(Unicode)

VeVe အချိုရည်မှ သိန်း(၁၀၀)ရရှိခဲ့တဲ့ ကိစ္စနဲ့ ပတ် သက်ပြီး တချို့မီဒီယာတွေတပ် တဲ့ခေါင်းစဉ်ကြောင့် ဝမ်းနည်းရ တယ် ဆို တဲ့ ထက်ထက်မိုးဦး


သ ရုပ်ဆောင် ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက ကြော်ငြာမင်းသမီးလို့တောင် တင်စားကြရတဲ့အထိ ကြော်ငြာလောကမှာ နေရာယူထားနိုင်သူ ဖြစ်ပါတယ်။ ထက်ထက်မိုးဦး ကြော်ငြာပေးတာကြောင့် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေက ပိုလို့ကျော်ကြားပြီး စားသုံးသူတွေကြားထဲမှာ ရောင်းအားတက်တဲ့အထိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ ထက်ထက်မိုးဦးက VeVe အချိုရည်မှ ငွေကျပ်သိန်း (၁၀၀)ရရှိခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တချို့မီဒီယာတွေတပ်တဲ့ခေါင်းစဉ်ကြောင့် ဝမ်းနည်းရတဲ့အကြောင်းကို အခုလိုပဲ ပြော လာပါ တယ်။


“တချို့မီဒီယာတွေရေးလိုက်တဲ့ခေါင်းစဉ်ကြောင့်ဝမ်းနည်းရပါတယ် ကာယကံရှင်တွေကိုယ်တိုင်ရေးထားတဲ့ခေါင်းစဉ်စာသားတွေကိုဖတ်ကြည့်စေချင်ပါတယ် ဒီအချိန်မှာထက်နဲ့အတူအားလုံးဝမ်းသာကြရမှာပါ” ဆိုပြီး သူမနဲ့ သူမရဲ့ဖခင်အတွက် ထောက်ပံ့ကြေးငွေရရှိတယ်ဆိုပြီး ရေးသားမှုအပေါ် ဝမ်းနည်းရကြောင်း ထက်ထက်မိုးဦးက ပြောထားတာပဲ ဖြစ် ပါတ ယ်။


ထက်ထက်မိုးဦးက Ve Ve မန်ကျည်းအချိုရည်နှင့် ကြော်ငြာပေါင်းများစွာကို (၂၃)နှစ်ကြာသည်အထိ ယနေ့တိုင်ထုတ်လွှင့်နေရဆဲဖြစ်တာကြောင့် မထက်ထက်မိုးဦး ကို ထပ်ဆင့်အနုပညာကြေး ငွေ သိန်း ၁၀၀ ကို Ve Ve မှ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးရဲ့ အနုပညာကြေးရရှိမှုအပေါ် သေချာသဘောပေါက်နားလည်သွားပြီလို့ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တ ယ်နော်။

Source: Htet Htet Moe Oo’s fb
Credit – Cele Connections


(Zawgyi)










Post a Comment

Previous Post Next Post