(Unicode)


တပြည်လုံး မီးလင်းရေး တရုတ်ကိုကျော်ပြီး ဂျပန်ကုမ္ပဏီ (၃) ခုကို LNG စက်ရုံဆောက်ဖို့ တင်ဒါချပေး…

တပြည်လုံးမီးလင်းဖို့ NLD အစိုးရက ဂျပန် Company ၃ ခုကို LNG စက်ရုံဆောက်ဖို့ တင်ဒါ ချပေးလိုက်ပါပီ။ ဒေါ်လာ ၁.၅ ကနေ ၂ ဘီလီယံအထိ ကုန်ကျမယ့် ဒီစီမံကိန်းဟာ မကြာခင် စတင်တည်ဆောက်မှာဖြစ်ပီး ၂၀၂၅ မှာ စတင်လည်ပတ်မှာဖြစ်ကာ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာပါလိမ့်မယ်။



ဒီစက်ရုံကို ရန်ကုန်မှာ တည်ဆောက်မှာဖြစ်ပီး နှစ်စဉ် ၁၀% တိုးလာနေတဲ့ လျှပ်စစ်လိုအပ်မှုကို ဖြည့်ဆည်းဖို့ ဖြစ်ပါတယ်။ ဒီစက်ရုံကနေ Generating capacity 1250 မီဂါဝပ် ထွက်ရှိမှာဖြစ်ပီး လက်ရှိ မြန်မာရဲ့ GC က ၆ သန်း မီဂါဝပ် ရှိပါတယ်။ ဒီစက်ရုံရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းဟာ နူကလီးယားဓာတ်ပေါင်းဖို တခုက လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းနဲ့ ညီမျှပါတယ်။ ကာဗွန်ထုတ်လွှတ်မှုကလဲ ကျောက်မီးသွေးစက်ရုံတခုရဲ့ ထုတ်လွှတ်မှုရဲ့ တဝက်ပဲ ရှိလို့ အန္တရာယ်ကင်းပါတယ်။ ဒါက ရေရှည်စီမံချက်ပါ။



ဗီယက်နမ်ကလဲ ၂၀၂၂ မှာ LNG စက်ရုံတခု စတည်ဆောက်ဖို့ ပြင်ဆင်ထားပီး ဖိလစ်ပိုင်ကလဲ ဆောက်ချင်ပေမယ့် အခုထိ အစီအစဉ်ကို ရေးဆွဲမရသေးပါဘူး။ မြန်မာပြည်ကတော့ ဂျပန်ကို တင်ဒါချပေးလိုက်ပီး တပြည်လုံးမီးလင်းဖို့ ငွေကြေးပုံအော သုံးစွဲလိုက်ပါပီ။ အရင်က ပြည်သူအတွက် ဒီလို ဧရာမစီမံကိန်းတွေ မမြင်ခဲ့ရပါဘူး။ ဂျပန်အတွက်ကတော့ တရုတ်ကိုကျော်ပီး သူတို့ကို ရွေးခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။



ခိုးမစားဘူး။ ရိုးသားစွာ ပြည်သူ့အတွက် ငွေကုန်ကြေးကျခံ အလုပ်လုပ်တဲ့ အမေစုကိုပဲ ထောက်ခံအားပေးကြပါ။ ၂၀၃၀ မှာ တပြည်လုံး တောအုံခြုံကြားမကျန် မီးလင်းပါလိမ့်မယ်။ အခုတောင် မီးက အရင်ကထက်စာရင် အများကြီး မှန်လာပီမဟုတ်လား။ (Nay Thway)


(Zawgyi)


တျပည္လုံး မီးလင္းေရး တ႐ုတ္ကိုေက်ာ္ၿပီး ဂ်ပန္ကုမၸဏီ (၃) ခုကို LNG စက္႐ုံေဆာက္ဖို႔ တင္ဒါခ်ေပး…

တျပည္လုံးမီးလင္းဖို႔ NLD အစိုးရက ဂ်ပန္ Company ၃ ခုကို LNG စက္႐ုံေဆာက္ဖို႔ တင္ဒါ ခ်ေပးလိုက္ပါပီ။ ေဒၚလာ ၁.၅ ကေန ၂ ဘီလီယံအထိ ကုန္က်မယ့္ ဒီစီမံကိန္းဟာ မၾကာခင္ စတင္တည္ေဆာက္မွာျဖစ္ပီး ၂၀၂၅ မွာ စတင္လည္ပတ္မွာျဖစ္ကာ အေရွ႕ေတာင္အာရွမွာ အႀကီးဆုံးျဖစ္လာပါလိမ့္မယ္။



ဒီစက္႐ုံကို ရန္ကုန္မွာ တည္ေဆာက္မွာျဖစ္ပီး ႏွစ္စဥ္ ၁၀% တိုးလာေနတဲ့ လွ်ပ္စစ္လိုအပ္မႈကို ျဖည့္ဆည္းဖို႔ ျဖစ္ပါတယ္။ ဒီစက္႐ုံကေန Generating capacity 1250 မီဂါဝပ္ ထြက္ရွိမွာျဖစ္ပီး လက္ရွိ ျမန္မာရဲ႕ GC က ၆ သန္း မီဂါဝပ္ ရွိပါတယ္။ ဒီစက္႐ုံရဲ႕ လွ်ပ္စစ္ထုတ္လုပ္ႏိုင္စြမ္းဟာ ႏူကလီးယားဓာတ္ေပါင္းဖို တခုက လွ်ပ္စစ္ထုတ္လုပ္ႏိုင္စြမ္းနဲ႔ ညီမွ်ပါတယ္။ ကာဗြန္ထုတ္လႊတ္မႈကလဲ ေက်ာက္မီးေသြးစက္႐ုံတခုရဲ႕ ထုတ္လႊတ္မႈရဲ႕ တဝက္ပဲ ရွိလို႔ အႏၲရာယ္ကင္းပါတယ္။ ဒါက ေရရွည္စီမံခ်က္ပါ။



ဗီယက္နမ္ကလဲ ၂၀၂၂ မွာ LNG စက္႐ုံတခု စတည္ေဆာက္ဖို႔ ျပင္ဆင္ထားပီး ဖိလစ္ပိုင္ကလဲ ေဆာက္ခ်င္ေပမယ့္ အခုထိ အစီအစဥ္ကို ေရးဆြဲမရေသးပါဘူး။ ျမန္မာျပည္ကေတာ့ ဂ်ပန္ကို တင္ဒါခ်ေပးလိုက္ပီး တျပည္လုံးမီးလင္းဖို႔ ေငြေၾကးပုံေအာ သုံးစြဲလိုက္ပါပီ။ အရင္က ျပည္သူအတြက္ ဒီလို ဧရာမစီမံကိန္းေတြ မျမင္ခဲ့ရပါဘူး။ ဂ်ပန္အတြက္ကေတာ့ တ႐ုတ္ကိုေက်ာ္ပီး သူတို႔ကို ေ႐ြးခဲ့လို႔ ေက်နပ္စရာျဖစ္ခဲ့ပါတယ္။



ခိုးမစားဘူး။ ႐ိုးသားစြာ ျပည္သူ႔အတြက္ ေငြကုန္ေၾကးက်ခံ အလုပ္လုပ္တဲ့ အေမစုကိုပဲ ေထာက္ခံအားေပးၾကပါ။ ၂၀၃၀ မွာ တျပည္လုံး ေတာအုံၿခဳံၾကားမက်န္ မီးလင္းပါလိမ့္မယ္။ အခုေတာင္ မီးက အရင္ကထက္စာရင္ အမ်ားႀကီး မွန္လာပီမဟုတ္လား။ (Nay Thway)

Post a Comment

Previous Post Next Post