(Unicode)


နေပြည်တော် ဇူလိုင် ၂၉….ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၀ ပြည့်နှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်ကြီး၌



ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။






အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။



ဤဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည် ဟုသတင်းရရှိပါသည်။

Credit : MPO

(Zawgyi)


ေနျပည္ေတာ္ ဇူလိုင္ ၂၉….ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အစိုးရ၏ ၂၀၂၀ ျပည့္ႏွစ္ ဝါဆိုသကၤန္း ဆက္ကပ္လႉဒါန္းပြဲ မဂၤလာအခမ္းအနားကို ယေန႔နံနက္ ၉ နာရီခြဲတြင္ ေနျပည္ေတာ္ရွိ ဥပၸါတသႏၲိေစတီေတာ္ သာသနာ့မဟာဗိမာန္ေတာ္ႀကီး၌




က်င္းပရာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ဇနီး ေဒၚခ်ိဳခ်ိဳ၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ တက္ေရာက္ၾကည္ညိဳၾကၿပီး ဝါဆိုသကၤန္းႏွင့္ လႉဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လႉဒါန္း ၾကသည္။





အခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ မႏၲေလးၿမိဳ႕ ဗန္းေမာ္ ေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာ သဒၶမၼ ေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။



ဤဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲသို႔ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၊ ျပည္ေထာင္စု ရာထူးဝန္အဖြဲ႕ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ)၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကည္ညိဳၾကသည္ ဟုသတင္းရရွိပါသည္။

Credit : MPO

Post a Comment

Previous Post Next Post