(Unicode)


လက်ရှိ ကမ္ဘာ့ရွှေပေါက်ဈေးမှာ နှစ်ပေါင်း ၅၀ ဝန်းကျင်အတွင်း အမြင့်ဆုံးပေါက်ဈေးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက် မှုမှာ COVID-19 သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုကို စိုးရိမ်သည့်အတွက် ရွှေများကိုသာ ရင်းနှီးမြှုပ်နှံလာသော ကြောင့် စံချိန်တင်ပေါက်ဈေး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ပြည်တွင်းဈေးကွက်မှာတော့ ရွှေဈေးမြင့်တက်လာခဲ့သည့်အတွက် ဝယ်လိုအားထက် ရောင်းလိုအား ပိုများလျက်ရှိနေပြီး ယခုကဲ့သို့ ကမ္ဘာ့ ရွှေဈေး အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာချိန်တွင် ပြည်ပသို့ သြဂုတ်လအတွင်း ရွှေတင်ပို့ရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။

သမိုင်းတစ်လျှောက် ကမ္ဘာ့ရွှေ့ဈေးစံချိန်တင်မြင့်တက်ချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ၁၃ သိန်းကျော်အ ထိ ရှိလာပြီဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ကမ္ဘာ့ရွှေဈေးမှာ ဇူလိုင် ၂၄ ရက်မှစတင်၍ မြင့်တက်လာခဲ့ပြီး ယနေ့ ကမ္ဘာ့ရွှေဈေး တစ်ထရိုင်အောင်စ၏ ပေါက်ဈေးသည် အမေရိကန်ဒေါ်လာ ၁၉၄၂ အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေးမှာတော့ တစ်ကျပ်သားကို ၁၃ သိန်းကျော်မြင့်တက်ခဲ့သော်လည်း ၂၀၁၉ခုနှစ် စက်တင်ဘာလက စံချိန်တင်ပေါက် ဈေးဖြစ်ခဲ့သည့် ၁၃၁၀၀၀၀ ကျပ်ကို မကျော်သေးဘဲရှိနေကြောင်း သိရပါတယ်။

REF: MYANMAPLATFORM


(Zawgyi)

လက္ရွိ ကမာၻ႔ေ႐ႊေပါက္ေစ်းမွာ ႏွစ္ေပါင္း ၅၀ ဝန္းက်င္အတြင္း အျမင့္ဆုံးေပါက္ေစ်းအျဖစ္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္ၿပီး ကမာၻ႔ေ႐ႊေစ်းျမင့္တက္ မႈမွာ COVID-19 သက္ေရာက္မႈေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္မႈကို စိုးရိမ္သည့္အတြက္ ေ႐ႊမ်ားကိုသာ ရင္းႏွီးျမႇဳပ္ႏွံလာေသာ ေၾကာင့္ စံခ်ိန္တင္ေပါက္ေစ်း ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

ျပည္တြင္းေစ်းကြက္မွာေတာ့ ေ႐ႊေစ်းျမင့္တက္လာခဲ့သည့္အတြက္ ဝယ္လိုအားထက္ ေရာင္းလိုအား ပိုမ်ားလ်က္ရွိေနၿပီး ယခုကဲ့သို႔ ကမာၻ႔ ေ႐ႊေစ်း အျမင့္ဆုံး အေျခအေနသို႔ ေရာက္ရွိလာခ်ိန္တြင္ ျပည္ပသို႔ ၾသဂုတ္လအတြင္း ေ႐ႊတင္ပို႔ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္းလည္း ရန္ကုန္ တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းမွ သိရပါတယ္။

သမိုင္းတစ္ေလွ်ာက္ ကမာၻ႔ေ႐ႊ႕ေစ်းစံခ်ိန္တင္ျမင့္တက္ခ်ိန္တြင္ ျပည္တြင္းေ႐ႊေစ်းႏႈန္းမွာ အေခါက္ေ႐ႊ တစ္က်ပ္သားကို ၁၃ သိန္းေက်ာ္အ ထိ ရွိလာၿပီဟု ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ သိရပါတယ္။ကမာၻ႔ေ႐ႊေစ်းမွာ ဇူလိုင္ ၂၄ ရက္မွစတင္၍ ျမင့္တက္လာခဲ့ၿပီး ယေန႔ ကမာၻ႔ေ႐ႊေစ်း တစ္ထ႐ိုင္ေအာင္စ၏ ေပါက္ေစ်းသည္ အေမရိကန္ေဒၚလာ ၁၉၄၂ အထိ စံခ်ိန္တင္ျမင့္တက္ခဲ့ပါတယ္။

ယေန႔ ျပည္တြင္းေ႐ႊေစ်းမွာေတာ့ တစ္က်ပ္သားကို ၁၃ သိန္းေက်ာ္ျမင့္တက္ခဲ့ေသာ္လည္း ၂၀၁၉ခုႏွစ္ စက္တင္ဘာလက စံခ်ိန္တင္ေပါက္ ေစ်းျဖစ္ခဲ့သည့္ ၁၃၁၀၀၀၀ က်ပ္ကို မေက်ာ္ေသးဘဲရွိေနေၾကာင္း သိရပါတယ္။

REF: MYANMAPLATFORM

Post a Comment

Previous Post Next Post