သာတာဝန္ခံ ေဒၚမိုးမိုးက အဆိုပါမိန္းကေလး ရိပ္သာသို႔ မေရာက္ ခင္ ေနထိုင္ခဲ့ရာ နမ့္စန္ၿမိဳ႕ အမွတ္ (၁) ရပ္ကြက္ရွိ ေဒၚစိုးမိုး၏ေနအိမ္တြင္ အပ္ႏွံထားခဲ့သည္ဟု ဆိုသည္။ေဒၚစိုးမိုး၏အိမ္တြင္ မိန္းကေလး ငယ္ ေနထိုင္စဥ္ ယင္းအိမ္ရွိ အသက္ ၃၀ အ႐ြယ္ အလုပ္သမား ကိုဝတုတ္ဆိုသူႏွင့္ အတူအိပ္ခိုင္းရန္ အဆိုပါ အမ်ိဳးသမီးေလးဦးက ႀကိဳး ပမ္းခဲ့သည္ဟု သိရသည္။

ထိုသို႔ႀကိဳးပမ္းစဥ္ အထမေျမာက္သျဖင့္ ၂၀၁၉ စက္တင္ဘာ ၈ ညပိုင္းတြင္ အိမ္ေထာင္ရွိသူ ဒုတပ္ၾကပ္ေက်ာ္ေက်ာ္ဆန္းႏွင့္ ထပ္မံစီစဥ္ခဲ့ သည္ဟု ကာယကံရွင္ မိန္းကေလးငယ္၏ စစ္ခုံ႐ုံး ထြက္ဆိုခ်က္မွတ္တမ္းတြင္ ေတြ႕ရသည္။မိန္းကေလးငယ္ကို ထိုသို႔အတင္းအက်ပ္ စီ စဥ္ခိုင္းေစမႈကို ၾကားသိရသျဖင့္ အမွတ္ (၁) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္တင္ဦးက မိန္းကေလးငယ္ကိုယ္စား တရားလိုျပဳလုပ္ကာ ၂၀၁၉ စက္တင္ဘာတြင္ နမ့္စန္ရဲစခန္း၌ အမႈဖြင့္ခဲ့သည္။



နမ့္စန္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံး၊ ကေလးသူငယ္ေစာင့္ေရွာက္ေရးအဖြဲ႕၊ ၿမိဳ႕နယ္ဥပေဒ အေထာက္အကူျပဳအဖြဲ႕မ်ား အပါ အဝင္ ႏိုင္ငံေတာ္သမၼတ႐ုံး၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး၊ ရွမ္းျပည္နယ္ရဲမႉး႐ုံးမ်ားသို႔လည္း တစ္ၿပိဳင္တည္း စာေပးပို႔ တိုင္ၾကားခဲ့သည္ဟု သိရသည္။အမႈဖြင့္ၿပီး ၉ လခန္႔အၾကာ၂၀၂၀ ဇြန္လ ေရာက္မွသာ သက္ဆိုင္ရာရဲစခန္းက တရားစြဲဆိုတင္ႏိုင္ခဲ့ေၾကာင္း ဦးေအာင္တင္ဦးက ေျပာသည္။

ကာမပြဲစားအျဖစ္ျဖင့္ အ႐ြယ္မေရာက္ေသးေသာ မိန္းကေလးကို ရွာေပးမႈ ရာဇသတ္ႀကီးပုဒ္မ ၃၆၆-က ႏွင့္ မုဒိမ္းမႈ ပုဒ္မ ၃၇၆ မ်ားျဖင့္ တိုင္ၾကားခဲ့ေသာ္လည္း ကေလးသူငယ္မ်ားအခြင့္အေရးကာကြယ္ေရးဥပေဒပုဒ္မ ၁၀၅ (က) (၅) ျဖင့္သာ ရဲတပ္ဖြဲ႕က တရားစြဲတင္ခဲ့သည္ ဟု ဦးေအာင္တင္ဦးက ေျပာသည္။သို႔ေသာ္လည္း ထိုအမႈကို နမ့္စန္ၿမိဳ႕နယ္တရား႐ုံး၌ ဇူလိုင္ ၃ ရက္က ေလးႀကိမ္ေျမာက္ စစ္ေဆးခဲ့ၿပီး ေနာက္ မိန္းကေလးငယ္၏အမႈကို မုဒိမ္းမႈ ပုဒ္မ ၃၇၆ ႏွင့္ အားေပးကူညီမႈ ပုဒ္မ ၁၁၄ တို႔ျဖင့္ ေျပာင္းလဲစစ္ေဆးရန္ အမိန္႔ခ်ခဲ့သည္။

လက္ရွိတြင္ မိန္းကေလးငယ္ကို အတင္းအဓမၼေပါင္းသင္းေစမႈျဖင့္ ေဒၚစိုးမိုးႏွင့္ ညီမ ေဒၚမိုးမိုးလႈိင္၊ ၎တို႔၏ အလုပ္သမား ေဒၚသင္း သင္းေစာတို႔ သုံးဦးသည္ အခ်ဳပ္ျဖင့္ တရားရင္ဆိုင္ေနရၿပီး ေဂဟာတာဝန္ခံေဟာင္း ေဒၚမိုးမိုးမွာ “သြက္သြက္ခါေအာင္႐ူးေနသည္” ဟူေသာ မွတ္ခ်က္ျဖင့္ အခ်ဳပ္လြတ္ အမႈရင္ဆိုင္ေနသည္ဟု တရားခြင္၌ ဝင္ေရာက္နားေထာင္ခဲ့သည့္ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။အခုမွပဲ လုပ္ေဆာင္ခ်က္ ျပန္ယူတယ္။ ဒါေတာင္မွ ႏိုင္ငံေတာ္သမၼတ႐ုံးကို စာက ေရာက္သြားၿပီးေတာ့မွ ။

ျပည္ေထာင္စုဥပေဒခ်ဳပ္ကေနၿပီးေတာ့မွ ပုဒ္မေျပာင္းလိုက္ပါ။ ေျပာင္းၿပီးေတာ့ ခ်ဳပ္စစ္ စစ္ပါဆိုလို႔ အခုမွ အဲ့ဒီလိုျဖစ္တာ။ ေစာေစာတုန္း ကေတာ့ ကေလးသူငယ္ဥပေဒနဲ႔ပဲ ၿပီးသြားသလိုပဲ” ဟု အဆိုပါအမႈတြင္ လိုက္ပါကူညီေပးေနသူတစ္ဦးက Myanamr Now ကို ေျပာသည္ ။မူလက စြဲဆိုထားသည့္ ကေလးသူငယ္အခြင့္အေရးကာကြယ္ေရးဥပေဒပုဒ္မျဖင့္ ဆက္လက္စစ္ေဆးျခင္း ရွိမရွိကိုမူ မသိေၾကာင္း တရာလို ဦးေအာင္တင္ဦးက ေျပာသည္။

တိန္းေခ်ာင္းသဘာဝရိပ္သာသည္ နမ့္စန္ၿမိဳ႕ႏွင့္ ငါးမိုင္ခန႔္အကြာတြင္ တည္ရွိၿပီး သဘာဝတရားရိပ္သာ (သန္လ်င္) ၏ ေက်ာင္းခြဲျဖစ္သည္။ ၂၀၁၅ တြင္ စတင္ဖြင့္လွစ္ခဲ့ကာ အလယ္တန္းအထိ ပညာသင္ၾကားႏိုင္ၿပီး ပညာသင္ၾကားေနသည့္ ကေလးငယ္ ၂၀၀ ေက်ာ္ရွိသည္ဟု သ ဘာဝတရားရိပ္သာေက်ာင္းမ်ား၏ တြဲဖက္အတြင္းေရးမႉး ဦးေအာင္ေက်ာ္ဦးက ေျပာသည္။ ခမ္းလီေသာက္ေရသန႔္ လုပ္ငန္းပိုင္ရွင္လည္း ျဖစ္သည့္ ေဒၚမိုးမိုးသည္ တိန္းေခ်ာင္းသဘာဝရိပ္သာတည္ေထာင္ခဲ့သည့္ ၂၀၁၅ မွစကာ အမႈမျဖစ္ပြားခင္အထိ ရိပ္သာတာဝန္ခံအျဖစ္ ငါး ႏွစ္ၾကာ ေဆာင္႐ြက္ခဲ့ၿပီး လက္ရွိတြင္ ၎ကို တာဝန္ခံအျဖစ္မွ ထုတ္ပယ္ထားသည္ဟု ဦးေအာင္ေက်ာ္ဦးက ေျပာသည္။

REF: KUMUDRA

Post a Comment

Previous Post Next Post