(Unicode)


မြန်မာနိုင်ငံ တွင် (COVID 19) ဓာတ်ခွဲ အတည်ပြု လူနာများ ရှိခဲ့သော ဒေသ (၁၆) ခု ရှိခဲ့ပြီး ယခု အချိန်တွင် COVID 19 ရောဂါ ပိုး ကင်းစင် သွား ပြီဖြစ် သည့် ဒေသ စုစုပေါင်း (၁၁) ခုရှိ ပြီဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မှ ထုတ်ပြန် ထား သည်။


အဆိုပါ တိုင်းဒေသ ကြီးနှင့်ပြည်နယ် များမှာ နေပြည် တော်၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ချင်းပြည် နယ်၊ ကချင်ပြည် နယ်၊ မွန်ပြည် နယ်၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့ဖြစ် သည်။

မြန်မာနိုင်ငံ ရှိ တိုင်း ဒေသကြီး / ပြည်နယ် များ အနက် ကယားပြည် နယ် တစ်ခု တွင် သာ COVID 19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိ ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် အရ သိရ သည် ။
ထို့ အပြင် မြန်မာနိုင်ငံ ရှိ မြို့ နယ် (၃၃၀) အနက် မြို့ နယ် (၆၆) မြို့နယ် တွင် ပိုးတွေ့လူနာ စုစုပေါင်း (၃၂၁) ဦးကို တွေ့ရှိခဲ့ပြီး ကျန် (၂၆၄) မြို့နယ် တွင် COVID 19 ရောဂါ ပိုးတွေ့လူ နာ မတွေ့ရှိကြောင်း သိရ သည်။


ယနေ့ (ဇူလိုင် ၁၁ ရက်) နံနက် ပိုင်းအထိ မြန် မာနိုင်ငံ တွင် COVID-19 ရော ဂါ ဓာတ်ခွဲ အတည်ပြု လူနာ (၃၂၆) ဦး ရှိ ပြီး ရောဂါပိုး ကင်းစင် ၍ ဆေးရုံမှ ဆင်းခွင့်ရ သူ (၂၄၀)  ဦးနှင့် သေဆုံး သူ (၆)ဦး ရှိသဖြင့် လက် ရှိ တွင် တိုင်း ဒေသကြီးနှင့်ပြည်နယ် များ ရှိ သက်ဆိုင် ရာ ဆေးရုံ များတွင် ကုသမှု ခံယူလျက် ရှိသူ (၈၀)ဦး ရှိ သည် ။

Crd:The standard Time


(Zawgyi)








Crd:The standard Time

Post a Comment

Previous Post Next Post