(Unicode)

အိမ်မက်အလွန်မှ ဝိညာဉ်ဖြူများသို့

ကျောက်ကောင်း တပွင့်ထမ်း…ငွေသိန်းသန်းနဲ့ကျွန်တော်ပြန်ခဲ့မယ်ဆိုတဲ့ကတိ မတည်နိုင်ခဲ့လို့တောင်းပန်တယ်..အမေ


အိပ်မက်တွေရဲ့ခြေ တစ်လှမ်းအတွက်…အသက်ခြွေမြေစာပုံထက်..ရမ္မက်မဟုတ်တဲ့ လောဘနဲ့..ငါကြိုးစားခဲ့ပါသေးတယ်..ချစ်သူရယ်…..

သားလေးကိုရှင်ပြုမယ်ဆိုတဲ့ စိတ်ကူးတခုနဲ့ ချစ်ဇနီးလေးအတွက်နားကပ်လေးတရံ…ငါပြန်ရင်ပါရမယ်ဆိုတဲ့….အတွေးကင့ါကို..မြေမြှပ်သင်္ဂြိုလ်လိုက်ပြီ..ရှင်မရေ.

ကျောက်ကလေးများ….အောင်ခဲ့ယင်…စွဲနေတဲ့..ဆေးကိုဖြတ်ပြီး..တိုက်ကြီးကြီးမှာ တစ်မျိုးလုံးကိုတင်ကျွေးထားမှာဆိုတဲ့ ငါ့ဝိဉာဉ်လေးခင်ဗျာ…လေမှာမျောနေပါပေါ့လား



ပိုက်ဆံတွေအများကြီးရယင်..ငါညီမလေး ကို.. ကျောင်းကောင်းကောင်းထား..နိုင်ငံခြားကိုသွား ခိုင်းချင်တယ်ကွာ.နောက်ဘဝဆိုတာရှိခဲ့ယင်ပေါ့

ဘယ်သူ့ကိုမှအပြင်မတင်ကြပါနဲ့ဗျာ…ကျွန်တော်တို့ရဲ့ ကံကြမ္မာ..ဝဋ်ကြွေးပါလို့.. ဆပ်ရတယ်ပဲမှတ်ပါတယ်…နောက်တကြိမ်သာ လူဖြစ်ခွင့်ရမယ်ဆိုရင်…ဒီတိုင်းပြည်မှာပဲ..နေချင်ပါသေးတယ်…အေးချမ်းသာယာစွာနဲ့ပေါ့

ရေမဆေးရှာ..ကျောက်သမားဘဝ..အထက်တန်း မကျပေမဲ့…အိပ်မက်တွေ ကိုယ်စီနဲ့ပါ….သေမင်းခံတွင်းဝမှန်းသိသော်လည်း…ငရဲကလာသူ..ပြာပူမကြောက်မို့….တိုးခဲ့သောမီး..အပူကြီးမှန်းလည်းသိပါ ရဲ့နောက်ငဲ့ကြည့်သော်….ကြင်သူမယား..သမီး..သားနဲ့..ချစ်တဲ့မိဘ မောင်နှမတွေ..ရွှန်းဝေအပြုံး…နှလုံးသားနဲ့..ပိုးဖလံတွေပါလေ…..

ဒီနိုင်ငံ..ဒီအဖြစ်ဆိုး မျိုးနောင်မကြုံပါရစေ နဲ့ဗျာ ညီနောင်များ ကောင်းသောကတိလားစေသော်

လမင်းမောင်

(Zawgyi)














လမင်းမောင်

Post a Comment

Previous Post Next Post