(Unicode)

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး ပြန်လည်သက်သာပျောက်ကင်းလာသော MMA ကစားသမားအောင်လအန်ဆန်သည် COVID-19 ရောဂါစမ်းသပ်ကုသမှုများပြုလုပ်နိုင်ရန်အတွက်သွေးရည်ကြည်နမူနာကို လှူဒါန်းခဲ့ကြောင်း သိရသည်။



ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်( Covid-19 ရောဂါပိုး) ကူးစက်မှုအများဆုံးဖြစ်ပွားနေသော အမေရိကန်တွင် နေထိုင်လျက်ရှိနေသော အောင်လအန်ဆန်သည် ဇူလိုင်လ ၃ရက်က ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်းဆေးစစ်ချက် အဖြေထွက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အောင်လအန်ဆန်သည် နေအိမ်တွင်ပင် အသွားအလာကန့်သတ်နေထိုင်၍ ဆေးဝါးကုသမှုများပြုလုပ်ခဲ့ပြီး ၁၄ရက်အကြာ ဇူလိုင်လ ၁၇ရက်တွင် COVID-19 ရောဂါပိုး ကင်းစင်ပျောက်ကင်းသွားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တိုအချင်းချင်းပြောဆိုတဲ့စကားတွေကို၊ကျွန်တော်တို့ရဲ့ ဖုန်းတွေကတဆင့်၊နားထောင်နေတယ်ဆိုတာသေချာပါတယ်။



ဘာကြောင့်လဲဆိုတော့ သတင်းတွေမှာ၊သုတေသီတွေကကိုဗစ်-၁၉ကူးစက်ခံရပြီးနောက်ပြန်လည်သက်သာပျောက်ကင်းသွားတဲ့လူတွေရဲ့သွေးနမူနာတွေကိုလိုအပ်နေတယ်ဆိုတဲ့အကြောင်းပြောနေတာကိုတွေ့မိပါတယ်။ပြီးတော့၊ဆိုရှယ်မီဒီယာမှာ၊ကျွန်တော်တို့ဒေသကသွေးလှူဘဏ်ရဲ့ကြေညာတခုပေါ်လာတာကိုလည်းတွေ့မိတဲ့အတွက်အခုကျွန်တော်ဒီမှာထိုင်ပြီးကျွန်တော့်သွေးရည်ကြည်နမှုနာကိုလှူဒါန်းနေပါတယ်။အားလုံးကိုပြောပြချင်တဲ့သတင်းကတော့၊ ကျွန်တော့်(မြန်မာ့စပါးအုံး)လို၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးပြန်လည်ပျောက်ကင်းသက်သာသွားတဲ့လူတွေရဲ့သွေးနမှူနာတွေကိုစမ်းသပ်အဖြေရှာပြီး၊ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပျောက်ကင်းအောင်ကုသဖို့အတွက်ဆေးဝါးတွေကိုသိပ်မကြာခင်မှာပညာရှင်တွေရှာဖွေတွေ့ရှိတော့မှာပါ´´ ဟု အောင်လအန်ဆန်က လူမှုစာမျက်နှာတွင် အသိပေးဖော်ပြထားသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲ( ONE MMA ) တွင် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်းတို့၏ ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုရရှိထားသော ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ယခုနှစ်အတွင်း၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို လေးကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်သွားရန်ရှိနေသည်။ ထိုပွဲစဉ်အတွက် အောင်လအန်ဆန်သည် COVID-19 ရောဂါပိုးကင်းစင် ပျောက်ကင်းခဲ့ပြီးနောက် အသင်းဖော်များနှင့် ပူးတွဲလေ့ကျင့်မှုများကို ပြန်လည်ပြုုလုပ်လျက် ရှိနေသည်။  

(Zawgyi)


အေမရိကန္တြင္ ကိုရိုနာဗိုင္းရပ္ကူးစက္ခံရၿပီး ျပန္လည္သက္သာေပ်ာက္ကင္းလာေသာ MMA ကစားသမားေအာင္လအန္ဆန္သည္ COVID-19 ေရာဂါစမ္းသပ္ကုသမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ေသြးရည္ၾကည္နမူနာကို လွဴဒါန္းခဲ့ေၾကာင္း သိရသည္။



ကမၻာေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္( Covid-19 ေရာဂါပိုး) ကူးစက္မႈအမ်ားဆုံးျဖစ္ပြားေနေသာ အေမရိကန္တြင္ ေနထိုင္လ်က္ရွိေနေသာ ေအာင္လအန္ဆန္သည္ ဇူလိုင္လ ၃ရက္က ကိုရိုနာဗိုင္းရပ္စ္ရွိေနေၾကာင္းေဆးစစ္ခ်က္ အေျဖထြက္ရွိခဲ့ျခင္းျဖစ္သည္။ ထို႔ေနာက္ ေအာင္လအန္ဆန္သည္ ေနအိမ္တြင္ပင္ အသြားအလာကန္႔သတ္ေနထိုင္၍ ေဆး၀ါးကုသမႈမ်ားျပဳလုပ္ခဲ့ၿပီး ၁၄ရက္အၾကာ ဇူလိုင္လ ၁၇ရက္တြင္ COVID-19 ေရာဂါပိုး ကင္းစင္ေပ်ာက္ကင္းသြားခဲ့ျခင္းျဖစ္သည္။ “ကၽြန္ေတာ္တိုအခ်င္းခ်င္းေျပာဆိုတဲ့စကားေတြကို၊ကၽြန္ေတာ္တို႔ရဲ႕ ဖုန္းေတြကတဆင့္၊နားေထာင္ေနတယ္ဆိုတာေသခ်ာပါတယ္။



ဘာေၾကာင့္လဲဆိုေတာ့ သတင္းေတြမွာ၊သုေတသီေတြကကိုဗစ္-၁၉ကူးစက္ခံရၿပီးေနာက္ျပန္လည္သက္သာေပ်ာက္ကင္းသြားတဲ့လူေတြရဲ႕ေသြးနမူနာေတြကိုလိုအပ္ေနတယ္ဆိုတဲ့အေၾကာင္းေျပာေနတာကိုေတြ႕မိပါတယ္။ၿပီးေတာ့၊ဆိုရွယ္မီဒီယာမွာ၊ကၽြန္ေတာ္တို႔ေဒသကေသြးလႉဘဏ္ရဲ႕ေၾကညာတခုေပၚလာတာကိုလည္းေတြ႕မိတဲ့အတြက္အခုကၽြန္ေတာ္ဒီမွာထိုင္ၿပီးကၽြန္ေတာ့္ေသြးရည္ၾကည္နမႈနာကိုလႉဒါန္းေနပါတယ္။အားလံုးကိုေျပာျပခ်င္တဲ့သတင္းကေတာ့၊ ကၽြန္ေတာ့္(ျမန္မာ့စပါးအုံး)လို၊ကိုဗစ္-၁၉ေရာဂါကူးစက္ခံရၿပီးျပန္လည္ေပ်ာက္ကင္းသက္သာသြားတဲ့လူေတြရဲ႕ေသြးနမႉနာေတြကိုစမ္းသပ္အေျဖရွာၿပီး၊ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေပ်ာက္ကင္းေအာင္ကုသဖို႔အတြက္ေဆးဝါးေတြကိုသိပ္မၾကာခင္မွာပညာရွင္ေတြရွာေဖြေတြ႕ရွိေတာ့မွာပါ´´ ဟု ေအာင္လအန္ဆန္က လူမႈစာမ်က္ႏွာတြင္ အသိေပးေဖာ္ျပထားသည္။

ကိုယ္ခံပညာသိုင္းေပါင္းစုံတိုက္ခိုက္ေရးၿပိဳင္ပြဲ( ONE MMA ) တြင္ မစ္ဒယ္၀ိတ္တန္း ႏွင့္ လိုက္ဟဲဗီး၀ိတ္တန္းတို႔၏ ကမၻာ့ခ်န္ပီယံခါးပတ္ ႏွစ္ခုရရွိထားေသာ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္သည္ ယခုႏွစ္အတြင္း၌ မစ္ဒယ္၀ိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲကို ေလးႀကိမ္ေျမာက္ ယွဥ္ၿပိဳင္ထိုးသတ္သြားရန္ရွိေနသည္။ ထိုပြဲစဥ္အတြက္ ေအာင္လအန္ဆန္သည္ COVID-19 ေရာဂါပိုးကင္းစင္ ေပ်ာက္ကင္းခဲ့ၿပီးေနာက္ အသင္းေဖာ္မ်ားႏွင့္ ပူးတြဲေလ့က်င့္မႈမ်ားကို ျပန္လည္ျပဳုလုပ္လ်က္ ရွိေနသည္။  

Credit Original


Post a Comment

Previous Post Next Post