(Unicode)


“မင်းဘယ်ပြေးမလဲ မိချိုသဲ”… ကိုဝင်းဦးကြီးရဲ့တော်တော် မကောင်းတဲ့ရုပ်ရှင် သွားသတိရတယ်၊ ဘယ်လိုကြည့်ကြည့် ဇာတ်မနာတဲ့ အပြင် အမြင်ကပ်စရာ၊ ဒီနေ့ အမေရိကန်မှာ တကယ့် အဖြစ်အပျက် တရုတ် ကွန်မြူနစ်ရဲ့ ကမ္ဘာကုန်ကျယ်သရွေ့ လှည့်ခိုးမယ်ဆိုတဲ့ အဖြစ်မှန်ပါပဲ၊

တရုတ်ကွန်မြူနစ်ဟာ အသေချာ အကွက်ချပြီး တရုတ်စစ်တပ်က လူတွေကို အမေရိကန်ပြည်တွင်း နံမည်ရှိတဲ့ တက္ကသိုလ်တွေကို သာမန်အရပ်သား သုတေသန ပညာရှင် အနေနဲ့လွှတ်ပြီး ဗီဇာယူဝင်လာတာပါ၊ ရသမျှ လေ့လာ စမ်းသပ်ချက်တွေ စာတမ်းတွေကို အချိန်ယူခိုးပြီး သူခိုးကွန်မြူနစ်တရုတ်ဆီ ပြန်ပို့ပေးရတာပါပဲ၊

ဒီရက်ပိုင်း မှာ FBI က တရုတ်ကဝင်လာခဲ့သမျှ သုတေသန နံမည်ခံတွေနောက် လိုက်နေတာ ၂၅ မြို့တိတိမှာရှိနေပြီ၊



မနေ့က ဟူစတန်က တရုတ်ကောင်ဆယ်လာရုံးကို ၇၂ နာရီပိတ်ခိုင်းရတာကတော့ တက်ဆက် A&M တက္ကသိုလ်က စာတမ်းတွေ၊ ကမ္ဘာမှာ နံပတ်တစ် MD Anderson ကင်ဆာစင်တာမှာ တရုတ် ၃ ယောက်အလိမ်အညာ ပညာရှင်နဲ့ အချက်အလက်တွေ ခိုးနေတာ ကို အားပေးကူညီနေလို့ နှင်ထုတ်တာပါ၊

လတ်တလော စစ်တပ်ကတရုတ်မ Tang Juan တော့ ပြီးခဲ့တဲ့ လက FBI က စစ်ဝတ်စုံဓါတ်ပုံအထောက်အထားနဲ့ပြမေးပြီး တရုတ်မဟာ ဆန်ဖရန်စ္စကို တရုတ်ကောင်ဆယ်လာရုံးမှာ ဝင်ပုန်းပါတယ်၊ သူ့အခန်းထဲ ဝါရမ်းနဲ့ ဝင်ရှာတော့ တရုတ်ကွန်မြူနစ် စစ်တပ်တွေနဲ့ ဆက်သွယ်တဲ့ အထောက်အထားများမိပါတယ်၊



မနေ့ည ကြာသပတေးညမှာ တရုတ်မဟာ ကွန်မြူနစ်တရုတ်တွေရဲ့ ထိုးကျွေးတာ ခံလိုက်ရတာလား ပြေးမလွတ်တဲ့တူတူ FBI မှာ အဖမ်းခံပါတယ်၊

အခုဆို ကယ်လီဖိုးနီးယား မြို့တော် Sacramentao ထောင်မှာပါ၊ ဗီဇာလျှောက်ကထဲက စစ်တပ်မှာ အမှုထမ်းဘူးခြင်း၊ ကွန်မြူနစ်ပါတီ ဝင်ဘူးခြင်း ရှိမရှိမေးတုံးက မရှိဘူးလို့ ညာပြီး ကင်ဆာ သုတေသနပညာရှင် နဲ့ဗီဇာယူခဲ့တာပါ၊

သူတင်မဟုတ်ပါဘူး တရုတ်စစ်တပ်က နောက်ဒုတိယ တစ်ယောက်က လက်ထောက်ပရောဖက်ဆာလို့လိမ်ပြီး တရုတ်စစ်တပ်ကနေ UCSF lab ကနေ အချက်အလက်တွေခိုးဖို့၊ နောက်တတိယ တစ်ယောက်က ဦးနှောက်ရောဂါ သုတေသနလုပ်ဖို့ဆိုပြီး ကယ်လီဖိုးနီးယာရဲ့ နံမည်ကြီး stanford University ကိုလာတာပါ၊ ကွန်ပြူတာထဲက ဖျက်ထားတဲ့ ဖိုင်တွေမှာ တရုတ်စစ်တပ်နဲ့ ဆက်သွယ်တဲ့ကိစ္စတွေ နရူးယောက်သံရုံးကတဆင့် ဆက်သွယ်တဲ့ စာတွေကအစမိပါတယ်၊

စတုတ္ထတစ်ယောက်ကတော့ Indiana University ကနေ ဘွဲ့တောင်ယူသွားတဲ့ တရုတ်စစ်တပ် အကယ်ဒမီကလွှတ်တဲ့သူ ပါပဲ၊ ဒီ ၄ ယောက်ကို လတ်တလော တလ အတွင်း စဖမ်းတာပါ၊



FBI ဟာ ပေါ့သေးသေးလို့ ကွန်မြူနစ် တရုတ်တွက်ဟန်တူပါတယ်၊ ကမ္ဘာမှာ အရှက်ကွဲဖို့ဖြစ်သလို တရုတ်ကွန်မြူနစ် သူခိုးစစ်စစ်မျက်နှာဖုံးခွာချပြတာပါပဲ၊ ဒီလို ခိုင်လုံတဲ့ သက်သေတွေဟာ တရုတ်ကောင်ဆယ်လာရုံးတွေ နှင်ထုတ်ဖို့ဖြစ်လာတာပါပဲ၊

ဗီဇာကို လိမ်ညာ ဝင်တဲ့ တရုတ် ၃ ယောက်နဲ့ အခု တရုတ်မ အပါအဝင် ၄ ယောက်ဟာ ဒဏ်ငွေနှစ်သိန်းခွဲ ထောင်နှစ်နှစ်ဆယ်စီကျနိုင်ပါတယ်၊ တကယ်လို့ တရုတ်ကွန်မြူနစ်အစိုးရရဲ့ ယုတ်မာတဲ့ အကြံတွေ FBI ကတဆင့် ကမ္ဘာကို ဖွင့်ချမယ်ဆို လွတ်ကောင်းလွတ်နိုင်ပါမယ်၊

တရုတ်ဟာ သူ့တရုတ်ပြည်ကသာမက စင်ကာပူတရုတ်တစ်ယောက်ကိုပါ စည်းရုံးလို့အမေရိကန်စပိုင်လုပ်တာကို ဖမ်းမိ ဝင်ခံပါတယ်၊ တရုတ်ဟာ ဒါသာမက အရင် ကွန်ဖြူးရှပ် ပညာသင်ပုံစံနဲ့ ဝါဒဖြန့်ကျောင်းတွေ အမေရိကန်မှာ ၂၅% လောက်ရှိပြီး ကျန် ကမ္ဘာအနှံ့ သူ့အာဘော်တွေ ပျံ့ဖို့ သန်းနဲ့ချီ အကုန်ခံ စီမံကိန်းနဲ့လွှတ်ပါတယ်၊



အမေရိကန်က တရုတ်ပညာရှင်တွေကို သိန်းချီပေးပြီး စာတမ်းခိုးတာတွေလည်း အခုတော်တော်မိကုန်ပါပြီ၊ ပညာရှင်အမေရိကန်တရုတ်တွေ ထောင် အနှစ်နှစ်ဆယ်လောက် ကျပါမယ်၊

ဒါကြောင့် တရုတ်ကျောင်းသားများဗီဇာ ပိတ်တာပါ၊ တရုတ်ကွန်မြူနစ်ရဲ့ အာဏာရူး ကောက်ကျစ် ယုတ်မာမှုဟာ ကမ္ဘာမှာ တော်တော် စိတ်ပျက်စရာဖြစ်သလို လက်တုံ့ပြန်မှုတွေဟာ အနောက်ကမ္ဘာမှာ စလာပါပြီ၊ မကောင်းတာ လုပ်သမျှ ဖုံးကွယ်မရသလို တရုတ်ပြည်သူအပေါင်းဟာ ဒီကွန်မြူနစ်အစိုးရကို မရရတဲ့နည်းနဲ့ တွန်းလှန်မှ ပြည်သူများလည်းသက်သာမယ်ထင်ပါတယ်၊



လင်းယုန်ဟာ တောင်ပံစခတ်ပြီမို့ ရှေ့လာမဲ့ ကမ္ဘာ့အရေးဟာ လျှို့ဝှက်သည်းဖို တပုဒ်ဖြစ်လာမှာ အမှန်ပါပဲ၊

​ဝေလွင် ဟူစတန်
(၀၇-၂၄-၂၀၂၀)


(Zawgyi)



























ဝေလွင် ဟူစတန်
(၀၇-၂၄-၂၀၂၀)




Post a Comment

Previous Post Next Post