(Unicode)

လူနာအမှတ် ၃၁၁ သည် YBS ၉၀ စီးပြီး ၎င်းနေထိုင်သည့် တိုက်ကြီးမြို့နယ်ရှိ ရွာသို့ ပြန်လာခဲ့ကြောင်း တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ပြောကြားသည်။“ဖြစ်ခဲ့တာ ဟုတ်ပါတယ်။ သူက ခိုးပြန်လာတာ၊ Quarantine မဝင်ဘဲ ပြန်လာတာ၊ ရွာကို ဒီတိုင်းရောက်လာပြီး ရွာက အဝင်မခံလို့ ၊ Quarantine ပြန်ပို့တော့မှ ရောဂါရှိတာကို သိတာ၊






သူစီးခဲ့တဲ့ YBS 90 အဲ့ကားနံပါတ်လဲ မသိသေးဘူး။ နောက်ပြီး သူစီးခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမားလဲ ရှာလို့မတွေ့သေးဘူး။ သူ့ကို Quarantine Center လိုက်ပို့တဲ့ ၁၁ ယောက်လုံးကိုလဲ Quarantine ထားပြီးပြီ၊ ကယ်ရီသမားနဲ့ ကားနံပါတ်ကို လိုက်လို့ မရသေးဘူး။ လာအိုက ပြန်လာပြီးတော့ ထောက်ကြန့်ကနေ တိုက်ကြီးဘက်ကို လိုင်းကားစီးလာတာလို့ သိရတယ်” ဟု ဦးတင်ရှိန်က ပြောကြားသည်။YBS ၉၀ စီးခဲ့သည့် လူနာအမှတ် ၃၁၁ သည် လာအိုနိုင်ငံမှ ပြန်လာသူဖြစ်ပြီး လက်ရှိ၌ တောင်ဥက္ကလာပ အထူကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

အဆိုပါ လူနာ အမှတ် ၃၁၁ နှင့်ပတ်သက်ပြီး SiThu Maung အကောင့်အမည်ဖြင့် Facebook Page တစ်ခုက “COVID-19 Case 311 ဟာ တိုက်ကြီးမြို့နယ် ရေတွင်းဖြူကျေးရွာကလို့ သိရပါတယ်။ တိုက်ကြီးမြို့နယ်က ဆိုပေမယ့် ပြည်ပပြန်ကို ရန်ကုန်မှာ Q ထားရင်း တွေ့ခဲ့တာပါ။ ရန်ကုန်မှာ Q ထားတယ်ဆိုပေမယ့် ရွာကို ခိုးပြန်လာလို့ ရွာက အုပ်ကြီးတို့ ပြန်ပို့ပေးခဲ့တာပါ။ ရွာကို ခိုးပြန်လာတာက အဖျောက်-ရန်ကုန် ၉၀ YBS နဲ့ ပြန်လာခဲ့တာ ။ ရွာမရောက်ခင်လမ်းမှာပဲ ရာအိမ်မှူးဆီ သတင်းရောက်ပြီး အဆင့်ဆင့် ဆောင်ရွက်ခဲ့လို့ ရန်ကုန် Q ကို လိုက်ပို့ခဲ့တာ။ လိုက်ပို့တဲ့ အုပ်ကြီးရယ် ရာအိမ်မှူးရယ် စာရေးရယ် ကားသမားရယ် ကိုတော့ Q ဝင်နေရပါပြီ။ အဖြေကောင်းပါစေပဲ ဆုတောင်းနေရမှာ အသေအချာပါပဲ ။ သူပြန်လာတဲ့နေ့က YBS ၉၀ ကားနဲ့ ထိစပ်နေသူတွေ ၂၆ ၊၆ ၊ ၂၀၂၀ ကနေ ၄၊ ၇ ၊ ၂၀၂၀ ဆိုရင် ကြားထဲရက်တွေ ထိစပ်မှုတော့ အတော်များပါတယ် ။ လွတ်တဲ့သူတောင် သိပ်မရှိတော့ပါဘူး ။ အဲသည့်လူတွေ အားလုံး ပုံမှန်ကူးလူ ဆက်ဆံထားတဲ့ အနေအထားက တော်တော်များပါတယ် ။ မပြေးသော်လည်း ကန်ရာရှိဆိုသလို အနေကြပ်ကုန်ကြပါပြီ ။ ခုချိန်မှာ အပြစ်လည်း တင်မနေချင်တော့ပါဘူး” ဟု ရေးသားထားသည်။

Credit Eleven

(Zawgyi)



လူနာအမွတ္ ၃၁၁ သည္ YBS ၉၀ စီးၿပီး ၄င္းေနထိုင္သည့္ တိုက္ႀကီးၿမိဳ႕နယ္ရွိ ႐ြာသို႔ ျပန္လာခဲ့ေၾကာင္း တိုက္ႀကီးၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ရွိန္က ေျပာၾကားသည္။“ျဖစ္ခဲ့တာ ဟုတ္ပါတယ္။ သူက ခိုးျပန္လာတာ၊ Quarantine မဝင္ဘဲ ျပန္လာတာ၊ ႐ြာကို ဒီတိုင္းေရာက္လာၿပီး ႐ြာက အဝင္မခံလို႔ ၊ Quarantine ျပန္ပို႔ေတာ့မွ ေရာဂါရွိတာကို သိတာ၊



သူစီးခဲ့တဲ့ YBS 90 အဲ့ကားနံပါတ္လဲ မသိေသးဘူး။ ေနာက္ၿပီး သူစီးခဲ့တဲ့ ဆိုင္ကယ္ကယ္ရီသမားလဲ ရွာလို႔မေတြ႕ေသးဘူး။ သူ႔ကို Quarantine Center လိုက္ပို႔တဲ့ ၁၁ ေယာက္လုံးကိုလဲ Quarantine ထားၿပီးၿပီ၊ ကယ္ရီသမားနဲ႔ ကားနံပါတ္ကို လိုက္လို႔ မရေသးဘူး။ လာအိုက ျပန္လာၿပီးေတာ့ ေထာက္ၾကန႔္ကေန တိုက္ႀကီးဘက္ကို လိုင္းကားစီးလာတာလို႔ သိရတယ္” ဟု ဦးတင္ရွိန္က ေျပာၾကားသည္။YBS ၉၀ စီးခဲ့သည့္ လူနာအမွတ္ ၃၁၁ သည္ လာအိုႏိုင္ငံမွ ျပန္လာသူျဖစ္ၿပီး လက္ရွိ၌ ေတာင္ဥကၠလာပ အထူကုေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူေနေၾကာင္း သိရသည္။

အဆိုပါ လူနာ အမွတ္ ၃၁၁ ႏွင့္ပတ္သက္ၿပီး SiThu Maung အေကာင့္အမည္ျဖင့္ Facebook Page တစ္ခုက “COVID-19 Case 311 ဟာ တိုက္ႀကီးၿမိဳ႕နယ္ ေရတြင္းျဖဴေက်း႐ြာကလို႔ သိရပါတယ္။ တိုက္ႀကီးၿမိဳ႕နယ္က ဆိုေပမယ့္ ျပည္ပျပန္ကို ရန္ကုန္မွာ Q ထားရင္း ေတြ႕ခဲ့တာပါ။ ရန္ကုန္မွာ Q ထားတယ္ဆိုေပမယ့္ ႐ြာကို ခိုးျပန္လာလို႔ ႐ြာက အုပ္ႀကီးတို႔ ျပန္ပို႔ေပးခဲ့တာပါ။ ႐ြာကို ခိုးျပန္လာတာက အေဖ်ာက္-ရန္ကုန္ ၉၀ YBS နဲ႔ ျပန္လာခဲ့တာ ။ ႐ြာမေရာက္ခင္လမ္းမွာပဲ ရာအိမ္မႉးဆီ သတင္းေရာက္ၿပီး အဆင့္ဆင့္ ေဆာင္႐ြက္ခဲ့လို႔ ရန္ကုန္ Q ကို လိုက္ပို႔ခဲ့တာ။ လိုက္ပို႔တဲ့ အုပ္ႀကီးရယ္ ရာအိမ္မႉးရယ္ စာေရးရယ္ ကားသမားရယ္ ကိုေတာ့ Q ဝင္ေနရပါၿပီ။ အေျဖေကာင္းပါေစပဲ ဆုေတာင္းေနရမွာ အေသအခ်ာပါပဲ ။ သူျပန္လာတဲ့ေန႔က YBS ၉၀ ကားနဲ႔ ထိစပ္ေနသူေတြ ၂၆ ၊၆ ၊ ၂၀၂၀ ကေန ၄၊ ၇ ၊ ၂၀၂၀ ဆိုရင္ ၾကားထဲရက္ေတြ ထိစပ္မႈေတာ့ အေတာ္မ်ားပါတယ္ ။ လြတ္တဲ့သူေတာင္ သိပ္မရွိေတာ့ပါဘူး ။ အဲသည့္လူေတြ အားလုံး ပုံမွန္ကူးလူ ဆက္ဆံထားတဲ့ အေနအထားက ေတာ္ေတာ္မ်ားပါတယ္ ။ မေျပးေသာ္လည္း ကန္ရာရွိဆိုသလို အေနၾကပ္ကုန္ၾကပါၿပီ ။ ခုခ်ိန္မွာ အျပစ္လည္း တင္မေနခ်င္ေတာ့ပါဘူး” ဟု ေရးသားထားသည္။

Credit Eleven

Post a Comment

Previous Post Next Post