(Zawgyi)


လူတိုင္းကေတာ့ ငယ္႐ြယ္စဥ္အခ်ိန္တုန္းက ပစၥည္းေတြမခိုးယူမိခဲ့ရင္ေတာင္ မိဘေတြမသိေအာင္မုန႔္ကိုေတာ့ ခိုးစားမိၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း မေလးရွားႏိုင္ငံက အသက္ 23 ႏွစ္အ႐ြယ္ ေကာင္ေလးဟာ လြန္ခဲ့တဲ့ 15 ႏွစ္ခန႔္က က်ဴ းလြန္မိခဲ့တဲ့လုပ္ရပ္ေၾကာင့္ Ayer Tawar ၿမိဳ႕သို႔ျပန္လာခဲ့ၿပီး ေတာင္းပန္စကားဆိုခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့အဆိုပါေကာင္ေလးဟာ အသက္ 8ႏွစ္အ႐ြယ္ခန႔္က စတိုးဆိုင္တစ္ဆိုင္ကေန ခဲဖ်တ္ ခိုးယူမိခဲ့တဲ့အတြက္ ဆိုင္ရွင္ျဖစ္သူနဲ႔ မ်က္ႏွာခ်င္ဆိုင္ၿပီးေတာင္းပန္ရမွာ ရွက္တဲ့အဆုံး စာတစ္ေစာင္ ၊ RM 50 ပိုက္ဆံတစ္႐ြက္နဲ႔အတူ ထားခဲ့ၿပီး ေတာင္းပန္ခဲ့ပါတယ္ ။





စာထဲမွာေတာ့ ” လြန္ခဲ့တဲ့ 15 ႏွစ္ ၊ ကြၽန္ေတာ့္အသက္ 8ႏွစ္အ႐ြယ္မွာ ၊ ခင္ဗ်ားဆိုင္ကေန ကြၽန္ေတာ္ ခဲဖ်တ္ခိုးယူမိခဲ့တယ္ ၊ ကြၽန္ေတာ့္လုပ္ရပ္အတြက္ ကြၽန္ေတာ့္ကိုခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္ပါတယ္ ၊ ကြၽန္ေတာ္ ခင္ဗ်ားဆီကယူထားတဲ့ အေႂကြးျပန္ဆပ္ခ်င္လို႔ပါ ၊ ကြၽန္ေတာ္ ေနာက္က်သြားတဲ့အတြက္ ေတာင္းပန္ပါတယ္ ၊ ကြၽန္ေတာ္ အသက္ 10 ႏွစ္အ႐ြယ္တုန္းက အိမ္ေျပာင္းသြားခဲ့လို႔ပါ ၊ ကြၽန္ေတာ့္ကို ခြင့္လႊတ္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ ” ဆိုၿပီး ေတာင္းပန္စာကို ေရးသားသြားခဲ့ပါတယ္ ။



ဆိုင္ရွင္ျဖစ္တဲ့ Mr.Chee ရဲ႕ေျပာျပခ်က္အရ ေကာင္ေလးဟာ ဆိုင္အတြင္းသို႔ဝင္ေရာက္လာၿပီး ေရတစ္ဘူး နဲ႔ ေပါင္မုန႔္ဝယ္သြားခဲ့ပါတယ္ ။ ထို႔ေနာက္ ဆိုင္အျပင္ဖက္အထိထြက္ၿပီး ဆိုင္ကိုပတ္ပတ္လည္ၾကည့္ေနခဲ့လို႔ ဆိုင္ရွင္ကလည္းဆိုင္အျပင္ထြက္ၿပီး ဘာကူညီေပးရမလဲဆိုၿပီး ေမးျမန္းခဲ့ပါတယ္ ။ ထို႔ေနာက္ ေကာင္ေလးဟာ လြန္ခဲ့တဲ့ 15 ႏွစ္တုန္းက ဒီဆိုင္ကိုဖြင့္ခဲ့တဲ့ ဆိုင္ရွင္လားဆိုၿပီး ေမးျမန္ခဲ့လို႔ ဟုတ္မွန္ေၾကာင္း ေျဖၾကားေပးခဲ့ခ်ိန္မွာေတာ့ ေကာင္ေလးဟာစာတစ္ေစာင္ေပးၿပီး သူထြက္သြားတဲ့ အခ်ိန္မွ ဖတ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။

ထို႔ေနာက္ ဆိုင္ရွင္ဟာ အဆိုပါေတာင္းပန္စာကို ဖတ္မိၿပီးခဲ့ခ်ိန္မွာေတာ့ ေကာင္ေလးရဲ႕ စိတ္ေနသေဘာထားကို အေတာ္ေလးသေဘာက်သြားၿပီး အဆိုပါစာေလးကို သူ၏ဆိုင္တြင္ကပ္ထားမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထိုမွသာ လူေတြဟာ ကိုယ့္အမွားကို အခ်ိန္မလြန္ခင္ျပန္ၿပီးျပင္ဆင္ဖို႔ သတိရၿပီး ၊ အခြင့္အေရးရေအာင္ ရည္႐ြယ္ၿပီးေမွ်ာ္လင့္မိေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။ ထို႔အျပင္ အဆိုပါေကာင္ေလးကိုလည္း ခြင့္လႊတ္ေၾကာင္း ေျဖၾကားသြားခဲ့ပါတယ္ ။

Credit Mckzone Daily


(Unicode)

လူတိုင်းကတော့ ငယ်ရွယ်စဉ်အချိန်တုန်းက ပစ္စည်းတွေမခိုးယူမိခဲ့ရင်တောင် မိဘတွေမသိအောင်မုန့်ကိုတော့ ခိုးစားမိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အသက် 23 နှစ်အရွယ် ကောင်လေးဟာ လွန်ခဲ့တဲ့ 15 နှစ်ခန့်က ကျူ းလွန်မိခဲ့တဲ့လုပ်ရပ်ကြောင့် Ayer Tawar မြို့သို့ပြန်လာခဲ့ပြီး တောင်းပန်စကားဆိုခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့အဆိုပါကောင်လေးဟာ အသက် 8နှစ်အရွယ်ခန့်က စတိုးဆိုင်တစ်ဆိုင်ကနေ ခဲဖျတ် ခိုးယူမိခဲ့တဲ့အတွက် ဆိုင်ရှင်ဖြစ်သူနဲ့ မျက်နှာချင်ဆိုင်ပြီးတောင်းပန်ရမှာ ရှက်တဲ့အဆုံး စာတစ်စောင် ၊ RM 50 ပိုက်ဆံတစ်ရွက်နဲ့အတူ ထားခဲ့ပြီး တောင်းပန်ခဲ့ပါတယ် ။




စာထဲမှာတော့ ” လွန်ခဲ့တဲ့ 15 နှစ် ၊ ကျွန်တော့်အသက် 8နှစ်အရွယ်မှာ ၊ ခင်ဗျားဆိုင်ကနေ ကျွန်တော် ခဲဖျတ်ခိုးယူမိခဲ့တယ် ၊ ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော့်ကိုခွင့်လွှတ်ပေးဖို့တောင်းပန်ချင်ပါတယ် ၊ ကျွန်တော် ခင်ဗျားဆီကယူထားတဲ့ အကြွေးပြန်ဆပ်ချင်လို့ပါ ၊ ကျွန်တော် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် ၊ ကျွန်တော် အသက် 10 နှစ်အရွယ်တုန်းက အိမ်ပြောင်းသွားခဲ့လို့ပါ ၊ ကျွန်တော့်ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်မိပါတယ် ” ဆိုပြီး တောင်းပန်စာကို ရေးသားသွားခဲ့ပါတယ် ။



ဆိုင်ရှင်ဖြစ်တဲ့ Mr.Chee ရဲ့ပြောပြချက်အရ ကောင်လေးဟာ ဆိုင်အတွင်းသို့ဝင်ရောက်လာပြီး ရေတစ်ဘူး နဲ့ ပေါင်မုန့်ဝယ်သွားခဲ့ပါတယ် ။ ထို့နောက် ဆိုင်အပြင်ဖက်အထိထွက်ပြီး ဆိုင်ကိုပတ်ပတ်လည်ကြည့်နေခဲ့လို့ ဆိုင်ရှင်ကလည်းဆိုင်အပြင်ထွက်ပြီး ဘာကူညီပေးရမလဲဆိုပြီး မေးမြန်းခဲ့ပါတယ် ။ ထို့နောက် ကောင်လေးဟာ လွန်ခဲ့တဲ့ 15 နှစ်တုန်းက ဒီဆိုင်ကိုဖွင့်ခဲ့တဲ့ ဆိုင်ရှင်လားဆိုပြီး မေးမြန်ခဲ့လို့ ဟုတ်မှန်ကြောင်း ဖြေကြားပေးခဲ့ချိန်မှာတော့ ကောင်လေးဟာစာတစ်စောင်ပေးပြီး သူထွက်သွားတဲ့ အချိန်မှ ဖတ်ဖို့ တောင်းဆိုခဲ့ပါတယ် ။

ထို့နောက် ဆိုင်ရှင်ဟာ အဆိုပါတောင်းပန်စာကို ဖတ်မိပြီးခဲ့ချိန်မှာတော့ ကောင်လေးရဲ့ စိတ်နေသဘောထားကို အတော်လေးသဘောကျသွားပြီး အဆိုပါစာလေးကို သူ၏ဆိုင်တွင်ကပ်ထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထိုမှသာ လူတွေဟာ ကိုယ့်အမှားကို အချိန်မလွန်ခင်ပြန်ပြီးပြင်ဆင်ဖို့ သတိရပြီး ၊ အခွင့်အရေးရအောင် ရည်ရွယ်ပြီးမျှော်လင့်မိကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင် အဆိုပါကောင်လေးကိုလည်း ခွင့်လွှတ်ကြောင်း ဖြေကြားသွားခဲ့ပါတယ် ။

Credit Mckzone Daily

Post a Comment

Previous Post Next Post