(Unicode)


ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည်ဖြစ်ပွားလာ၍ ဗီယက်နမ်မှ ခရီးသွားဧည့်သည်များ အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း။ တရုတ်နိုင်ငံမှ ခွင့်ပြုချက်မဲ့ ဝင်ရာက်လာသူများကြောင့် ရောဂါကူးစက်မှုပြန်လည် ဖြစ်ပွားရဟု အာဏာပိုင်တို့ သတိပေး…ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ပြန်လည်ဖြစ်ပွားလာကြောင်း တွေ့ရှိရပြီးနောက် ကမ်းရိုးတန်းအလယ်ပိုင်း မြို့တော် ဒါနမ်းမှ ခရီးသွားဧည့်သည် ၈၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ခွာကြရန် တနင်္လာနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်ဟု သိရသည်။


ဒါနမ်း မြို့သူမြို့သား ၃-ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်လျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ခရီးသွားဧည့်သည်များ အရေးပေါ်ထွက်ခွာရန် စီစဉ်လျှက်ရှိရာ ၄-ရက်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့၌ ပြောကြားသည်။ ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မရှိခြင်းကြောင့် အဆင့်နှိမ့်ချထားခဲ့ရသော ရောဂါကူးစက်ပျံ့နှံ့မှု သတိပေးချက်ကို ၃-လခန့်ကြာပြီးမှ အဆင့်-၁ သို့ ပြန်လည်တိုးမြှင့်လိုက်ရသည်ဆို၏။ ဧပြီလတည်းက ကူးစက်မှု ထပ်မံ မတွေ့ခဲ့ရသော Covid-19 ရောဂါသည် ဗီယက်နမ်နိုင်ငံအတွင်း ခွင့်ပြုချက်မဲ့ ဝင်ရောက်လာသူများကြောင့် ဖြစ်ကြောင်း ဗီယက်နမ်အာဏာပိုင်များက ပြောကြားသည်။


ဗီယက်နမ်သည် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ရောဂါကူးစက်ပျံနှံ့မှုကို ၄-လကျော်ကြာ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း၊ နောက်ထပ် ၃-လမျှကြာသည့်အခါ ပေါ့ပေါ့ဆဆ သဘောထားလာပြီး ကာကွယ်တားဆီးရေးလမ်းညွှန်ချက်များအတိုင်း အပြည့်အဝလိုက်နာရန် ပျက်ကွက်သဖြင့် ကမ်းရိုးတန်းအလယ်ပိုင်းမြို့တွင် ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားရကြောင်း၊ ဗီယက်နမ်နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသူ တရုတ်နိုင်ငံသား အများအပြားရှိခဲ့ရာ ရောဂါကူးစက်ပျံ့နှံ့နိုင်ကြောင်း၊ လွန်ခဲ့သည့်ရက်အတွင်း ဒါနမ်းမြို့သို့ ခွင့်ပြုချက်မဲ့ ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၂-ဦး၊ ပြည်တော်ပြန် ဗီယက်နမ် ၂-ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ဗီယက်နမ် အစိုးရသတင်းဝဘ်ဆိုက်၌ ဖော်ပြသည်။


နိုင်ငံခြားသားများ ခွင့်ပြုချက်မဲ့ ဝင်ရောက်မှုကို တားဆီးရန်အတွက် နယ်စပ်တစ်လျှောက် လူဝင်မှုကြီးကြပ်ရေး ထိန်းချုပ်ရန် ဝန်ကြီးချုပ် ငုယင်စွမ်းဖုက အမိန့်ပေးလိုက်သည်။ မကြာသေးမီက ဟနွိုင်းမြို့အရှေ့မြောက်ဘက်၊ ကွမ်နင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံမှ တရားမဝင် ရောက်ရှိလာသူ ၆- ဦးအား တရားစွဲဆိုခဲ့ရပြီး၊ လွန်ခဲ့သည့် ၂-လအတွင်း ဖမ်းဆီးရမိသူ ၃၀၀ ကျော်ရှိခဲ့ကြောင်း နယ်ခြားကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။ ယနေ့ (တနင်္လာ) နံနက်အထိ ဗီယက်နမ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၂၀-ဦး၊ ကုသမှု ခံယူပြီးရောဂါပိုးကင်းစင်လာသူ- ၃၆၅ ဦးရှိခဲ့ပြီး Covid-19 ရောဂါကြောင့် သေဆုံးသူမရှိကြောင်း အစိုးရသတင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။


Htay Oung (Oung Marine)


(Zawgyi)


ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ျပန္လည္ျဖစ္ပြားလာ၍ ဗီယက္နမ္မွ ခရီးသြားဧည့္သည္မ်ား အေရးေပၚ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္း။ တ႐ုတ္နိုင္ငံမွ ခြင့္ျပဳခ်က္မဲ့ ဝင္ရာက္လာသူမ်ားေၾကာင့္ ေရာဂါကူးစက္မႈျပန္လည္ ျဖစ္ပြားရဟု အာဏာပိုင္တို႔ သတိေပး…ဗီယက္နမ္တြင္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္မႈ ျပန္လည္ျဖစ္ပြားလာေၾကာင္း ေတြ႕ရွိရၿပီးေနာက္ ကမ္းရိုးတန္းအလယ္ပိုင္း ၿမိဳ႕ေတာ္ ဒါနမ္းမွ ခရီးသြားဧည့္သည္ ၈၀,၀၀၀ ခန႔္ကို ေဘးလြတ္ရာသို႔ အေရးေပၚထြက္ခြာၾကရန္ တနလၤာေန႕တြင္ အမိန႔္ထုတ္ျပန္လိုက္သည္ဟု သိရသည္။


ဒါနမ္း ၿမိဳ႕သူၿမိဳ႕သား ၃-ဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါကူးစက္လွ်က္ရွိေၾကာင္း ေတြ႕ရွိရသျဖင့္ ခရီးသြားဧည့္သည္မ်ား အေရးေပၚထြက္ခြာရန္ စီစဥ္လွ်က္ရွိရာ ၄-ရက္ခန႔္ အခ်ိန္ယူရမည္ျဖစ္ေၾကာင္း အာဏာပိုင္မ်ားက တနလၤာေန႕၌ ေျပာၾကားသည္။ ဗီယက္နမ္တြင္ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈ မရွိျခင္းေၾကာင့္ အဆင့္ႏွိမ့္ခ်ထားခဲ့ရေသာ ေရာဂါကူးစက္ပ်ံ့ႏွံ႕မႈ သတိေပးခ်က္ကို ၃-လခန႔္ၾကာၿပီးမွ အဆင့္-၁ သို႔ ျပန္လည္တိုးျမႇင့္လိုက္ရသည္ဆို၏။ ဧၿပီလတည္းက ကူးစက္မႈ ထပ္မံ မေတြ႕ခဲ့ရေသာ Covid-19 ေရာဂါသည္ ဗီယက္နမ္နိုင္ငံအတြင္း ခြင့္ျပဳခ်က္မဲ့ ဝင္ေရာက္လာသူမ်ားေၾကာင့္ ျဖစ္ေၾကာင္း ဗီယက္နမ္အာဏာပိုင္မ်ားက ေျပာၾကားသည္။


ဗီယက္နမ္သည္ ကိုရိုနာဗိုင္းရပ္စ္သစ္ေၾကာင့္ ေရာဂါကူးစက္ပ်ံႏွံ႕မႈကို ၄-လေက်ာ္ၾကာ ေအာင္ျမင္စြာ ထိန္းခ်ဳပ္ထားနိုင္ခဲ့ေၾကာင္း၊ ေနာက္ထပ္ ၃-လမွ်ၾကာသည့္အခါ ေပါ့ေပါ့ဆဆ သေဘာထားလာၿပီး ကာကြယ္တားဆီးေရးလမ္းၫႊန္ခ်က္မ်ားအတိုင္း အျပည့္အဝလိုက္နာရန္ ပ်က္ကြက္သျဖင့္ ကမ္းရိုးတန္းအလယ္ပိုင္းၿမိဳ႕တြင္ ေရာဂါကူးစက္မႈ ျပန္လည္ျဖစ္ပြားရေၾကာင္း၊ ဗီယက္နမ္နိုင္ငံအတြင္း တရားမဝင္ ေရာက္ရွိေနသူ တ႐ုတ္နိုင္ငံသား အမ်ားအျပားရွိခဲ့ရာ ေရာဂါကူးစက္ပ်ံ့ႏွံ႕နိုင္ေၾကာင္း၊ လြန္ခဲ့သည့္ရက္အတြင္း ဒါနမ္းၿမိဳ႕သို႔ ခြင့္ျပဳခ်က္မဲ့ ဝင္ေရာက္လာေသာ တ႐ုတ္နိုင္ငံသား ၂-ဦး၊ ျပည္ေတာ္ျပန္ ဗီယက္နမ္ ၂-ဦးတို႔ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိေၾကာင္း ဗီယက္နမ္ အစိုးရသတင္းဝဘ္ဆိုက္၌ ေဖာ္ျပသည္။


နိုင္ငံျခားသားမ်ား ခြင့္ျပဳခ်က္မဲ့ ဝင္ေရာက္မႈကို တားဆီးရန္အတြက္ နယ္စပ္တစ္ေလွ်ာက္ လူဝင္မႈႀကီးၾကပ္ေရး ထိန္းခ်ဳပ္ရန္ ဝန္ႀကီးခ်ဳပ္ ငုယင္စြမ္းဖုက အမိန႔္ေပးလိုက္သည္။ မၾကာေသးမီက ဟႏြိုင္းၿမိဳ႕အေရွ႕ေျမာက္ဘက္၊ ကြမ္နင္ျပည္နယ္ရွိ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ တ႐ုတ္နိုင္ငံမွ တရားမဝင္ ေရာက္ရွိလာသူ ၆- ဦးအား တရားစြဲဆိုခဲ့ရၿပီး၊ လြန္ခဲ့သည့္ ၂-လအတြင္း ဖမ္းဆီးရမိသူ ၃၀၀ ေက်ာ္ရွိခဲ့ေၾကာင္း နယ္ျခားကာကြယ္ေရးတပ္ဖြဲ႕မွ ဆိုသည္။ ယေန႕ (တနလၤာ) နံနက္အထိ ဗီယက္နမ္နိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၄၂၀-ဦး၊ ကုသမႈ ခံယူၿပီးေရာဂါပိုးကင္းစင္လာသူ- ၃၆၅ ဦးရွိခဲ့ၿပီး Covid-19 ေရာဂါေၾကာင့္ ေသဆုံးသူမရွိေၾကာင္း အစိုးရသတင္း ဝက္ဘ္ဆိုက္၌ ေဖာ္ျပထားသည္။


Htay Oung (Oung Marine)

Post a Comment

Previous Post Next Post