(Unicode)


တရုတ်အတွက် သတင်းဆိုး၊ ရုရှားက S-400 စနစ်များပေးပို့ခြင်းကို ရပ်ဆိုင်းခဲ့၊ ရုရှားကတရုတ်ကို လမ်းခွဲတော့မည်လား


၂၀၁၄ ခုနှစ် က တရုတ်နှင့်ရုရှားတို့ အနေဖြင့် S-400 လေကာစနစ်များကို ရောင်းချပေးခြင်းနှင့် ပတ်သက်၍ အစိုးရချင်း သဘောတူညီမှု စာချုပ်တစ်ခုကိုချုပ်ဆိုခဲ့ကြပြီး အဆိုပါစာချုပ်သည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ တန်ကြေးရှိသည်ဟုဆိုသည်။



တရုတ်အတွက် S-400 စတင်ပေးပို့မှုကို ၂၀၁၈ခုနှစ်၊ မေလ ၁၀ ရက်ကစတင်ပေးပို့ခဲ့သော်လည်း ယခုအခါ ဆက်လက်ပေးပို့မှု ရပ်ဆိုင်းလိုက်ပြီဖြစ်သလို အဆိုပါရပ်ဆိုင်းမှုသည် အပြီးတိုင်ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။


လက်ရှိအချိန်၌ S-400 စနစ်ကို ဘီလာရုစ်၊တူရကီတို့အနေဖြင့် ပိုင်ဆိုင် ထားသလို အိန္ဒိယအနေဖြင့် အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံဖိုး ဝယ်ယူထားပြီး ၂၀၂၁ အစောပိုင်းကာလအတွင်း ပေးပို့ပေးရန် ဆော်ဩထား ပေသည်။အဆိုပါနိုင်ငံများနည်းတူ အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဗီယက်နမ်၊ မိုရိုကို နိုင်ငံများကလည်း ၎င်းစနစ်ကိုဝယ်ယူရန် စိတ်ဝင်စားနေကြသည်ကိုလည်း တွေ့ရှိရသည်။


ရုရှားနှင့်တရုတ်အနေဖြင့် ဆက်ဆံရေးပိုမိုတိုးမြှင့်စွာ ဆောင်ရွက်လာခဲ့ သည်ကို မကြာသေးမီက ရုရှားအနေဖြင့် သူလျှိုလုပ်ငန်းများ ပြုလုပ်သည် ဟူသော စွပ်စွဲမှုများ ထွက်ပေါ်လာပြီး S-400 စနစ် ပေးပို့ခြင်းလည်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းထားကြပေသည်။ယခုကဲ့သို့ရပ်တန့်လိုက်မှုသည် စစ်အေးကာလတိုက်ပွဲအရှိန်အဟုန်မြင့်တက်လာစဉ်အတွင်း ဆောင်ရွက်ခဲ့မှုဖြစ်ခြင်းကြောင့် တရုတ်အတွက်စိုးရိမ်မှုလည်း ဖြစ်စေပြန်ပါသည်။


ရုရှားကမူ တရုတ်အနေဖြင့် ကိုဗစ်တိုက်ဖျက်မှုလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း S-400 စနစ်များထပ်မံပေးပို့ပါက အလုပ်ရှုပ်စေပြီး ရောဂါ တိုက်ဖျက်မှုကို အကျိုးသက်ရောက်မှုရှိစေနိုင်ခြင်းကြောင့် ဖြစ်သည်ဟုအကြောင်းပြချက်ပေးထားကြောင်းသိရှိရသည်။

Wionews
MyanmarNews24
NLO


(Zawgyi)


တ႐ုတ္အတြက္ သတင္းဆိုး၊ ႐ုရွားက S-400 စနစ္မ်ားေပးပို့ျခင္းကို ရပ္ဆိုင္းခဲ့၊ ႐ုရွားကတ႐ုတ္ကို လမ္းခြဲေတာ့မည္လား


၂၀၁၄ ခုႏွစ္ က တ႐ုတ္ႏွင့္႐ုရွားတို့ အေနျဖင့္ S-400 ေလကာစနစ္မ်ားကို ေရာင္းခ်ေပးျခင္းႏွင့္ ပတ္သက္၍ အစိုးရခ်င္း သေဘာတူညီမွု စာခ်ဳပ္တစ္ခုကိုခ်ဳပ္ဆိုခဲ့ၾကၿပီး အဆိုပါစာခ်ဳပ္သည္ အေမရိကန္ေဒၚလာ ၃ ဘီလီယံ တန္ေၾကးရွိသည္ဟုဆိုသည္။


တ႐ုတ္အတြက္ S-400 စတင္ေပးပို့မွုကို ၂၀၁၈ခုႏွစ္၊ ေမလ ၁၀ ရက္ကစတင္ေပးပို့ခဲ့ေသာ္လည္း ယခုအခါ ဆက္လက္ေပးပို့မွု ရပ္ဆိုင္းလိုက္ၿပီျဖစ္သလို အဆိုပါရပ္ဆိုင္းမွုသည္ အၿပီးတိုင္ျဖစ္နိုင္သည္ဟု ခန႔္မွန္းထားၾကသည္။


လက္ရွိအခ်ိန္၌ S-400 စနစ္ကို ဘီလာ႐ုစ္၊တူရကီတို့အေနျဖင့္ ပိုင္ဆိုင္ ထားသလို အိႏၵိယအေနျဖင့္ အေမရိကန္ေဒၚလာ ၅.၄ ဘီလီယံဖိုး ဝယ္ယူထားၿပီး ၂၀၂၁ အေစာပိုင္းကာလအတြင္း ေပးပို့ေပးရန္ ေဆာ္ဩထား ေပသည္။အဆိုပါနိုင္ငံမ်ားနည္းတူ အီရန္၊ အီရတ္၊ ေဆာ္ဒီအာေရဗ်၊ ကာတာ၊ ဗီယက္နမ္၊ မိုရိုကို နိုင္ငံမ်ားကလည္း ၎စနစ္ကိုဝယ္ယူရန္ စိတ္ဝင္စားေနၾကသည္ကိုလည္း ေတြ႕ရွိရသည္။



႐ုရွားႏွင့္တ႐ုတ္အေနျဖင့္ ဆက္ဆံေရးပိုမိုတိုးျမႇင့္စြာ ေဆာင္ရြက္လာခဲ့ သည္ကို မၾကာေသးမီက ႐ုရွားအေနျဖင့္ သူလၽွိုလုပ္ငန္းမ်ား ျပဳလုပ္သည္ ဟူေသာ စြပ္စြဲမွုမ်ား ထြက္ေပၚလာၿပီး S-400 စနစ္ ေပးပို့ျခင္းလည္း ရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္ဟု ခန႔္မွန္းထားၾကေပသည္။ယခုကဲ့သို့ရပ္တန႔္လိုက္မွုသည္ စစ္ေအးကာလတိုက္ပြဲအရွိန္အဟုန္ျမင့္တက္လာစဥ္အတြင္း ေဆာင္ရြက္ခဲ့မွုျဖစ္ျခင္းေၾကာင့္ တ႐ုတ္အတြက္စိုးရိမ္မွုလည္း ျဖစ္ေစျပန္ပါသည္။


႐ုရွားကမူ တ႐ုတ္အေနျဖင့္ ကိုဗစ္တိုက္ဖ်က္မွုလုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္အတြင္း S-400 စနစ္မ်ားထပ္မံေပးပို့ပါက အလုပ္ရွုပ္ေစၿပီး ေရာဂါ တိုက္ဖ်က္မွုကို အက်ိဳးသက္ေရာက္မွုရွိေစနိုင္ျခင္းေၾကာင့္ ျဖစ္သည္ဟုအေၾကာင္းျပခ်က္ေပးထားေၾကာင္းသိရွိရသည္။

Wionews
MyanmarNews24
NLO

Post a Comment

Previous Post Next Post