(Unicode)

စီနွန်ကတော့ပရိသတ်တွေရဲ့အချစ်တော်အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူကတော့ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပြီးမြန်မာနိုင်ငံကိုရောက်ရှိနေခဲ့တာ(၁၀)လကျော်သွားခဲ့ပါပြီ။စီနွန်ဟာနိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့်မြန်မာနိုင်ငံမှာအလှူအတန်းတွေကိုလည်းမကြာခဏပြုလုပ်လေ့ရှိပါတယ်။



လူမျိုးခြားဘာသာခြားဖြစ်ပေမယ့် မြန်မာပြည်ကိုချစ်သလိုမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနှင့်ကိုးကွယ်ရာကိုလည်း အလေးထားမြတ်နိုးတဲ့သူတစ်ယောက်ပါ။လက်ရှိမှာလည်း မြန်မာလူမျိုးတွေရဲ့အထွက်မြတ်ဆုံးအလှူတစ်ခုဖြစ်တဲ့ဝါဆိုသင်္ကန်းအလှူကိုသူကိုယ်တိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။



စီနွန်ကတော့ ပဲခူးမြို့နယ်ရှိသံဃာတော်တစ်ပါးနေထိုင်ရာကျောင်းသို့သွားရောက်ကာ ဝါဆိုသင်္ကန်းနှင့်အတူဆေးဝါးများကိုပါဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးရေစီနွန်ရဲ့မွန်မြတ်လှတဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦး။



Credit Themoon


(Zawgyi)











Credit Themoon

Post a Comment

Previous Post Next Post