(Unicode)

One Championship ကစားသမား MMA ဖိုက်တာ ဖိုးသော်က မော်ဒယ်တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင် ထားပြီး တေးရေး၊တေးဆို၊ ဒါရိုက်တာ ရှုမငြီး ရိုက်ကူးသည့် " ချစ်လားမေးလိုက်တော့မယ်" သီချင်း MTVကို ယနေ့ သာကေတ မြခွာညို အိမ်ယာတွင် ရိုက်ကူးပြီးစီးခဲ့ကြောင်း သိရသည်။

ချစ်လားမေးလိုက်တော့မယ် "သီချင်းသည် တေးသံရှင် ရှုမငြီး၏ Single Song အဖြစ်ထုတ်လုပ်မည့် သီချင်း ၅ ပုဒ်အနက်မှ တတိယမြောက်သီချင်းဖြစ်ပြီး၊ ယင်းသီချင်း
တွင် ပါဝင်သရုပ်ဆောင်ဖြစ်ခြင်းနှင့်ပတ်သက်၍ ဖိုက်တာ ဖိုးသော်က -



"ကျွန်တော်ကတော့ အားကစားပဲဝါသနာပါတယ်။ သရုပ်ဆောင်တာကတော့ဝါသနာ ပါတယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့အားကစား သမားတွေ အနေနဲ့ကတော့ အနုပညာနဲ့ကင်းကွာနေလို့ မရဘူး။ ဒီဟာတွေမပါပဲနဲ့ အားကစားသမား တစ်ယောက် ရေရှည်မရပ်တည်နိုင်ဘူး။ နိုင်ငံခြားမှာ အားကစား သမားတွေဘာကြောင့် အပြောင်းအလဲ ဖြစ်တာလဲဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်။ အားကစားရဲ့ နောက်မှာ လိုက်လာတဲ့အထောက်အပံ့တွေ ၊ စပွန်ဆာတွေ ကြော်ငြာတွေ မရှိပဲနဲ့ အားကစားသမား တစ်ယောက်က မရပ်တည်နိုင်ဘူး။



ဒီသီချင်းမှာက နည်းနည်းလေးထူးခြားတယ်။ ကျွန်တော် လုပ်နေကျပုံစံက ခနပဲသွားမှာ ကျန်တာကတော့ သီချင်းရဲ့ သဘောတရားအရ ကောင်လေးကို ကောင်မလေးက တဖက်သပ်ကြိုက်တဲ့သီချင်းမျိုးဖြစ်တဲ့အတွက် သမရိုးကျသွားနေတဲ့ ပုံစံမျိုးပဲ MTV ရိုက်လိုက်တာပါ။ အဲ့ဒီအတွက် ကျွန်တော်လေ့ကျင့်တာထက် သရုပ်ဆောင်တဲ့ အပိုင်းကို ပိုရောက်သွားတယ်။ ကျွန်တော့်အတွက်က အသစ်လည်းဖြစ်တယ်။ MTV ထွက်လာရင်တော့ အပြောခံရမှာပေါ့ သိနေပါတယ် " ဟု ပြောသည်။

၎င်းသီချင်းကို ဇူလိုင်လ ၇ ရက်နေ့တွင် တေးသံရှင် ရှုမငြီး၏ဖေ့ဘွခ်ပေ့ခ်ျ ဖြစ်သောပန်းစကားစာမျက်နှာတွင် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။



အားပေးနေကြတဲ့ပရိတ်သတ်ကို အများကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်အောင်မြင်ဖို့ တစ်ခုတည်းကို ကြိုးစားနေတာ မဟုတ်ပဲ ပရိတ်သတ် အတွက် ကျွန်တော်စီက massageတစ်ခုခုရဖို့ ကျွန်တော်အမြဲကြိုးစားနေပါတယ်။ အဲ့ဒီအတွက်လည်း ဆက်လက်အားပေးပါ။ ပရိတ်သတ်အားပေးရ ကြိုးနပ်အောင်တုံ့ပြန်သွားမှာပါလို့ ပြောချင်ပါတယ်" ဟု
MMA ဖိုက်တာ ဖိုးသော်ကပြောသည်။

အောင်ထက်(မင်္ဂလာဒုံ)
Top Phoenix Media Group

(Zawgyi)


One Championship ကစားသမား MMA ဖိုက္တာ ဖိုးေသာ္က ေမာ္ဒယ္တစ္ဦးအျဖစ္ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး ေတးေရး၊ေတးဆို၊ ဒါရိုက္တာ ရွုမၿငီး ရိုက္ကူးသည့္ " ခ်စ္လားေမးလိုက္ေတာ့မယ္" သီခ်င္း MTVကို ယေန႔ သာေကတ ျမခြာညိဳ အိမ္ယာတြင္ ရိုက္ကူးၿပီးစီးခဲ့ေၾကာင္း သိရသည္။

ခ်စ္လားေမးလိုက္ေတာ့မယ္ "သီခ်င္းသည္ ေတးသံရွင္ ရွုမၿငီး၏ Single Song အျဖစ္ထုတ္လုပ္မည့္ သီခ်င္း ၅ ပုဒ္အနက္မွ တတိယေျမာက္သီခ်င္းျဖစ္ၿပီး၊ ယင္းသီခ်င္း
တြင္ ပါဝင္သ႐ုပ္ေဆာင္ျဖစ္ျခင္းႏွင့္ပတ္သက္၍ ဖိုက္တာ ဖိုးေသာ္က -

"ကၽြန္ေတာ္ကေတာ့ အားကစားပဲဝါသနာပါတယ္။ သ႐ုပ္ေဆာင္တာကေတာ့ဝါသနာ ပါတယ္လို့ေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို့အားကစား သမားေတြ အေနနဲ႔ကေတာ့ အႏုပညာနဲ႔ကင္းကြာေနလို႔ မရဘူး။ ဒီဟာေတြမပါပဲနဲ႔ အားကစားသမား တစ္ေယာက္ ေရရွည္မရပ္တည္နိုင္ဘူး။ နိုင္ငံျခားမွာ အားကစား သမားေတြဘာေၾကာင့္ အေျပာင္းအလဲ ျဖစ္တာလဲဆိုတာကို ၾကည့္ရင္သိနိုင္ပါတယ္။ အားကစားရဲ့ ေနာက္မွာ လိုက္လာတဲ့အေထာက္အပံ့ေတြ ၊ စပြန္ဆာေတြ ေၾကာ္ျငာေတြ မရွိပဲနဲ႔ အားကစားသမား တစ္ေယာက္က မရပ္တည္နိုင္ဘူး။

ဒီသီခ်င္းမွာက နည္းနည္းေလးထူးျခားတယ္။ ကၽြန္ေတာ္ လုပ္ေနက်ပုံစံက ခနပဲသြားမွာ က်န္တာကေတာ့ သီခ်င္းရဲ႔ သေဘာတရားအရ ေကာင္ေလးကို ေကာင္မေလးက တဖက္သပ္ႀကိဳက္တဲ့သီခ်င္းမ်ိဳးျဖစ္တဲ့အတြက္ သမရိုးက်သြားေနတဲ့ ပုံစံမ်ိဳးပဲ MTV ရိုက္လိုက္တာပါ။ အဲ့ဒီအတြက္ ကၽြန္ေတာ္ေလ့က်င့္တာထက္ သ႐ုပ္ေဆာင္တဲ့ အပိုင္းကို ပိုေရာက္သြားတယ္။ ကၽြန္ေတာ့္အတြက္က အသစ္လည္းျဖစ္တယ္။ MTV ထြက္လာရင္ေတာ့ အေျပာခံရမွာေပါ့ သိေနပါတယ္ " ဟု ေျပာသည္။

၄င္းသီခ်င္းကို ဇူလိုင္လ ၇ ရက္ေန႔တြင္ ေတးသံရွင္ ရွုမၿငီး၏ေဖ့ဘြခ္ေပ့ခ္် ျဖစ္ေသာပန္းစကားစာမ်က္ႏွာတြင္ တင္ဆက္မည္ျဖစ္ေၾကာင္း သိရသည္။

အားေပးေနၾကတဲ့ပရိတ္သတ္ကို အမ်ားႀကီးကို ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္ေအာင္ျမင္ဖို႔ တစ္ခုတည္းကို ႀကိဳးစားေနတာ မဟုတ္ပဲ ပရိတ္သတ္ အတြက္ ကၽြန္ေတာ္စီက massageတစ္ခုခုရဖို့ ကၽြန္ေတာ္အျမဲႀကိဳးစားေနပါတယ္။ အဲ့ဒီအတြက္လည္း ဆက္လက္အားေပးပါ။ ပရိတ္သတ္အားေပးရ ႀကိဳးနပ္ေအာင္တုံ႔ျပန္သြားမွာပါလို႔ ေျပာခ်င္ပါတယ္" ဟု
MMA ဖိုက္တာ ဖိုးေသာ္ကေျပာသည္။

ေအာင္ထက္(မဂၤလာဒုံ)
Top Phoenix Media Group

Post a Comment

Previous Post Next Post