(Unicode)

ကျမ ဒီပို့စ် ကို ကျမ လို အိမ်အကူ မရှိ မဖြစ် ခေါ်ထားရသူ များ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်းဖြစ် ပါတယ် …။ အိမ် မှာ ကျမ နဲ့ အသက် ၇၀ကျော် လေဖြတ်နေ တဲ့ အမေ ၂ယောက်ပဲ ရှိ ပါ တယ် …။

ကျမက (-)ရုံး က ဦးစီးမှူး တစ် ယောက် ပါ…။ အစကတော့ ကျမမောင်လေး မိသားစု က ကျမ ရုံးသွားချိန် အလှည့်ကျ လာနေပေးကြ ပါတယ်…။

ဖြစ်ချင်တော့ သူတို့က တာဝန် နဲ့ နယ်ကိုပြောင်းသွားတော့… ကျမ ရုံးကခွင့် ရက်ရှည်ယူ ရတယ်…။ အဲဒီအချိန် မှာ လက်ပံတန်း နယ်ဘက်က ကျမ ညီမ တစ်ယောက်က အသက် ၁၅ နှစ်လောက် ကောင်မလေး တစ်ယောက် ခေါ်လာတယ်… သာရဝေါနယ်ကတဲ့ …။

မိဘတွေက ကျဘမ်း လုပ်တယ်…။ လစာ ကိုတော့ ကျမညီမက တဆင့် ပေးပါတဲ့…။အဆက်အသွယ် လုံးဝမလုပ် ပါဘူးတဲ့…။ အသားမဲမဲ…မျက်လုံးပြူးပြူး နဲ့ ကလေးမလေးက ခပ်သွက်သွက်လေး ပါပဲ…။



ရောက်တာ နဲ့ မေမေ့လက်ကလေး ကို တရင်းတနှီးနဲ့ ပြေးကိုင်… မေမေ့ကုတင်ဘေးက စာပွဲပေါ်က အမှိုက်တွေသိမ်း …။ မေမေ့ ကို ဂရုစိုက်တန်ကောင်းပါ ရဲ့ …တွေးပြီး…သဘောကျခဲ့တယ်…။

ကျမရုံးကပြန်လာ ရင်လည်း သူက မေမေ့ကို ပြုစု ဂရုစိုက် အိမ် မှာ သန့်ရှင်းရေးတွေ လုပ်ထားတယ် …။ မေမေ့နားမှာ ပြုစုရင်း ပျင်းမှာဆိုးလို့ TV အပေါ်စက်အောက်စက် ကို မေမေ့အခန်းထဲ မှာ ထားပေးတယ်။

… အစပိုင်းတော့ တော်တော် အဆင်ပြေပါတယ်…။ ကျမတိုက်ခန်းက ၃ ထပ်အမြင့် ဆိုတော့… သူက အဝယ်တော်ပေါ့…။ တိုလီမိုလီလေးက အစ သူပဲ တက်လိုက်ဆင်းလိုက်နဲ့… ကျမနေထိုင်ရာ ပတ်ဝန်းကျင် မှာ တော်တော် သွားတတ်နေပြီပေါ့ …။ ဒီလို တစ်နှစ်ကျော်လာပြီး မှ သူ့ရဲ့ဟန်ဆောင်မှုတွေ သိရဖို့ ပေါ်လာ တယ်…။ ကျမ သတိမထားခဲ့မိဘူး…။

ကျမကလည်းရုံးကပြန်ရောက်တာနဲ့ မေမေ့ကို အရင်ဝင်ပြီးတွေ့တယ်…။ သူက မေမေ့နား မှာ ခြေဆုပ်လက်နယ် အမြဲရှိနေတယ်… မေမေမျက်နှာမကောင်းဘူး ၊ နေကောင်းလားမေးတော့ ခေါင်းငြိမ့်ပြပြီး သူ့ကိုကြည့်နေ တယ်…။ မေမေက လေဖြတ်ထားတော့ စကားမပြောနိုင်ဘူး …။

ခြေ ၂ ဖက်စလုံး မလှုပ်နိုင်ဘူး…။ လက် တစ်ဖက်ကတော့ မြှောက်နိုင် တယ်…။ သူကတော့ မေမေ့ ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပုံမှန်အတိုင်း စ နောက် နေတာပါပဲ…။ အဲဒီတော့ ကျမလည်း မရိပ်မိခဲ့ဘူး။… တစ်ရက်မှာတော့ အခန်းထဲ မှာ ကျမနဲ့မေမေ ၂ယောက်ထဲ ရှိနေတုန်း… မေမေက အခန်းပေါက်ဝကိုကြည့်လိုက် လက်ကိုထောင်ပြလိုက် နဲ့ ဝူးဝါးဝူးဝါးနဲ့ စကားတွေပြောနေ တယ်…။

မေမေ ဘာပြောချင်တာလဲ ကျမက မေးနေတုန်း… သူက အခန်းထဲ ဝင်လာတော့ မေမေက သူ့ ကို လက်နဲ့ ထိုးထိုးပြပြီး ဘာတွေမှန်းမသိ အော်ဟစ်ပြောနေတော့တာပါ ပဲ…။ သူက မေမေ့ကို ပြေးဖက်ပြီး မေမေကြီး ဘာလဲ ဘာလဲ နဲ့ မေးတာကို မေမေက သူ့ကို လက်နဲ့အတင်းတွန်းထုတ်တာတွေ့ရတယ်…။

သူ့ကို ကျမ အဲဒီကစ မသင်္ကာဖြစ်လာ ခဲ့တယ်…။ ကျမ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ကျမရုံးပိတ်တစ်ရက်မှာ …သူ့ကို ဆွေ မျိုးတွေနဲ့ တစ်နေကုန် ဘုရားဖူး လွှတ် လိုက်ပြီး… တစ်အိမ်လုံးကို CCTV တပ်လိုက်တယ်…။

သူတို့လည်း မသင်္ကာတဲ့ ပုံစံ မဟုတ်ပဲ ပုံမှန်ခဲ့တယ် …။ တစ်နေ့မှာတော့ CCTV က အခြေနေ ကို ကြည့်ပြီး ကျမ အရမ်းလန့်သွားတယ် …။ ကြောက်ဖို့ကောင်းလိုက်တာ…။



သူက မေမေ့အခန်းထဲမှာ ရှိတာထက် အိမ်ပြင်ကို ကျမ ဘာမှ ခိုင်းမထား ပဲထွက်သွားတယ် …။ (သူ့ကိုလည်း ယုံကြည်သွားတော့… အရေးအကြောင်း ဆို လူမမာမေမေနဲ့ ထွက်ပေါက်မရှိမှာစိုး လို့ အိမ်သော့တစ်ချောင်းကို ဧည့်ခန်းထဲမှာ ချိတ်ထားခဲ့တယ်) ကျမ မရှိရင် အပြင်လုံးဝမထွက်ရဘူးလို့ မှာထားပြီးသား…။

ခုတော့ သူက မေမေတစ်ယောက် ထဲထားခဲ့ပြီး အပြင်ထွက်သွားတယ်…။ ပြန်လာတော့ ဆံပင်နီကြောင်ကြောင် နဲ့ မည်းမည်းပိန်ပိန် အသက် ၃၀ ရွယ် လူတစ်ယောက်ကိုခေါ်လာတယ်…။ နောက်ပြီး ထမင်းစားခန်းထဲ မှာ နှစ်ယောက်သား ထမင်းတွေစားကြ တယ်…။

အဲဒီကောင်က ရေခဲသေတ္တာထဲက ရေဘူး ကိုလည်း သူ့အိမ်အတိုင်း ဖွင့်သောက်နေ တာ…။ ဒီထက်ဆိုးတာ ကတော့ သူတို့နှစ်ယောက် ထမင်းစားခန်းထဲ မှာ… မဖွယ်မရာတွေ လုပ်နေကြတော့တာ ပါပဲ…။

ဒီထက်ပိုဆိုးသွားတာကတော့ မေမေ့အိပ်ခန်းထဲ ကို ၂ ယောက်စလုံး ဝင်သွားကြတော့တာ ပါပဲ…။ အဲဒီကောင် ဝင်လာတာ ကို မေမေရယ် ဝူးဝါးဝူးဝါးနဲ့ အော်လိုက်တာ…။ သနားလိုက်တာမေမေရယ်…။

အဲဒီကောင် က တန်းပေါ်က ပုဝါကို ယူပြီး မေမေ့မျက်လုံး ကို စည်းတော့… မေမေ အတင်းရုန်းကန်နေ ရှာတာ ။ မေမေ ကြောက်လို့ငြိမ်သွားတော့ မေမေ့စားပွဲပေါ်က အိုဗာတင်း တွေဖျော် မုန့်တွေယူစား TV ဖွင့်ကြည့်ကြပြီး မေမေ့နား မှာပဲ မဖွယ်မရာပွတ်သပ် လုပ်နေကြတာ…။

ကျမလေ… အရမ်းအံ့သြပြီး အိမ်အကူ ကို အရမ်း စက်ဆုပ် ရွံရှာလိုက်တာ…။ အဲဒီနေ့ ကျမရုံး က တပည့်ညီမနှစ်ယောက်က ကျမအိမ် လိုက်လာပြီး ကျမ ကို အမှားဖြစ်မှာဆိုး လို့ထိန်းပေးတယ်…။ ဘာမှမပြောပါ နဲ့ မသိယောင်ဆောင်နေပါဆိုလို့ ကျမ တော်တော် သည်းခံထား ခဲ့ရပါတယ်…။

သူကတော့ အပြုံးမပျက် မေမေ့နားက တဖဝါးမခွာ အရမ်း ကို ဂရုစိုက်ပုံ…။ မေမေကတော့ အနီးကပ် သူ့ကို အရမ်းကြောက်ပြီး… သူပြုသမျှ ခံနေရတဲ့ ကျမရဲ့ မေမေ …သနားစရာကောင်း လိုက်တာ …။ CCTV သာမကယ်ရင် ကျမ မေမေ ဘယ်အထိများ ခံစားနေရရှာမလဲ…။

လက်ပံတန်းက ညီမရောက်လာတော့ မှ သူ့ကို CCTV ဖွင့်ပြလိုက်တယ်…။ သူ အရမ်းလန့်သွားတယ် …။ ရဲစခန်းကိုလဲ မတိုင်ခဲ့ ပါဘူး…။ အကျယ်အကျယ်တွေလဲမဖြစ်ချင်ဘူး…။ ခုတော့ သူ့မြို့ ကို ပြန်ပို့လိုက်ပြီ… အိမ်အကူတွေ နှိပ်စက်ခံရတာ ကိုပဲ မမြင်ကြ ပါနဲ့ …။

အိမ်အကူတွေ နှိပ်စက်တာ ခံနေရတဲ့ ကျမ တို့လို အိမ်ရှင်တွေ လဲ ရှိပါတယ်…။ သက်ကြီးရွယ်အိုမိဘများ ကို အိမ်အကူ နဲ့ စိတ်ချလက်ချ မထားကြပါနဲ့ …။

Kyu Kyu

(Zawgyi)


က်မ ဒီပို႔စ္ ကို က်မ လို အိမ္အကူ မရွိ မျဖစ္ ေခၚထားရသူ မ်ား အတြက္ ရည္႐ြယ္ၿပီး တင္ေပးလိုက္ရျခင္းျဖစ္ ပါတယ္ …။ အိမ္ မွာ က်မ နဲ႔ အသက္ ၇၀ေက်ာ္ ေလျဖတ္ေန တဲ့ အေမ ၂ေယာက္ပဲ ရွိ ပါ တယ္ …။

က်မက (-)႐ုံး က ဦးစီးမႉး တစ္ ေယာက္ ပါ…။ အစကေတာ့ က်မေမာင္ေလး မိသားစု က က်မ ႐ုံးသြားခ်ိန္ အလွည့္က် လာေနေပးၾက ပါတယ္…။

ျဖစ္ခ်င္ေတာ့ သူတို႔က တာဝန္ နဲ႔ နယ္ကိုေျပာင္းသြားေတာ့… က်မ ႐ုံးကခြင့္ ရက္ရွည္ယူ ရတယ္…။ အဲဒီအခ်ိန္ မွာ လက္ပံတန္း နယ္ဘက္က က်မ ညီမ တစ္ေယာက္က အသက္ ၁၅ ႏွစ္ေလာက္ ေကာင္မေလး တစ္ေယာက္ ေခၚလာတယ္… သာရေဝါနယ္ကတဲ့ …။

မိဘေတြက က်ဘမ္း လုပ္တယ္…။ လစာ ကိုေတာ့ က်မညီမက တဆင့္ ေပးပါတဲ့…။အဆက္အသြယ္ လုံးဝမလုပ္ ပါဘူးတဲ့…။ အသားမဲမဲ…မ်က္လုံးျပဴးျပဴး နဲ႔ ကေလးမေလးက ခပ္သြက္သြက္ေလး ပါပဲ…။



ေရာက္တာ နဲ႔ ေမေမ့လက္ကေလး ကို တရင္းတႏွီးနဲ႔ ေျပးကိုင္… ေမေမ့ကုတင္ေဘးက စာပြဲေပၚက အမႈိက္ေတြသိမ္း …။ ေမေမ့ ကို ဂ႐ုစိုက္တန္ေကာင္းပါ ရဲ႕ …ေတြးၿပီး…သေဘာက်ခဲ့တယ္…။

က်မ႐ုံးကျပန္လာ ရင္လည္း သူက ေမေမ့ကို ျပဳစု ဂ႐ုစိုက္ အိမ္ မွာ သန္႔ရွင္းေရးေတြ လုပ္ထားတယ္ …။ ေမေမ့နားမွာ ျပဳစုရင္း ပ်င္းမွာဆိုးလို႔ TV အေပၚစက္ေအာက္စက္ ကို ေမေမ့အခန္းထဲ မွာ ထားေပးတယ္။

… အစပိုင္းေတာ့ ေတာ္ေတာ္ အဆင္ေျပပါတယ္…။ က်မတိုက္ခန္းက ၃ ထပ္အျမင့္ ဆိုေတာ့… သူက အဝယ္ေတာ္ေပါ့…။ တိုလီမိုလီေလးက အစ သူပဲ တက္လိုက္ဆင္းလိုက္နဲ႔… က်မေနထိုင္ရာ ပတ္ဝန္းက်င္ မွာ ေတာ္ေတာ္ သြားတတ္ေနၿပီေပါ့ …။ ဒီလို တစ္ႏွစ္ေက်ာ္လာၿပီး မွ သူ႔ရဲ႕ဟန္ေဆာင္မႈေတြ သိရဖို႔ ေပၚလာ တယ္…။ က်မ သတိမထားခဲ့မိဘူး…။

က်မကလည္း႐ုံးကျပန္ေရာက္တာနဲ႔ ေမေမ့ကို အရင္ဝင္ၿပီးေတြ႕တယ္…။ သူက ေမေမ့နား မွာ ေျခဆုပ္လက္နယ္ အၿမဲရွိေနတယ္… ေမေမမ်က္ႏွာမေကာင္းဘူး ၊ ေနေကာင္းလားေမးေတာ့ ေခါင္းၿငိမ့္ျပၿပီး သူ႔ကိုၾကည့္ေန တယ္…။ ေမေမက ေလျဖတ္ထားေတာ့ စကားမေျပာႏိုင္ဘူး …။

ေျခ ၂ ဖက္စလုံး မလႈပ္ႏိုင္ဘူး…။ လက္ တစ္ဖက္ကေတာ့ ေျမႇာက္ႏိုင္ တယ္…။ သူကေတာ့ ေမေမ့ ကို ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ပုံမွန္အတိုင္း စ ေနာက္ ေနတာပါပဲ…။ အဲဒီေတာ့ က်မလည္း မရိပ္မိခဲ့ဘူး။… တစ္ရက္မွာေတာ့ အခန္းထဲ မွာ က်မနဲ႔ေမေမ ၂ေယာက္ထဲ ရွိေနတုန္း… ေမေမက အခန္းေပါက္ဝကိုၾကည့္လိုက္ လက္ကိုေထာင္ျပလိုက္ နဲ႔ ဝူးဝါးဝူးဝါးနဲ႔ စကားေတြေျပာေန တယ္…။

ေမေမ ဘာေျပာခ်င္တာလဲ က်မက ေမးေနတုန္း… သူက အခန္းထဲ ဝင္လာေတာ့ ေမေမက သူ႔ ကို လက္နဲ႔ ထိုးထိုးျပၿပီး ဘာေတြမွန္းမသိ ေအာ္ဟစ္ေျပာေနေတာ့တာပါ ပဲ…။ သူက ေမေမ့ကို ေျပးဖက္ၿပီး ေမေမႀကီး ဘာလဲ ဘာလဲ နဲ႔ ေမးတာကို ေမေမက သူ႔ကို လက္နဲ႔အတင္းတြန္းထုတ္တာေတြ႕ရတယ္…။

သူ႔ကို က်မ အဲဒီကစ မသကၤာျဖစ္လာ ခဲ့တယ္…။ က်မ မိတ္ေဆြေတြနဲ႔ တိုင္ပင္ၿပီး က်မ႐ုံးပိတ္တစ္ရက္မွာ …သူ႔ကို ေဆြ မ်ိဳးေတြနဲ႔ တစ္ေနကုန္ ဘုရားဖူး လႊတ္ လိုက္ၿပီး… တစ္အိမ္လုံးကို CCTV တပ္လိုက္တယ္…။

သူတို႔လည္း မသကၤာတဲ့ ပုံစံ မဟုတ္ပဲ ပုံမွန္ခဲ့တယ္ …။ တစ္ေန႔မွာေတာ့ CCTV က အေျခေန ကို ၾကည့္ၿပီး က်မ အရမ္းလန္႔သြားတယ္ …။ ေၾကာက္ဖို႔ေကာင္းလိုက္တာ…။



သူက ေမေမ့အခန္းထဲမွာ ရွိတာထက္ အိမ္ျပင္ကို က်မ ဘာမွ ခိုင္းမထား ပဲထြက္သြားတယ္ …။ (သူ႔ကိုလည္း ယုံၾကည္သြားေတာ့… အေရးအေၾကာင္း ဆို လူမမာေမေမနဲ႔ ထြက္ေပါက္မရွိမွာစိုး လို႔ အိမ္ေသာ့တစ္ေခ်ာင္းကို ဧည့္ခန္းထဲမွာ ခ်ိတ္ထားခဲ့တယ္) က်မ မရွိရင္ အျပင္လုံးဝမထြက္ရဘူးလို႔ မွာထားၿပီးသား…။

ခုေတာ့ သူက ေမေမတစ္ေယာက္ ထဲထားခဲ့ၿပီး အျပင္ထြက္သြားတယ္…။ ျပန္လာေတာ့ ဆံပင္နီေၾကာင္ေၾကာင္ နဲ႔ မည္းမည္းပိန္ပိန္ အသက္ ၃၀ ႐ြယ္ လူတစ္ေယာက္ကိုေခၚလာတယ္…။ ေနာက္ၿပီး ထမင္းစားခန္းထဲ မွာ ႏွစ္ေယာက္သား ထမင္းေတြစားၾက တယ္…။

အဲဒီေကာင္က ေရခဲေသတၱာထဲက ေရဘူး ကိုလည္း သူ႔အိမ္အတိုင္း ဖြင့္ေသာက္ေန တာ…။ ဒီထက္ဆိုးတာ ကေတာ့ သူတို႔ႏွစ္ေယာက္ ထမင္းစားခန္းထဲ မွာ… မဖြယ္မရာေတြ လုပ္ေနၾကေတာ့တာ ပါပဲ…။

ဒီထက္ပိုဆိုးသြားတာကေတာ့ ေမေမ့အိပ္ခန္းထဲ ကို ၂ ေယာက္စလုံး ဝင္သြားၾကေတာ့တာ ပါပဲ…။ အဲဒီေကာင္ ဝင္လာတာ ကို ေမေမရယ္ ဝူးဝါးဝူးဝါးနဲ႔ ေအာ္လိုက္တာ…။ သနားလိုက္တာေမေမရယ္…။

အဲဒီေကာင္ က တန္းေပၚက ပုဝါကို ယူၿပီး ေမေမ့မ်က္လုံး ကို စည္းေတာ့… ေမေမ အတင္း႐ုန္းကန္ေန ရွာတာ ။ ေမေမ ေၾကာက္လို႔ၿငိမ္သြားေတာ့ ေမေမ့စားပြဲေပၚက အိုဗာတင္း ေတြေဖ်ာ္ မုန္႔ေတြယူစား TV ဖြင့္ၾကည့္ၾကၿပီး ေမေမ့နား မွာပဲ မဖြယ္မရာပြတ္သပ္ လုပ္ေနၾကတာ…။

က်မေလ… အရမ္းအံ့ၾသၿပီး အိမ္အကူ ကို အရမ္း စက္ဆုပ္ ႐ြံရွာလိုက္တာ…။ အဲဒီေန႔ က်မ႐ုံး က တပည့္ညီမႏွစ္ေယာက္က က်မအိမ္ လိုက္လာၿပီး က်မ ကို အမွားျဖစ္မွာဆိုး လို႔ထိန္းေပးတယ္…။ ဘာမွမေျပာပါ နဲ႔ မသိေယာင္ေဆာင္ေနပါဆိုလို႔ က်မ ေတာ္ေတာ္ သည္းခံထား ခဲ့ရပါတယ္…။

သူကေတာ့ အၿပဳံးမပ်က္ ေမေမ့နားက တဖဝါးမခြာ အရမ္း ကို ဂ႐ုစိုက္ပုံ…။ ေမေမကေတာ့ အနီးကပ္ သူ႔ကို အရမ္းေၾကာက္ၿပီး… သူျပဳသမွ် ခံေနရတဲ့ က်မရဲ႕ ေမေမ …သနားစရာေကာင္း လိုက္တာ …။ CCTV သာမကယ္ရင္ က်မ ေမေမ ဘယ္အထိမ်ား ခံစားေနရရွာမလဲ…။

လက္ပံတန္းက ညီမေရာက္လာေတာ့ မွ သူ႔ကို CCTV ဖြင့္ျပလိုက္တယ္…။ သူ အရမ္းလန္႔သြားတယ္ …။ ရဲစခန္းကိုလဲ မတိုင္ခဲ့ ပါဘူး…။ အက်ယ္အက်ယ္ေတြလဲမျဖစ္ခ်င္ဘူး…။ ခုေတာ့ သူ႔ၿမိဳ႕ ကို ျပန္ပို႔လိုက္ၿပီ… အိမ္အကူေတြ ႏွိပ္စက္ခံရတာ ကိုပဲ မျမင္ၾက ပါနဲ႔ …။

အိမ္အကူေတြ ႏွိပ္စက္တာ ခံေနရတဲ့ က်မ တို႔လို အိမ္ရွင္ေတြ လဲ ရွိပါတယ္…။ သက္ႀကီး႐ြယ္အိုမိဘမ်ား ကို အိမ္အကူ နဲ႔ စိတ္ခ်လက္ခ် မထားၾကပါနဲ႔ …။

Kyu Kyu

Post a Comment

Previous Post Next Post