(Unicode)

ဗိုလ်ချုပ်အောင်ဆန်း ငွေစက္ကူ ၏ နိမိ တ် ပုံ အဟော နှင့် မြန်မာ ပြည် အနာဂ တ်

တ ရားဝင်ငွေကြေး အဖြစ် သုံးစွဲ မည့် တစ်ထောင်တန် ငွေစက္ကူ သင်္ကေတ နိမိတ်ပုံအကြောင်း မဟောပြောမီ ယခင်ဟောပြောခဲ့ သည် များ မှ သာဓက တစ်ခု ကို တင်ပြလို ပါတယ်။


-၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ( ၃၁ ) ရက်နေ့ မန္တလေးမြို့ တွင် ကိန်းဝပ် ဆံပါယ်လျက်ရှိသည့် မဟာမြတ်မုနိဘုရားကြီးဝန်း ရှိ တံခွန်တိုင် မီးခတဲ့ ဖြစ်ရပ် တစ်ခုဖြစ် ပေါ်ခဲ့ ပါတယ်။ ဘုရား ဇရပ် ကျောင်းကြီး နန်းပြသာဒ် တံခွန်စ တဲ့ အဆောက် အဦးတွေ မီးခခြင်း သည် အယူတော် မင်္ဂလာ ပညာရပ်အလို (ဘဝေါ) နိမိတ်ဟု ယူဆကာ တိုင်းရေး ပြည်ရေး နိုင်ငံ့အရေး ကို ဟောဆိုကြ ပါတယ်။



ထို့ကြောင့် တံခွန် မီးခခြင်း နှင့်အတူ ဟော့လာသော အကြောင်းတရား များကြောင့် ၂၀၁၉/၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရခိုင်ပြည်နယ် ရဲ့ အထင်ကရ မြို့များ ခြောက်ကပ်ရခြင်း များ ၊ ရခိုင်ပြည်သူများမြေဇာ ပင်ဖြစ်ကြုံရခြင်းများ ဖြစ်မည့်အကြောင်း ကြိုတင် ဟောပြောမှန်ကန်ခဲ့ ပါတယ်။

-အဘယ်ကြောင့် ဟော ပါသလဲ… ? အတိတ်ဖြစ်ရပ် သမိုင်း အကိုးကား ကို ပြန် လည် နှိုင်းညှိပြီး ဟောခဲ့တာဖြစ် ပါတယ် ။



-ဘယ်လိုယူဆပါသလဲ? ဒီဇင်ဘာ ( ၃၁ ) ရက် ဟာ သမိုင်းတွေ ထဲ မှာ ထူးခြားတဲ့ ဖြစ်ရပ်တွေကြုံခဲ့ ပါတယ် ။ ထိုဖြစ်ရပ်ထဲ မှ နှစ် ခု ကို စဉ်းစား မိပါတယ်..

(၁)ဘိုးတော်ဘုရား လက်ထက်တော် အခါက ဒီဇင် ဘာလ ( ၃၁ ) ရက်နေ့ မှာ မဟာသမ္မတရာဇာမင်းလက် ထက်မြောက်ဦး နန်းတော်ကျဆုံးခဲ့ပါတယ်။

(၂)မြန်မာတို့၏ ရတနာပုံနေပြည်တော် နှင့်အချုပ် ခြာ အာဏာ တိုင်းပြည်တစ်ခုလုံး ကို အင်္ဂလန်ဘုရင် မကြီးထံ နှစ်သစ်ကူးလက်ဆောင်ပေးသောနေ့ဟာ ဒီဇင်ဘာလ(၃၁)ရက် ဖြစ်ပါတယ်။



တံခွန်မီးခ တဲ့ ဖြစ်ရပ် နိမိတ်ဘဝေါဟာ မန္တလေးမှာ ဖြစ်တယ် ဆိုပေမယ့် ။ ဖြစ်တဲ့နေရာ က မဟာမြတ်မုနိ ဘုရားကြီးဝန်းထဲမှာ မို့ အဓိက ဘုရားကြီးနဲ့ဆက်စပ်နေတယ် လို့ ယူဆခဲ့ ပါတယ်။

မဟာမြတ်မုနိဘုရားကြီး နဲ့ ဆက်စပ်နေတယ် ဆိုရင် ဘုရားကြီးက ဘိုးတော်ဘုရားလက်ထက်တော် ရခိုင်စစ်ပွဲမှာ ပင့်ဆောင်လာခဲ့တာဖြစ်လို့ အတိတ် သမိုင်းကို အခြေခံကာ ရခိုင်ပြည်နယ်အရေးကို ဟောဆိုခဲ့တာဖြစ် ပါတယ် ။

အခု ငွေစက္ကူ အသစ် ပေါ်လာခြင်း နဲ့ ထိုငွေ စက္ကူရုပ်ပုံ သင်္ကေတ နှင့် ဆက်စပ်သော နိမိတ် ကိုယူဆ ဟောရာတွင်လည်း… ဘာကြောင့် ငွေစက္ကူ အသစ်ထုတ်ခြင်းနဲ့ နိမိတ် ဘဝေါနဲ့ ဘာသက်ဆိုင်ပါ သလဲ..?

-ငွေစက္ကူ တစ်ထောင်တန် အသစ် မှာ ပါ တဲ့ ဗိုလ်ချုပ် အောင်ဆန်း သခင်အောင်ဆန်း ပုံ ဟာ အတော်ကြာ ကြာ ပျောက်ကွယ် နေသည့် ကြားမှ ပြန်လည်ပေါ် ပေါက်လာခြင်း—

-ငွေစက္ကူ တစ်ထောင်တန် / ငါးရာတန် ပေါ်ပေါက် လာသော သင်္ကေတပုံသည် ဗိုလ်ချုပ်ဝတ်စုံ ယူနီဖောင်း မှ အရပ်ဘက်သို့ ကူးပြောင်း လာသော ပုံဖြစ်နေခြင်း–



-ထိုငွေစက္ကူ သင်္ကေတ သခင်အောင်ဆန်း ပုံနှင့် ၁၉၈၇ ခုနှစ် စတင်ဘာလ ( ၅ )ရက် စနေနေ့ နံနက်( ၁၁.၀၀ ) နာရီ တရားဝင်ငွေအဖြစ်မှ ရပ် စဲ လိုက်သည့် …

-၂၅ကျပ်တန် -၃၅ကျပ်တန် -၇၅ကျပ် တန် သုံးမျိုးထဲမှ ၇၅ ကျပ်တန် ငွေစက္ကူ ပုံ ကဲ့ သို့ ဆင် တူ နေသော ပုံသဏ္ဍာန် ကိုတွေ့ ရခြင်း ထိုအချက်များကြောင့် သခင်အောင်ဆန်း ပုံပါငွေ စက္ကူ ပေါ်ပေါက် လာရခြင်း သည် တိုင်းပြည်၏ အနာဂါတ် နိမိတ် ဖြစ်နိူင်ကြောင်း ယူဆ ခြင်းဖြစ် ပါတယ်။ ဤနေရာတွင်ကြားဖြတ် အမြင်ကို ပြောချင်တာက မြန်မာနိူင်ငံသည် ဗမာလူမျိုးကိုရည်ညွှန်းထားခြင်း မဟုတ် မွန် ရခိုင် ရှမ်း ကချင် ကရင် စတဲ့ လူမျိုးနွယ် များနေထိုင်သော နိkင်ငံ ကိုသာ ရည်ညွှန်း တယ် ဆိုတာပဲ ဖြစ် ပါတယ်။

ငွေစက္ကူ အသစ်များ ပေါ်လာခြင်း နဲ့ ဆက်စပ်တဲ့ မြန်မာနိုင်ငံ ရဲ့ အနာဂါတ် ဖြစ်လတ္တံသော အကြောင်းရာ များကတော့ ….

( ၁ ) မြန်မာနိုင်ငံသည် ဒီမိုကကရေစီ စံနစ် အဖြစ် ဆက်လက် သွားရ ပါမယ်…. ( ၂ ) တိုင်းသူပြည်သားများ ရဲ့ စီးပွားရေး ဦးမော့ လာမယ်..။ မြန်မာ တွေ ကြီးပွား ချမ်းသာ လာ မယ်။ (၃) စစ်ယူနီဖောင်းချွတ် အချို့ ရွေးကောက်ပွဲ မှာ ပါဝင် လာမယ် ။ ( ၄ ) မင်းကောင်း အုပ်ချုပ်သူ သမ္မတကောင်း ကို ကမ္ဘာ့နိုင်ငံ ကြီးတွေက ဦးညွှတ် လာရမယ် ။

နိမိတ် ဘဝေါ က ညွှန်းဆိုနေ ပါတယ်။ ဘာကြောင့် ထိုသို့ ဟော ပါသလဲ…? ယခုထုတ်ဝေ သုံးစွဲ ငွေစက္ကူသည် ဗိုလ်ချုပ်အောင်ဆန်း ပုံ မဟုတ်ဘဲ သခင်အောင် ဆန်းပုံဖြစ်ခြင်းကြောင့် နံပါတ် (၁ )အဟောနဲ့ ( ၃ )ကို ဟောပါတယ်။

နံပါတ်( ၂ )အေဟာ က ….

၁၉၈၇ ခုနှစ် စက်တင်ဘာလ (၅)ရက် စနေနေ့ တရားဝင် ငွေအဖြစ်မှ ရပ်စဲ ခံလိုက်ရသည့် ၇၅ ကျပ်တန် သခင်အောင်ဆန်း ငွေစက္ကူ ပုံနဲ့ အခု ထုတ်ဝေ သည့် သခင်အောင်ဆန်းပုံချင်း ဆင်တူ နေခြင်း ကြောင့် … ၁၉၈၇ ခု ထို သင်္ကတပုံပါ ငွေ ကို ရပ်စဲလိုက်ခြင်း ရဲ့ နောက် သမိုင်း နောက်ခံ မြန်မာ တွေ ဆင်း ရဲ အကြပ်တည်း သေကြေ ပျက်ဆီးမှု ဆိုတဲ့ နိမိတ် ဆိုးတွေ ကြုံ လာခဲ့ ရတယ်။

ယခင် က ထိုသင်္ကေတပုံ ငွေမည်းတာ နဲ့ အခု ထို သင်္ကေတပုံ ငွေဖြူ လာတာ ကိုသုံးသပ်ကြည့်ရင် ပြောင်းပြန် သဘော မို့ ပြောင်းပြန် အဟော အနေဖြင့် အနာဂါတ် မြန်မာပြည်အတွက်ဟော လိုက်တာ ဖြစ် ပါတယ်။

( ၄ ) အချက် အဟောက သခင်အောင်ဆန်း ဆိုတာ ကျွန်ဘ ဝမှ သခင်ဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ကမ္ဘာ့ အင်းအားကြီး စစ်တပ်နဲ့ နိုင်ငံတွေ ကို အောင်နိုင် ခဲ့တဲ့ ခေါင်းဆောင်ကောင်း ခေါင်းဆောင်မြတ် ပြန်ပေါ်လာခြင်း ကြောင့် ဟောခဲ့တာ ဖြစ် ပါတယ်။

ထိုအတူ ဘုရား ဗျာဒိတ် ကျမ်းတွင် … (“သာသနာတစ်ထောင် ကြာစွာဆောင် ရာဇအမောင်..) လို့ မိန့်တော်မူခဲ့ ပါတယ်။ အဓီပ္ပါယ်က သာသနာ နှစ်တစ်ထောင် ပြည့်သည် ကာလလကြာတိုင်း၊ မင်းကောင်း မင်းမြတ်ပေါ်မည့် ဟု မိန့်ခဲ့တာဖြစ် ပါတယ်။

ပထမ မြန်မာ့နိုင်ငံတော် ကို ထူထောင် ခဲ့သည့် သာသနာ့ပြု ဘုန်းလက်ရုံး နှင့်ပြည့်စုံသော အနော်ရထာ ကို ကျောက်ဖြူမင်းနှင့် မြောက် ဆောင်မဖုရား တို့မှ ၁၀၁၄ ခုနှစ် ဖွားခဲ့သဖြင့် အခုဆိုလျင် သက္ကရာဇ် ၂၀၂၀ ဖြစ်၍ သာသနာတော်နှစ် တစ်ထောင်ပြည့်ဝန်းကျင် ဖြစ်နေသည့် အတွက် မင်းကောင်းဆက် ရမည်ဖြစ်ပါတယ်..

တစ်ထောင်တန် / ငါးရာတန် ငွေစက္ကူ နိမိတ် က ရည်ညွှန်း နေ ပါတယ်… အချို့က ကျစွာမင်း မှ စယူကြသော်လည်း အနော်ရထာ မှသာ ယူသင့် အပ် ပါတယ် ။ ထိုသို့သော ဖြစ်ရပ်များကို ရက်အားဖြင့် ရက် တစ်ထောင် နှစ်အားဖြင့် ဗိုလ်ချုပ်ပိုက်ဆံ စထုတ်သည့် ရက် ၂၀၂၀ ဇန်နဝါရီလ လ( ၄ ) ရက်မှ ၃ နှစ်ကျော် ကာလ အတွင်းဖြစ် ပါလိမ့်မယ် ။

Dr.ရဲဇော်(ဇီးကုန်း)

အယူတော်မင်္ဂလာ သုတေသနကျမ်းပြု


(Zawgyi)


ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေငြစကၠဴ ၏ နိမိ တ္ ပုံ အေဟာ ႏွင့္ ျမန္မာ ျပည္ အနာဂ တ္

တ ရားဝင္ေငြေၾကး အျဖစ္ သုံးစြဲ မည့္ တစ္ေထာင္တန္ ေငြစကၠဴ သေကၤတ နိမိတ္ပုံအေၾကာင္း မေဟာေျပာမီ ယခင္ေဟာေျပာခဲ့ သည္ မ်ား မွ သာဓက တစ္ခု ကို တင္ျပလို ပါတယ္။


-၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ( ၃၁ ) ရက္ေန႔ မႏၲေလးၿမိဳ႕ တြင္ ကိန္းဝပ္ ဆံပါယ္လ်က္ရွိသည့္ မဟာျမတ္မုနိဘုရားႀကီးဝန္း ရွိ တံခြန္တိုင္ မီးခတဲ့ ျဖစ္ရပ္ တစ္ခုျဖစ္ ေပၚခဲ့ ပါတယ္။ ဘုရား ဇရပ္ ေက်ာင္းႀကီး နန္းျပသာဒ္ တံခြန္စ တဲ့ အေဆာက္ အဦးေတြ မီးချခင္း သည္ အယူေတာ္ မဂၤလာ ပညာရပ္အလို (ဘေဝါ) နိမိတ္ဟု ယူဆကာ တိုင္းေရး ျပည္ေရး ႏိုင္ငံ့အေရး ကို ေဟာဆိုၾက ပါတယ္။



ထို႔ေၾကာင့္ တံခြန္ မီးချခင္း ႏွင့္အတူ ေဟာ့လာေသာ အေၾကာင္းတရား မ်ားေၾကာင့္ ၂၀၁၉/၂၀၂၀ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲမ်ား ရခိုင္ျပည္နယ္ ရဲ႕ အထင္ကရ ၿမိဳ႕မ်ား ေျခာက္ကပ္ရျခင္း မ်ား ၊ ရခိုင္ျပည္သူမ်ားေျမဇာ ပင္ျဖစ္ႀကဳံရျခင္းမ်ား ျဖစ္မည့္အေၾကာင္း ႀကိဳတင္ ေဟာေျပာမွန္ကန္ခဲ့ ပါတယ္။

-အဘယ္ေၾကာင့္ ေဟာ ပါသလဲ… ? အတိတ္ျဖစ္ရပ္ သမိုင္း အကိုးကား ကို ျပန္ လည္ ႏႈိင္းညႇိၿပီး ေဟာခဲ့တာျဖစ္ ပါတယ္ ။



-ဘယ္လိုယူဆပါသလဲ? ဒီဇင္ဘာ ( ၃၁ ) ရက္ ဟာ သမိုင္းေတြ ထဲ မွာ ထူးျခားတဲ့ ျဖစ္ရပ္ေတြႀကဳံခဲ့ ပါတယ္ ။ ထိုျဖစ္ရပ္ထဲ မွ ႏွစ္ ခု ကို စဥ္းစား မိပါတယ္..

(၁)ဘိုးေတာ္ဘုရား လက္ထက္ေတာ္ အခါက ဒီဇင္ ဘာလ ( ၃၁ ) ရက္ေန႔ မွာ မဟာသမၼတရာဇာမင္းလက္ ထက္ေျမာက္ဦး နန္းေတာ္က်ဆုံးခဲ့ပါတယ္။

(၂)ျမန္မာတို႔၏ ရတနာပုံေနျပည္ေတာ္ ႏွင့္အခ်ဳပ္ ျခာ အာဏာ တိုင္းျပည္တစ္ခုလုံး ကို အဂၤလန္ဘုရင္ မႀကီးထံ ႏွစ္သစ္ကူးလက္ေဆာင္ေပးေသာေန႔ဟာ ဒီဇင္ဘာလ(၃၁)ရက္ ျဖစ္ပါတယ္။



တံခြန္မီးခ တဲ့ ျဖစ္ရပ္ နိမိတ္ဘေဝါဟာ မႏၲေလးမွာ ျဖစ္တယ္ ဆိုေပမယ့္ ။ ျဖစ္တဲ့ေနရာ က မဟာျမတ္မုနိ ဘုရားႀကီးဝန္းထဲမွာ မို႔ အဓိက ဘုရားႀကီးနဲ႔ဆက္စပ္ေနတယ္ လို႔ ယူဆခဲ့ ပါတယ္။

မဟာျမတ္မုနိဘုရားႀကီး နဲ႔ ဆက္စပ္ေနတယ္ ဆိုရင္ ဘုရားႀကီးက ဘိုးေတာ္ဘုရားလက္ထက္ေတာ္ ရခိုင္စစ္ပြဲမွာ ပင့္ေဆာင္လာခဲ့တာျဖစ္လို႔ အတိတ္ သမိုင္းကို အေျခခံကာ ရခိုင္ျပည္နယ္အေရးကို ေဟာဆိုခဲ့တာျဖစ္ ပါတယ္ ။

အခု ေငြစကၠဴ အသစ္ ေပၚလာျခင္း နဲ႔ ထိုေငြ စကၠဴ႐ုပ္ပုံ သေကၤတ ႏွင့္ ဆက္စပ္ေသာ နိမိတ္ ကိုယူဆ ေဟာရာတြင္လည္း… ဘာေၾကာင့္ ေငြစကၠဴ အသစ္ထုတ္ျခင္းနဲ႔ နိမိတ္ ဘေဝါနဲ႔ ဘာသက္ဆိုင္ပါ သလဲ..?

-ေငြစကၠဴ တစ္ေထာင္တန္ အသစ္ မွာ ပါ တဲ့ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း သခင္ေအာင္ဆန္း ပုံ ဟာ အေတာ္ၾကာ ၾကာ ေပ်ာက္ကြယ္ ေနသည့္ ၾကားမွ ျပန္လည္ေပၚ ေပါက္လာျခင္း—

-ေငြစကၠဴ တစ္ေထာင္တန္ / ငါးရာတန္ ေပၚေပါက္ လာေသာ သေကၤတပုံသည္ ဗိုလ္ခ်ဳပ္ဝတ္စုံ ယူနီေဖာင္း မွ အရပ္ဘက္သို႔ ကူးေျပာင္း လာေသာ ပုံျဖစ္ေနျခင္း–



-ထိုေငြစကၠဴ သေကၤတ သခင္ေအာင္ဆန္း ပုံႏွင့္ ၁၉၈၇ ခုႏွစ္ စတင္ဘာလ ( ၅ )ရက္ စေနေန႔ နံနက္( ၁၁.၀၀ ) နာရီ တရားဝင္ေငြအျဖစ္မွ ရပ္ စဲ လိုက္သည့္ …

-၂၅က်ပ္တန္ -၃၅က်ပ္တန္ -၇၅က်ပ္ တန္ သုံးမ်ိဳးထဲမွ ၇၅ က်ပ္တန္ ေငြစကၠဴ ပုံ ကဲ့ သို႔ ဆင္ တူ ေနေသာ ပုံသ႑ာန္ ကိုေတြ႕ ရျခင္း ထိုအခ်က္မ်ားေၾကာင့္ သခင္ေအာင္ဆန္း ပုံပါေငြ စကၠဴ ေပၚေပါက္ လာရျခင္း သည္ တိုင္းျပည္၏ အနာဂါတ္ နိမိတ္ ျဖစ္ႏိူင္ေၾကာင္း ယူဆ ျခင္းျဖစ္ ပါတယ္။ ဤေနရာတြင္ၾကားျဖတ္ အျမင္ကို ေျပာခ်င္တာက ျမန္မာႏိူင္ငံသည္ ဗမာလူမ်ိဳးကိုရည္ၫႊန္းထားျခင္း မဟုတ္ မြန္ ရခိုင္ ရွမ္း ကခ်င္ ကရင္ စတဲ့ လူမ်ိဳးႏြယ္ မ်ားေနထိုင္ေသာ နိkင္ငံ ကိုသာ ရည္ၫႊန္း တယ္ ဆိုတာပဲ ျဖစ္ ပါတယ္။

ေငြစကၠဴ အသစ္မ်ား ေပၚလာျခင္း နဲ႔ ဆက္စပ္တဲ့ ျမန္မာႏိုင္ငံ ရဲ႕ အနာဂါတ္ ျဖစ္လတၱံေသာ အေၾကာင္းရာ မ်ားကေတာ့ ….

( ၁ ) ျမန္မာႏိုင္ငံသည္ ဒီမိုကကေရစီ စံနစ္ အျဖစ္ ဆက္လက္ သြားရ ပါမယ္…. ( ၂ ) တိုင္းသူျပည္သားမ်ား ရဲ႕ စီးပြားေရး ဦးေမာ့ လာမယ္..။ ျမန္မာ ေတြ ႀကီးပြား ခ်မ္းသာ လာ မယ္။ (၃) စစ္ယူနီေဖာင္းခြၽတ္ အခ်ိဳ႕ ေ႐ြးေကာက္ပြဲ မွာ ပါဝင္ လာမယ္ ။ ( ၄ ) မင္းေကာင္း အုပ္ခ်ဳပ္သူ သမၼတေကာင္း ကို ကမာၻ႔ႏိုင္ငံ ႀကီးေတြက ဦးၫႊတ္ လာရမယ္ ။

နိမိတ္ ဘေဝါ က ၫႊန္းဆိုေန ပါတယ္။ ဘာေၾကာင့္ ထိုသို႔ ေဟာ ပါသလဲ…? ယခုထုတ္ေဝ သုံးစြဲ ေငြစကၠဴသည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပုံ မဟုတ္ဘဲ သခင္ေအာင္ ဆန္းပုံျဖစ္ျခင္းေၾကာင့္ နံပါတ္ (၁ )အေဟာနဲ႔ ( ၃ )ကို ေဟာပါတယ္။

နံပါတ္( ၂ )ေအဟာ က ….

၁၉၈၇ ခုႏွစ္ စက္တင္ဘာလ (၅)ရက္ စေနေန႔ တရားဝင္ ေငြအျဖစ္မွ ရပ္စဲ ခံလိုက္ရသည့္ ၇၅ က်ပ္တန္ သခင္ေအာင္ဆန္း ေငြစကၠဴ ပုံနဲ႔ အခု ထုတ္ေဝ သည့္ သခင္ေအာင္ဆန္းပုံခ်င္း ဆင္တူ ေနျခင္း ေၾကာင့္ … ၁၉၈၇ ခု ထို သကၤတပုံပါ ေငြ ကို ရပ္စဲလိုက္ျခင္း ရဲ႕ ေနာက္ သမိုင္း ေနာက္ခံ ျမန္မာ ေတြ ဆင္း ရဲ အၾကပ္တည္း ေသေၾက ပ်က္ဆီးမႈ ဆိုတဲ့ နိမိတ္ ဆိုးေတြ ႀကဳံ လာခဲ့ ရတယ္။

ယခင္ က ထိုသေကၤတပုံ ေငြမည္းတာ နဲ႔ အခု ထို သေကၤတပုံ ေငြျဖဴ လာတာ ကိုသုံးသပ္ၾကည့္ရင္ ေျပာင္းျပန္ သေဘာ မို႔ ေျပာင္းျပန္ အေဟာ အေနျဖင့္ အနာဂါတ္ ျမန္မာျပည္အတြက္ေဟာ လိုက္တာ ျဖစ္ ပါတယ္။

( ၄ ) အခ်က္ အေဟာက သခင္ေအာင္ဆန္း ဆိုတာ ကြၽန္ဘ ဝမွ သခင္ျဖစ္ေအာင္ စြမ္းေဆာင္ခဲ့တဲ့ ပုဂၢိဳလ္ ကမာၻ႔ အင္းအားႀကီး စစ္တပ္နဲ႔ ႏိုင္ငံေတြ ကို ေအာင္ႏိုင္ ခဲ့တဲ့ ေခါင္းေဆာင္ေကာင္း ေခါင္းေဆာင္ျမတ္ ျပန္ေပၚလာျခင္း ေၾကာင့္ ေဟာခဲ့တာ ျဖစ္ ပါတယ္။

ထိုအတူ ဘုရား ဗ်ာဒိတ္ က်မ္းတြင္ … (“သာသနာတစ္ေထာင္ ၾကာစြာေဆာင္ ရာဇအေမာင္..) လို႔ မိန႔္ေတာ္မူခဲ့ ပါတယ္။ အဓီပၸါယ္က သာသနာ ႏွစ္တစ္ေထာင္ ျပည့္သည္ ကာလလၾကာတိုင္း၊ မင္းေကာင္း မင္းျမတ္ေပၚမည့္ ဟု မိန႔္ခဲ့တာျဖစ္ ပါတယ္။

ပထမ ျမန္မာ့ႏိုင္ငံေတာ္ ကို ထူေထာင္ ခဲ့သည့္ သာသနာ့ျပဳ ဘုန္းလက္႐ုံး ႏွင့္ျပည့္စုံေသာ အေနာ္ရထာ ကို ေက်ာက္ျဖဴမင္းႏွင့္ ေျမာက္ ေဆာင္မဖုရား တို႔မွ ၁၀၁၄ ခုႏွစ္ ဖြားခဲ့သျဖင့္ အခုဆိုလ်င္ သကၠရာဇ္ ၂၀၂၀ ျဖစ္၍ သာသနာေတာ္ႏွစ္ တစ္ေထာင္ျပည့္ဝန္းက်င္ ျဖစ္ေနသည့္ အတြက္ မင္းေကာင္းဆက္ ရမည္ျဖစ္ပါတယ္..

တစ္ေထာင္တန္ / ငါးရာတန္ ေငြစကၠဴ နိမိတ္ က ရည္ၫႊန္း ေန ပါတယ္… အခ်ိဳ႕က က်စြာမင္း မွ စယူၾကေသာ္လည္း အေနာ္ရထာ မွသာ ယူသင့္ အပ္ ပါတယ္ ။ ထိုသို႔ေသာ ျဖစ္ရပ္မ်ားကို ရက္အားျဖင့္ ရက္ တစ္ေထာင္ ႏွစ္အားျဖင့္ ဗိုလ္ခ်ဳပ္ပိုက္ဆံ စထုတ္သည့္ ရက္ ၂၀၂၀ ဇန္နဝါရီလ လ( ၄ ) ရက္မွ ၃ ႏွစ္ေက်ာ္ ကာလ အတြင္းျဖစ္ ပါလိမ့္မယ္ ။

Dr.ရဲေဇာ္(ဇီးကုန္း)

အယူေတာ္မဂၤလာ သုေတသနက်မ္းျပဳ

Post a Comment

Previous Post Next Post