(Unicode)

ထိုင်းနိုင်ငံ မှာ ယခုနှစ် စီးပွားရေးကျဆင်း ခဲ့တာကြောင့် အဓိကကျတဲ့ ဝန်ကြီး (၄) ဦးနုတ်ထွက်သွားခဲ့ပါတယ်။လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ အာဏာရ ပါလန်းပရာချာရတ်သ် ပါတီထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ နောက်ပိုင်းအခုလို နုတ်ထွက် မှုတွေကို တွေ့မြင်ခဲ့ရ တာ ပါ။


နုတ်ထွက်သွားသူတွေက ဒုတိယ ဝန်ကြီးချုပ် ဆွမ်ကစ်ဒ် ဂျာတူဆရီပီတက်၊ ဘဏ္ဍာရေးဝန်ကြီး အူတမာဆဗာနာယန၊ စွမ်းအင်ဝန်ကြီးဆွန်တီရတ် ဆွန်တီဂျီရာဝေါင်၊ ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဝန်ကြီးဆူဝစ် မက်ဆင်ဆီးတို့ ဖြစ် ပါတ ယ်။


လက်ရှိအာဏာရ ပါလန်း ပရာချာရတ်သ် ပါတီဟာ စစ်ဘက်ကခေါင်းဆောင်ပိုင်းနဲ့ တက္ကနိုခရက်တွေပါဝင်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းထား တာဖြစ်ပါတယ်။အခုနုတ်ထွက်သွားသူတွေက ပါတီဗဟိုကော်မတီဝင် တက္ကနိုခရက်တွေဖြစ်ပါတယ်။ ပါတီ အနေနဲ့ အခုနောက်ပိုင်း မှာ စစ်ဘက် နဲ့ ဆက်ဆံရေး တိုးတက်အောင် ပြင်ဆင်မှုတွေလုပ်နေတယ်လို့လည်း လေ့လာသူတွေက သုံးသပ် ထားကြ ပါတယ်။



Credit one news myanmar


(Zawgyi)


ထိုင္းႏိုင္ငံ မွာ ယခုႏွစ္ စီးပြားေရးက်ဆင္း ခဲ့တာေၾကာင့္ အဓိကက်တဲ့ ဝန္ႀကီး (၄) ဦးႏုတ္ထြက္သြားခဲ့ပါတယ္။လက္ရွိဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာရဲ႕ အာဏာရ ပါလန္းပရာခ်ာရတ္သ္ ပါတီထဲမွာ လႈပ္လႈပ္ရွားရွားျဖစ္သြားတဲ့ ေနာက္ပိုင္းအခုလို ႏုတ္ထြက္ မႈေတြကို ေတြ႕ျမင္ခဲ့ရ တာ ပါ။


ႏုတ္ထြက္သြားသူေတြက ဒုတိယ ဝန္ႀကီးခ်ဳပ္ ဆြမ္ကစ္ဒ္ ဂ်ာတူဆရီပီတက္၊ ဘ႑ာေရးဝန္ႀကီး အူတမာဆဗာနာယန၊ စြမ္းအင္ဝန္ႀကီးဆြန္တီရတ္ ဆြန္တီဂ်ီရာေဝါင္၊ ပညာေရး၊ သိပၸံ၊ သုေတသနနဲ႔ ဆန္းသစ္တီထြင္မႈဝန္ႀကီးဆူဝစ္ မက္ဆင္ဆီးတို႔ ျဖစ္ ပါတ ယ္။


လက္ရွိအာဏာရ ပါလန္း ပရာခ်ာရတ္သ္ ပါတီဟာ စစ္ဘက္ကေခါင္းေဆာင္ပိုင္းနဲ႔ တကၠႏိုခရက္ေတြပါဝင္တဲ့ အစိုးရတစ္ရပ္ကို ဖြဲ႕စည္းထား တာျဖစ္ပါတယ္။အခုႏုတ္ထြက္သြားသူေတြက ပါတီဗဟိုေကာ္မတီဝင္ တကၠႏိုခရက္ေတြျဖစ္ပါတယ္။ ပါတီ အေနနဲ႔ အခုေနာက္ပိုင္း မွာ စစ္ဘက္ နဲ႔ ဆက္ဆံေရး တိုးတက္ေအာင္ ျပင္ဆင္မႈေတြလုပ္ေနတယ္လို႔လည္း ေလ့လာသူေတြက သုံးသပ္ ထားၾက ပါတယ္။

Credit one news myanmar

Post a Comment

Previous Post Next Post