(Unicode)

ပုံမှန် ဆိုရင် လူတယောက်ဟာ ၁နှစ်ကို ၃ကြိမ် ဒါမှမဟုတ် ၄ကြိမ်ပဲ သွေးလှူလို့ရတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ဒီလူ က ဘာဖြစ်လို့ ဒီလောက်အကြိမ်ပေါင်းများစွာ သွေးလှူနိုင်ရတာလဲ ၊ သူ့ရဲ့သွေးကရော ဘာကြောင့် လူပေါင်း သန်းနဲ့ချီတဲ့အသက်ကို ကယ်တင်နိုင်တာလဲ လို့တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒီတခါတော့ ဒီလို ထူးထူးခြားခြားလူတယောက်အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက် ပါ တယ်။

သူ့နာမည်အပြည့်အစုံကတော့ James Christopher Harrison ဖြစ်ပေမယ့် သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းတခုကြောင့် သူ့ကို ရွှေရောင်လက်မော င်းနဲ့လူ Man with the Golden Arm လို့တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ သြစတြေးလျနိုင်ငံသားတယောက်ဖြစ်တဲ့ သူ့ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလမှာ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပါ တယ်။



သူအသက် ၁၄နှစ်မှာ ရင်ဘတ်ပိုင်းဆိုင်ရာအကြီးစားခွဲစိတ်မှုတခုပြုလုပ်ခဲ့ရပါတယ်။ အဲဒီတုန်းက သွေးလိုအပ်ချက်ကြောင့် သွေး ၁၃ပုလင်းအထိ အသုံးပြုခဲ့ရပါတယ်။ သွေးဟာ သူ့ရဲ့အသက်ကိုကယ်ဆယ်ခဲ့တယ်လို့ နားလည်ခဲ့ပြီး သွေးရဲ့အရေးပါပုံကို သဘောပေါက်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူ့ဘဝတလျှောက်လုံး သွေးလှူခြင်းပြုလုပ်သွားမယ်လို့ ကတိပေးခဲ့ပြီး အသက် ၁၈နှစ်က နေစတင်လို့ သွေးလှူ ခဲ့ပါေ တာ့တယ်။

၁၉၅၄ ခုနှစ်မှာ ပထမဆုံးအကြိမ်သွေးလှူခဲ့ပါတယ်။ ဒီမှာတင် ဆရာဝန်တွေဟာ ထူးခြားချက်တခုကိုသွားတွေ့ပါတယ်။ အဲဒါကတော့ Harrison ရဲ့သွေးထဲမှာ Rh disease ဆိုတဲ့ရောဂါကို တိုက်ထုတ်ပေးနိုင်တဲ့ anti-D antibodies တွေ မြင့်မားစွာပါရှိနေတာပါ။ Rh ရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာဖြစ်လေ့ရှိပြီး မိခင်ရဲ့သွေးထဲက အင်တီဘော်ဒီ တွေဟာ ကလေးရဲ့သွေးကို ဆန့်ကျင်တဲ့အခါ ဖြစ်တတ်တဲ့ရောဂါပါ။ အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိတဲ့ရောဂါမျိုးပါ။


သြစတြေးလျက ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်းရဲ့ ၁၇% ခန့်ဟာ ဒီအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုထူးခြားမှုမျိုးပါရှိတဲ့အတွက် Harrison ရဲ့သွေးရည်ကြည်ဟာ ကလေးပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ကျော် သွေးလှူခဲ့ပြီး သြစတြေးလျက ကလေးငယ်ပေါင်း ၂.၄သန်းကျော် ကို သူ့ရဲ့သွေး နဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအထဲမှာ သူရဲ့သမီးဖြစ်သူလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို နိုင်ငံ့သူရဲကောင်းတယောက်အဖြစ်ပါ အသိအမှတ်ပြုကြပါတယ်။

သူရဲ့သွေးရည်ကြည်ကိုပဲ ယူတာဖြစ်တဲ့အတွက် ပုံမှန် သွေးလှူသူတွေလို သွေးအများကြီးယူဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် ၂ပတ်ကို ၁ခါ လောက်သွေးလှူနိုင်ပါတယ်။ ဒီလို မပြတ်တမ်းလှူခဲ့ရာ ၂၀၁၁ ခုနှစ် မေလမှာတော့ သွေးလှူတဲ့အကြိမ်ပေါင်း ၁၀၀၀ ပြည့်ခဲ့ပါတယ်။ ဆေးပညာရှင်တွေကတော့ Harrison မှာ ဘာကြောင့် ဒီလိုရှားပါးတဲ့သွေးမျိုးရှိနေရသလဲဆိုတာ တိတိကျကျမပြောနိုင်ကြပေမယ့် သူအသက် ၁၄နှစ်က ခွဲစိတ်မှုမှာ သွေးသွင်းရင်း အခုလိုရှားပါးတဲ့သွေးပြောင်းလဲခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Harrison ဟာ သြစတြေးလျတင်မကပဲ အခြားနိုင်ငံတကာ ပရဟိတအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကာ သူ့ရဲ့သွေးကို လှူဒါန်းခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မေလ ၁၁ ရက်နေ့မှာတော့ Harrison ဟာ သူ့ရဲ့ အကြိမ် ၁၁၇၃ကြိမ်မြောက် သွေးလှူခဲ့ပြီး ဒါဟာ နောက်ဆုံးအကြိမ်လည်းဖြစ်ပါတယ်။ တကယ်ဆိုရင် သူ့အနေနဲ့ သူ့ရဲ့သွေးကို ဆက်လှူချင်နေဆဲဖြစ်ပေမယ့် သြစတြေးလျရဲ့ စည်းမျဉ်းသတ်မှတ်ချက်အရ အသက် ၈၁နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် သွေးလှူခွင့်မရှိတော့ပါဘူး။

သွေးလှူခြင်းဖြင့် အသက်ပေါင်း ၂သန်းကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ Harrison ဟာ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ယခု ဆိုရင်တော့ သူ့ရဲ့အသက်ဟာ ၈၃နှစ်ရှိသွားပြီဖြစ်ပါတယ်။ လူသန်းပေါင်းများစွာမှာ ၁ယောက်ပြုလုပ်ဖို့ခက်တဲ့ ထူးထူးခြားခြား အလုပ်ကို လုပ်ခဲ့ပြီး ဒါကို သူ့ဘဝတလျှောက်လုံး အမြဲအမှတ်ရနေပါလိမ့်မယ်။

Credit Original

(Zawgyi)


ပုံမွန္ ဆိုရင္ လူတေယာက္ဟာ ၁ႏွစ္ကို ၃ႀကိမ္ ဒါမွမဟုတ္ ၄ႀကိမ္ပဲ ေသြးလႉလို႔ရတယ္ဆိုတာ အားလုံးသိၿပီးျဖစ္ပါလိမ့္မယ္။ ဒါဆိုရင္ ဒီလူ က ဘာျဖစ္လို႔ ဒီေလာက္အႀကိမ္ေပါင္းမ်ားစြာ ေသြးလႉႏိုင္ရတာလဲ ၊ သူ႔ရဲ႕ေသြးကေရာ ဘာေၾကာင့္ လူေပါင္း သန္းနဲ႔ခ်ီတဲ့အသက္ကို ကယ္တင္ႏိုင္တာလဲ လို႔ေတြးမိေကာင္းေတြးမိပါလိမ့္မယ္။ ဒီတခါေတာ့ ဒီလို ထူးထူးျခားျခားလူတေယာက္အေၾကာင္းကို ဗဟုသုတ အေနနဲ႔ ေဝမွ်လိုက္ ပါ တယ္။

သူ႔နာမည္အျပည့္အစုံကေတာ့ James Christopher Harrison ျဖစ္ေပမယ့္ သူ႔ရဲ႕ထူးျခားတဲ့ အရည္အခ်င္းတခုေၾကာင့္ သူ႔ကို ေ႐ႊေရာင္လက္ေမာ င္းနဲ႔လူ Man with the Golden Arm လို႔တင္စားေခၚေဝၚေလ့ရွိၾကပါတယ္။ ၾသစေၾတးလ်ႏိုင္ငံသားတေယာက္ျဖစ္တဲ့ သူ႔ကို ၁၉၃၆ ခုႏွစ္ ဒီဇင္ဘာလမွာ ၂၇ ရက္ေန႔မွာ ေမြးဖြားခဲ့ပါ တယ္။

သူအသက္ ၁၄ႏွစ္မွာ ရင္ဘတ္ပိုင္းဆိုင္ရာအႀကီးစားခြဲစိတ္မႈတခုျပဳလုပ္ခဲ့ရပါတယ္။ အဲဒီတုန္းက ေသြးလိုအပ္ခ်က္ေၾကာင့္ ေသြး ၁၃ပုလင္းအထိ အသုံးျပဳခဲ့ရပါတယ္။ ေသြးဟာ သူ႔ရဲ႕အသက္ကိုကယ္ဆယ္ခဲ့တယ္လို႔ နားလည္ခဲ့ၿပီး ေသြးရဲ႕အေရးပါပုံကို သေဘာေပါက္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူ႔ဘဝတေလွ်ာက္လုံး ေသြးလႉျခင္းျပဳလုပ္သြားမယ္လို႔ ကတိေပးခဲ့ၿပီး အသက္ ၁၈ႏွစ္က ေနစတင္လို႔ ေသြးလႉ ခဲ့ပါေ တာ့တယ္။

၁၉၅၄ ခုႏွစ္မွာ ပထမဆုံးအႀကိမ္ေသြးလႉခဲ့ပါတယ္။ ဒီမွာတင္ ဆရာဝန္ေတြဟာ ထူးျခားခ်က္တခုကိုသြားေတြ႕ပါတယ္။ အဲဒါကေတာ့ Harrison ရဲ႕ေသြးထဲမွာ Rh disease ဆိုတဲ့ေရာဂါကို တိုက္ထုတ္ေပးႏိုင္တဲ့ anti-D antibodies ေတြ ျမင့္မားစြာပါရွိေနတာပါ။ Rh ေရာဂါဟာ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာျဖစ္ေလ့ရွိၿပီး မိခင္ရဲ႕ေသြးထဲက အင္တီေဘာ္ဒီ ေတြဟာ ကေလးရဲ႕ေသြးကို ဆန႔္က်င္တဲ့အခါ ျဖစ္တတ္တဲ့ေရာဂါပါ။ အသက္ေသဆုံးတဲ့အထိ အႏၲရာယ္ရွိတဲ့ေရာဂါမ်ိဳးပါ။


ၾသစေၾတးလ်က ကိုယ္ဝန္ေဆာင္မိခင္စုစုေပါင္းရဲ႕ ၁၇% ခန႔္ဟာ ဒီအႏၲရာယ္ကို ရင္ဆိုင္ႀကဳံေတြ႕ရေလ့ရွိပါတယ္။ ဒီလိုထူးျခားမႈမ်ိဳးပါရွိတဲ့အတြက္ Harrison ရဲ႕ေသြးရည္ၾကည္ဟာ ကေလးေပါင္းမ်ားစြာရဲ႕ အသက္ကို ကယ္တင္ႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။ ႏွစ္ေပါင္း ၆၀ေက်ာ္ ေသြးလႉခဲ့ၿပီး ၾသစေၾတးလ်က ကေလးငယ္ေပါင္း ၂.၄သန္းေက်ာ္ ကို သူ႔ရဲ႕ေသြး နဲ႔ ကယ္တင္ႏိုင္ခဲ့ပါတယ္။ ဒီအထဲမွာ သူရဲ႕သမီးျဖစ္သူလည္း ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔ကို ႏိုင္ငံ့သူရဲေကာင္းတေယာက္အျဖစ္ပါ အသိအမွတ္ျပဳၾကပါတယ္။

သူရဲ႕ေသြးရည္ၾကည္ကိုပဲ ယူတာျဖစ္တဲ့အတြက္ ပုံမွန္ ေသြးလႉသူေတြလို ေသြးအမ်ားႀကီးယူဖို႔ မလိုအပ္ပါဘူး။ ဒါေၾကာင့္ ၂ပတ္ကို ၁ခါ ေလာက္ေသြးလႉႏိုင္ပါတယ္။ ဒီလို မျပတ္တမ္းလႉခဲ့ရာ ၂၀၁၁ ခုႏွစ္ ေမလမွာေတာ့ ေသြးလႉတဲ့အႀကိမ္ေပါင္း ၁၀၀၀ ျပည့္ခဲ့ပါတယ္။ ေဆးပညာရွင္ေတြကေတာ့ Harrison မွာ ဘာေၾကာင့္ ဒီလိုရွားပါးတဲ့ေသြးမ်ိဳးရွိေနရသလဲဆိုတာ တိတိက်က်မေျပာႏိုင္ၾကေပမယ့္ သူအသက္ ၁၄ႏွစ္က ခြဲစိတ္မႈမွာ ေသြးသြင္းရင္း အခုလိုရွားပါးတဲ့ေသြးေျပာင္းလဲခဲ့တာျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Harrison ဟာ ၾသစေၾတးလ်တင္မကပဲ အျခားႏိုင္ငံတကာ ပရဟိတအဖြဲ႕အစည္းေတြနဲ႔ ဆက္သြယ္ကာ သူ႔ရဲ႕ေသြးကို လႉဒါန္းခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ေမလ ၁၁ ရက္ေန႔မွာေတာ့ Harrison ဟာ သူ႔ရဲ႕ အႀကိမ္ ၁၁၇၃ႀကိမ္ေျမာက္ ေသြးလႉခဲ့ၿပီး ဒါဟာ ေနာက္ဆုံးအႀကိမ္လည္းျဖစ္ပါတယ္။ တကယ္ဆိုရင္ သူ႔အေနနဲ႔ သူ႔ရဲ႕ေသြးကို ဆက္လႉခ်င္ေနဆဲျဖစ္ေပမယ့္ ၾသစေၾတးလ်ရဲ႕ စည္းမ်ဥ္းသတ္မွတ္ခ်က္အရ အသက္ ၈၁ႏွစ္ျပည့္သြားၿပီျဖစ္တဲ့အတြက္ ေသြးလႉခြင့္မရွိေတာ့ပါဘူး။

ေသြးလႉျခင္းျဖင့္ အသက္ေပါင္း ၂သန္းေက်ာ္ကို ကယ္တင္ႏိုင္ခဲ့တဲ့ Harrison ဟာ ဆုတံဆိပ္ေပါင္းမ်ားစြာကိုလည္း ခ်ီးျမႇင့္ခံခဲ့ရပါတယ္။ ယခု ဆိုရင္ေတာ့ သူ႔ရဲ႕အသက္ဟာ ၈၃ႏွစ္ရွိသြားၿပီျဖစ္ပါတယ္။ လူသန္းေပါင္းမ်ားစြာမွာ ၁ေယာက္ျပဳလုပ္ဖို႔ခက္တဲ့ ထူးထူးျခားျခား အလုပ္ကို လုပ္ခဲ့ၿပီး ဒါကို သူ႔ဘဝတေလွ်ာက္လုံး အၿမဲအမွတ္ရေနပါလိမ့္မယ္။

Credit Original

Post a Comment

Previous Post Next Post