(Unicode)

သရုပ်ဆောင်ရွှေစင်ကတော့ သူမရဲ့ မော်ဒယ် သရုပ်ဖော်ဓာတ်ပုံများနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ကျော်ကြားတဲ့သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ဒီရက်ပိုင်းမှာပဲ ရွှေစင်ဟာ ရန်ကုန်၊ တောင်ဒဂုံ မြို့နယ်ရှိ စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စုများအား ဆန်၊ ဆီ၊ စားသောက်ကုန်များ၊ ဆပ်ပြာ၊ သွားတိုက်ဆေး စတဲ့ ပစ္စည်း (၁၅)မျိုး အပြင် အလှူငွေများကို ကိုယ်တိုင် ထောက်ပံ့ လှူဒါန်းခဲ့ပါသေးတယ်။



ဒီလို လာရောက်လှူဒါန်းစဉ်မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ သူမကားတိုက်မှုကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း Wheel Chair ပေါ်မှာ တသက်လုံးနေရတော့မယ်ထင်ရလောက်အောင် ဖြစ်ခဲ့ရပုံတွေကိုမျက်ရည်တွေနဲ့ ပြန်ပြောင်းပြောပြလာခဲ့တာပါ။



“ကားတိုက်မှု ဖြစ်ပြီး ခြေထောက် ထိသွားတော့ ခွဲစိတ်မှု (၄) ခါ လုပ်ခဲ့ရတယ်။ မြန်မာပြည်မှာရော၊ နိုင်ငံခြားမှာပါ ဆေးရုံတွေ ပြောင်းပြီး ကုသခဲ့ရတယ်။ ခြေထောက် က ပြန်ကောင်းချင် မှ ကောင်းလာမယ် ဆိုတဲ့ အဖြေ ကြောင့် သတ်သေချင်မိခဲ့တယ်။ တစ်သက်လုံး ဝှီးချဲ ပေါ်မှာပဲ နေရမယ်လို့ထင်ခဲ့မိပေမယ့် အခုတော့ မြေကြီးပေါ်မှာ ခြေထောက် ချနိုင်ခဲ့ပြီ” လို့ သရုပ်ဆောင်ရွှေစင်က ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။



သူမအနေနဲ့ သတ်သေချင်လောက်အောင်စိတ်ဓာတ်ကျခဲ့ပြီးအနုပညာအလုပ်တွေကို ဘယ်တော့မှပြန်မလုပ်နိုင်တော့ဘူးလို့ ထင်ခဲ့မိတယ်လို့ ဖွင့်ဟလာခဲ့တာပါ။သူမလိုအခက်အခဲနဲ့ ရင်ဆိုင်နေရသူတွေကိုလည်း သူမအနေနဲ့ ကူညီပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့ရှိနေပေးသွားဖို့ လည်းပြင်ဆင်နေတယ်လို့သိရပါတယ်။



“ဇင်ဒီ ဒုက္ခတွေကို မကျော်နိုင်ဘူးတောင်ထင်ခဲ့တယ်။ဒါပေမယ့် ဇင်ကျော်နိုင်ခဲ့တယ်။ဒီနေ့ဒီလိုနေ့မျိုးရောက်လာတယ်ပေါ့။အခုအခက်အခဲကြုံနေရသူတွေကိုပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။တနေ့မှာတော့ဒီရင်ဆိုင်နေရတဲ့ဒုက္ခတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်မှာပါ။တတ်နိုင်သမျှအကောင်းဆုံးလုပ်ပြီး ဘာသာတရားနဲ့ ကျော်ဖြတ်ကြပါလို့ ပြောချင်ပါတယ်” လို့ဆိုလာခဲ့တာပါ။



ရွှေဇင်ကတော့တကယ့်ကို ကြောက်စရာကောင်းတဲ့အခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတာပါ ပရိသတ်ကြီးရေ။အခုလို အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ရွှေစင့်လို သူတွေလည်း အမြန်ဆုံး ပြေလည်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။


(Zawgyi)

သ႐ုပ္ေဆာင္ေ႐ႊစင္ကေတာ့ သူမရဲ႕ ေမာ္ဒယ္ သ႐ုပ္ေဖာ္ဓာတ္ပုံမ်ားနဲ႔ ဆိုရွယ္မီဒီယာေပၚမွာ ေက်ာ္ၾကားတဲ့သ႐ုပ္ေဆာင္ေမာ္ဒယ္တစ္ဦးျဖစ္ပါတယ္။ဒီရက္ပိုင္းမွာပဲ ေ႐ႊစင္ဟာ ရန္ကုန္၊ ေတာင္ဒဂုံ ၿမိဳ႕နယ္ရွိ စားဝတ္ေနေရးခက္ခဲေနတဲ့ အိမ္ေထာင္စုမ်ားအား ဆန္၊ ဆီ၊ စားေသာက္ကုန္မ်ား၊ ဆပ္ျပာ၊ သြားတိုက္ေဆး စတဲ့ ပစၥည္း (၁၅)မ်ိဳး အျပင္ အလႉေငြမ်ားကို ကိုယ္တိုင္ ေထာက္ပံ့ လႉဒါန္းခဲ့ပါေသးတယ္။



ဒီလို လာေရာက္လႉဒါန္းစဥ္မီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာေတာ့ သူမကားတိုက္မႈႀကဳံေတြ႕ခဲ့ရၿပီးေနာက္ပိုင္း Wheel Chair ေပၚမွာ တသက္လုံးေနရေတာ့မယ္ထင္ရေလာက္ေအာင္ ျဖစ္ခဲ့ရပုံေတြကိုမ်က္ရည္ေတြနဲ႔ ျပန္ေျပာင္းေျပာျပလာခဲ့တာပါ။



“ကားတိုက္မႈ ျဖစ္ၿပီး ေျခေထာက္ ထိသြားေတာ့ ခြဲစိတ္မႈ (၄) ခါ လုပ္ခဲ့ရတယ္။ ျမန္မာျပည္မွာေရာ၊ ႏိုင္ငံျခားမွာပါ ေဆး႐ုံေတြ ေျပာင္းၿပီး ကုသခဲ့ရတယ္။ ေျခေထာက္ က ျပန္ေကာင္းခ်င္ မွ ေကာင္းလာမယ္ ဆိုတဲ့ အေျဖ ေၾကာင့္ သတ္ေသခ်င္မိခဲ့တယ္။ တစ္သက္လုံး ဝွီးခ်ဲ ေပၚမွာပဲ ေနရမယ္လို႔ထင္ခဲ့မိေပမယ့္ အခုေတာ့ ေျမႀကီးေပၚမွာ ေျခေထာက္ ခ်ႏိုင္ခဲ့ၿပီ” လို႔ သ႐ုပ္ေဆာင္ေ႐ႊစင္က ျပန္လည္ရွင္းျပခဲ့တာျဖစ္ပါတယ္။



သူမအေနနဲ႔ သတ္ေသခ်င္ေလာက္ေအာင္စိတ္ဓာတ္က်ခဲ့ၿပီးအႏုပညာအလုပ္ေတြကို ဘယ္ေတာ့မွျပန္မလုပ္ႏိုင္ေတာ့ဘူးလို႔ ထင္ခဲ့မိတယ္လို႔ ဖြင့္ဟလာခဲ့တာပါ။သူမလိုအခက္အခဲနဲ႔ ရင္ဆိုင္ေနရသူေတြကိုလည္း သူမအေနနဲ႔ ကူညီၿပီး သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ရွိေနေပးသြားဖို႔ လည္းျပင္ဆင္ေနတယ္လို႔သိရပါတယ္။



“ဇင္ဒီ ဒုကၡေတြကို မေက်ာ္ႏိုင္ဘူးေတာင္ထင္ခဲ့တယ္။ဒါေပမယ့္ ဇင္ေက်ာ္ႏိုင္ခဲ့တယ္။ဒီေန႔ဒီလိုေန႔မ်ိဳးေရာက္လာတယ္ေပါ့။အခုအခက္အခဲႀကဳံေနရသူေတြကိုေျပာခ်င္တာက စိတ္ဓာတ္မက်ပါနဲ႔။တေန႔မွာေတာ့ဒီရင္ဆိုင္ေနရတဲ့ဒုကၡေတြ အခက္အခဲေတြကို ေျဖရွင္းႏိုင္မွာပါ။တတ္ႏိုင္သမွ်အေကာင္းဆုံးလုပ္ၿပီး ဘာသာတရားနဲ႔ ေက်ာ္ျဖတ္ၾကပါလို႔ ေျပာခ်င္ပါတယ္” လို႔ဆိုလာခဲ့တာပါ။



ေ႐ႊဇင္ကေတာ့တကယ့္ကို ေၾကာက္စရာေကာင္းတဲ့အေျခအေနေတြကို ေက်ာ္ျဖတ္ခဲ့ရတာပါ ပရိသတ္ႀကီးေရ။အခုလို အခက္အခဲအက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ေ႐ႊစင့္လို သူေတြလည္း အျမန္ဆုံး ေျပလည္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Post a Comment

Previous Post Next Post