(Unicode)


သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ပါတီရဲ့ ဖေ့စ်ဘွတ်စ်စာမျက်နှာဟာ ဒီကနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းအထိ Follow လုပ်ထားသူစုစုပေါင်း ၇၂, ၇၀၇ ရှိပြီး Likes ၇၁,၄၇၄ ရှိပါတယ်။ ဖြူဖြူထွေးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတော့ လက်ရှိ Follow လုပ်ထားသူစုစုပေါင်း ၄ ဒသမ၇ သန်း ရှိပြီး Likes ၂ ဒသမ ၇ သန်း ရှိပါတယ်။

ပြည်ထောင်စု ကောင်းကျိုးဆောင် (UBP) ပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ကိုယ်စားလှယ် လောင်း ၉၀၀ နဲ့ ၁၀၀၀ ဝင်ရောက်ယှဉ်ပြိုင် မယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောထားပါတယ်။ ဒါ့အပြင် မဲဆန္ဒနယ်အားလုံးရဲ့ ထက် ဝက် အနိုင်ရရှိဖို့နဲ့ အစိုးရဖွဲ့ဖို့ မျှော်မှန်းထားတယ်လို့လည်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောပါတယ်။



(UBP)အနေနဲ့ သူတို့ပါတီရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဖြူဖြူထွေးရဲ့ဖေ့စ်ဘွတ်ခ်ထက် follower ပိုများအောင် ဒေါ်လာသုံး ပြီး boost လုပ်နေတယ်လို့ ပါတီရဲ့ ရန်ကုန်တိုင်းစည်းရုံးရေး တာဝန်ခံ ဦးတင်မောင်ဦးက ပြောပါတယ်။ ငွေပမာဏ ဘယ် လောက်ထိများအောင် ငွေကြေးသုံးစွဲသွားမလဲဆိုတာကို မပြောနိုင်သေးဘူး လို့ ရန်ကုန်တိုင်းစည်းရုံးရေး တာဝန်ခံ ဦးတင်မောင်ဦးက ပြောပါတယ်။

“အဲဒီငွေကတော့ မှန်းလို့မရဘူး။ လောလောဆယ်ကတော့ boost စတင်တာ တနေ့ကို ၁၀ ဒေါ်လာတင်တယ်။ မရတော့ ၂၀ တင်တယ်။ ဒီထက်အောင်မြင်အောင် ၃၀ တင်တယ်။ လာမယ့်အပတ်မှာ ၄၀ တင်မယ်။ မရရင် ၅၀ တင်မယ်။ မရရင် ၆၀ တင်မယ်၊ အဲဒီပုံစံနဲ့ လိုချင်တဲ့ target ကို သတ်မှတ်တဲ့အချိန်မှာရအောင် လုပ်သွားမှာဖြစ်ပါတယ်။ target လိုချင်တာကတော့ ဘယ်လောက် မျှော်မှန်းလဲ မေးရင်တော့။

ဖြူဖြူထွေးထက်သာချင်တာပေါ့။ အဲလောက် မျှော်မှန်းထားတယ်”လို့ ဦးတင်မောင်ဦးက ပြောပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေ မန်းဦးဆောင်တဲ့ UBPပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူမှုကွန်ယက်စာမျက်နှာကနေ မဲဆွယ်မှုတွေ ပြု လုပ်သွားမယ် လို့ဆိုပါတယ်။ လက်ရှိအခြေအနေမှာ ဆိုရှယ်မီဒီယာဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတဲ့အတွက်။



UBP ပါတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အတိုင်းအတာတစ်ခုထိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေကြားထဲ ပျံ့နှင့်အောင် ငွေကြေးသုံးစွဲသွားမယ်လို့ ပြောဆိုသွားကြောင်း သိရပါတယ်။

REF: DVB


(Zawgyi)


သူရ ဦးေ႐ႊမန္း ဦးေဆာင္တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ UBP ပါတီရဲ႕ ေဖ့စ္ဘြတ္စ္စာမ်က္ႏွာဟာ ဒီကေန႔ ဇူလိုင္ ၂၂ ရက္ မနက္ပိုင္းအထိ Follow လုပ္ထားသူစုစုေပါင္း ၇၂, ၇၀၇ ရွိၿပီး Likes ၇၁,၄၇၄ ရွိပါတယ္။ ျဖဴျဖဴေထြးရဲ႕ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကေတာ့ လက္ရွိ Follow လုပ္ထားသူစုစုေပါင္း ၄ ဒသမ၇ သန္း ရွိၿပီး Likes ၂ ဒသမ ၇ သန္း ရွိပါတယ္။

ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ (UBP) ပါတီအေနနဲ႔ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ၿမိဳ႕နယ္ေပါင္း ၂၅၀ ေက်ာ္မွာ ကိုယ္စားလွယ္ ေလာင္း ၉၀၀ နဲ႔ ၁၀၀၀ ဝင္ေရာက္ယွဥ္ၿပိဳင္ မယ္လို႔ ပါတီ ဥကၠ႒ သူရဦးေ႐ႊမန္းက ေျပာထားပါတယ္။ ဒါ့အျပင္ မဲဆႏၵနယ္အားလုံးရဲ႕ ထက္ ဝက္ အႏိုင္ရရွိဖို႔နဲ႔ အစိုးရဖြဲ႕ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔လည္း ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္းက ေျပာပါတယ္။

(UBP)အေနနဲ႔ သူတို႔ပါတီရဲ႕ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကို ျဖဴျဖဴေထြးရဲ႕ေဖ့စ္ဘြတ္ခ္ထက္ follower ပိုမ်ားေအာင္ ေဒၚလာသုံး ၿပီး boost လုပ္ေနတယ္လို႔ ပါတီရဲ႕ ရန္ကုန္တိုင္းစည္း႐ုံးေရး တာဝန္ခံ ဦးတင္ေမာင္ဦးက ေျပာပါတယ္။ ေငြပမာဏ ဘယ္ ေလာက္ထိမ်ားေအာင္ ေငြေၾကးသုံးစြဲသြားမလဲဆိုတာကို မေျပာႏိုင္ေသးဘူး လို႔ ရန္ကုန္တိုင္းစည္း႐ုံးေရး တာဝန္ခံ ဦးတင္ေမာင္ဦးက ေျပာပါတယ္။

“အဲဒီေငြကေတာ့ မွန္းလို႔မရဘူး။ ေလာေလာဆယ္ကေတာ့ boost စတင္တာ တေန႔ကို ၁၀ ေဒၚလာတင္တယ္။ မရေတာ့ ၂၀ တင္တယ္။ ဒီထက္ေအာင္ျမင္ေအာင္ ၃၀ တင္တယ္။ လာမယ့္အပတ္မွာ ၄၀ တင္မယ္။ မရရင္ ၅၀ တင္မယ္။ မရရင္ ၆၀ တင္မယ္၊ အဲဒီပုံစံနဲ႔ လိုခ်င္တဲ့ target ကို သတ္မွတ္တဲ့အခ်ိန္မွာရေအာင္ လုပ္သြားမွာျဖစ္ပါတယ္။ target လိုခ်င္တာကေတာ့ ဘယ္ေလာက္ ေမွ်ာ္မွန္းလဲ ေမးရင္ေတာ့။

ျဖဴျဖဴေထြးထက္သာခ်င္တာေပါ့။ အဲေလာက္ ေမွ်ာ္မွန္းထားတယ္”လို႔ ဦးတင္ေမာင္ဦးက ေျပာပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရဦးေ႐ႊ မန္းဦးေဆာင္တဲ့ UBPပါတီဟာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ လူမႈကြန္ယက္စာမ်က္ႏွာကေန မဲဆြယ္မႈေတြ ျပဳ လုပ္သြားမယ္ လို႔ဆိုပါတယ္။ လက္ရွိအေျခအေနမွာ ဆိုရွယ္မီဒီယာဟာ အေရးပါတဲ့ အခန္းက႑မွာရွိေနတဲ့အတြက္။

UBP ပါတီရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကို အတိုင္းအတာတစ္ခုထိ ေဖ့စ္ဘြတ္ခ္သုံးစြဲသူေတြၾကားထဲ ပ်ံ႕ႏွင့္ေအာင္ ေငြေၾကးသုံးစြဲသြားမယ္လို႔ ေျပာဆိုသြားေၾကာင္း သိရပါတယ္။

REF: DVB

Post a Comment

Previous Post Next Post