(Unicode)
မြိတ်ကမ်းနားလမ်းတွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ပဲ We ❤ Myeik အားဝင်တိုက်
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
မြိတ်မြို့၊ကမ်းနားလမ်းတွင် ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၅ နာရီခွဲခန့်က အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ပဲ We ❤ Myeik ဆိုင်းဘုတ်ကို ကာရံထားတဲ့ အုတ်ခုံတုံးကိုဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်းသိရပါတယ်။
နာရီစင်လမ်းဘက်မှ မောင်းနှင်လာတဲ့ HARRIER အမျိုးအစား(ယာဉ်အမှတ် 7L -5543) ယာဉ်ဟာ ကမ်းနားလမ်းဆုံအရောက်မှာ ဆိပ်ငယ်တံတားဘက် ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ပဲ We ❤ Myeik ဆိုင်းဘုတ်ကိုကာရံထားတဲ့ အုတ်ခုံတုံးကို ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်းသိရပါတယ်။
ယာဉ်မတော်တဆမှုဖြစ်ပွားပြီး မောင်းနှင်ထွက်ပြေးနေတဲ့ယာဉ်ကို ဖမ်းဆီးရမိရေး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းနေကြောင်းသိရပါတယ်။
Crd #မြတ်ထွဋ် (မြိတ်)
(Zawgyi)
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
Crd #မြတ်ထွဋ် (မြိတ်)
Post a Comment