(Unicode)

COVID-19 ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား မိသားစု ၅ သန်း ၄ သိန်းကျော်အား ငွေသား ၂ သောင်းကျပ်စီ ပေးအပ်သွားရန် စီစဉ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၇ ရက်တွင် ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၀)သို့ Video Clip ဖြင့် အမှာစကားပေးပိုစဉ် ထည့်သွင်းပြောကြားခဲ့သည်။


“COVID-19 ကပ်ရောဂါရဲ့ထိခိုက်မှုတွေကို ကုစားမှုတွေ ဆောင်ရွက်ရာမှာ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတစ်ခုစီအတွက် ကျပ်တစ်သောင်းခွဲဘိုး ရိက္ခာဝေငှတာကို ပထမအကြိမ်ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ ဒုတိယအကြိမ်အဖြစ် မိသားစု ၅ သန်း ၄ သိန်းကျော်ကို ငွေသား ၂ သောင်းစီ ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

COVID-19 ကပ်ရောဂါ၌ နိုင်ငံတော် အစိုးရအနေဖြင့် ဘဏ်တိုးများ လျှော့ချပေးခြင်း၊ လိုင်စင်ခွန်များ အချိန်ကာလသတ်မှတ် ကင်းလွတ်ခွင့်ပြုခြင်း၊ ပေးဆောင်ရမည့်ဝင်ငွေခွန်များ၊ ကုန်သွယ်လုပ်ငန်းခွန်များ ရွှေ့ဆိုင်းပေးသွင်းခွင့်ပြုခြင်း စသည့်ဖြေလျှော့မှုများ ပေးခဲ့ပြီး လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေသည့် အထည်ချုပ် လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ၁ ရာခိုင်နှုန်း အတိုးဖြင့် တစ်နှစ်ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျပ်ဘီလီယံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံထုတ်ချေးပေးသွားဖို့ရှိကြောင်း သိရသည်။


ယခုလို ထုတ်ချေးပေးခြင်းသည် လုပ်ငန်း ရပ်ဆိုင်းနေစဉ်ကာလ၌ ဝန်ထမ်းများအား လစာပေးထားနိုင်ရေး အကူအပံ့အဖြစ် ထုတ်ချေးပေးခြင်းဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာဖြစ်သည့်အတွက် ဝင်ငွရရှိအောင် လုပ်ငန်းလုပ်ဆောင်ပြီး သတ်မှတ်ကာလမှာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်လောင်းပြောကြားခဲ့သည်။


Credit Original

(Zawgyi)


COVID-19 ကိုရိုနာဗိုင္းရပ္ ကပ္ေရာဂါ၌ ပုံမွန္ဝင္ေငြ မရွိေသာ အေျခခံလူတန္းစား မိသားစု ၅ သန္း ၄ သိန္းေက်ာ္အား ေငြသား ၂ ေသာင္းက်ပ္စီ ေပးအပ္သြားရန္ စီစဥ္ေနေၾကာင္း နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဇူလိုင္ ၇ ရက္တြင္ က်င္းပသည့္ အမ်ိဳးသားခရီးသြားလုပ္ငန္း ဖြံ့ၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မတီအစည္းအေဝး(၁/၂၀၂၀)သို႔ Video Clip ျဖင့္ အမွာစကားေပးပိုစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။


“COVID-19 ကပ္ေရာဂါရဲ့ထိခိုက္မႈေတြကို ကုစားမႈေတြ ေဆာင္ရြက္ရာမွာ ပုံမွန္ဝင္ေငြ မရွိတဲ့ အေျခခံလူတန္းစား အိမ္ေထာင္စုတစ္ခုစီအတြက္ က်ပ္တစ္ေသာင္းခြဲဘိုး ရိကၡာေဝငွတာကို ပထမအႀကိမ္ေဆာင္ရြက္ေပးၿပီးျဖစ္ပါတယ္။ ဒုတိယအႀကိမ္အျဖစ္ မိသားစု ၅ သန္း ၄ သိန္းေက်ာ္ကို ေငြသား ၂ ေသာင္းစီ ေပးအပ္သြားဖို႔ စီစဥ္ေနပါတယ္။” ဟု နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားသည္။

COVID-19 ကပ္ေရာဂါ၌ နိုင္ငံေတာ္ အစိုးရအေနျဖင့္ ဘဏ္တိုးမ်ား ေလၽွာ့ခ်ေပးျခင္း၊ လိုင္စင္ခြန္မ်ား အခ်ိန္ကာလသတ္မွတ္ ကင္းလြတ္ခြင့္ျပဳျခင္း၊ ေပးေဆာင္ရမည့္ဝင္ေငြခြန္မ်ား၊ ကုန္သြယ္လုပ္ငန္းခြန္မ်ား ေရႊ႕ဆိုင္းေပးသြင္းခြင့္ျပဳျခင္း စသည့္ေျဖေလၽွာ့မႈမ်ား ေပးခဲ့ၿပီး လက္ခစားစနစ္ျဖင့္ ေဆာင္ရြက္ေနသည့္ အထည္ခ်ဳပ္ လုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားႏွင့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားအတြက္ ၁ ရာခိုင္ႏႈန္း အတိုးျဖင့္ တစ္ႏွစ္ေခ်းေငြ က်ပ္ဘီလီယံ ၁၀၀ ထုတ္ေခ်းခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္ က်ပ္ဘီလီယံ ၂၀၀ မွ ၅၀၀ အထိ ထပ္မံထုတ္ေခ်းေပးသြားဖို႔ရွိေၾကာင္း သိရသည္။


ယခုလို ထုတ္ေခ်းေပးျခင္းသည္ လုပ္ငန္း ရပ္ဆိုင္းေနစဥ္ကာလ၌ ဝန္ထမ္းမ်ားအား လစာေပးထားနိုင္ေရး အကူအပံ့အျဖစ္ ထုတ္ေခ်းေပးျခင္းျဖစ္ၿပီး နိုင္ငံေတာ္ ဘ႑ာျဖစ္သည့္အတြက္ ဝင္ငြရရွိေအာင္ လုပ္ငန္းလုပ္ေဆာင္ၿပီး သတ္မွတ္ကာလမွာ ျပန္လည္ေပးဆပ္ရမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ထပ္ေလာင္းေျပာၾကားခဲ့သည္။

Post a Comment

Previous Post Next Post