(Unicode)

ရုရှားနိုင်ငံက အလေးမသမားဟာ 400kg အလေးချိန်ရှိတဲ့ ဝိတ်တုံးကြီးကိုမဖို့ကြိုးစားရင်း ဒူးခေါင်းနှစ်ဖက်လုံးကျိုးသွားခဲ့တဲ့အပြင် ကြွက်သားတွေပါ ပျက်စီးသွားခဲ့ပါတယ် ။Alexander Sedykh အမည်ရှိတဲ့ အဆိုပါအလေးမသမားကြီးဟာ The World Raw Powerlifting Federation (WRPF) European Championships ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရင်း အဆိုပါအဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရတာပါ ။Video ထဲမှာတော့ Sedykh ဟာ 400kg အလေးကြီးကို မနေရင်း သူ့ရဲ့ဒူးတွေဟာ အတော်လေးကိုယိမ်းယိုင်တုန်ခါနေခဲ့တာပါ ။ ဒူးခေါင်းကျိုးသွားခဲ့ပြီး ကြမ်းပြင်ပေါ်လဲကျသွားချိန်မှာ ပြင်းထန်လွန်းတဲ့ဝေဒနာဒဏ်ကြောင့် Sedykh ဟာ အော်ဟစ်ငိုကြွေးသွားခဲ့ပါတယ် ။



တာဝန်ရှိသူတွေ နဲ့ ဆေးအကူအသင်းများက Sedykh ကိုဆေးရုံသို့ အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပြီးနောက် ၊ 6နာရီခန့် ဒူးခေါင်းခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ် ။ ဒူးခေါင်းကျိုးတဲ့ ဒဏ်ရာခံစားရပြီးနောက်မှာတော့ Sedykh ဟာ ပျက်စီးသွားတဲ့ကြွက်သားတွေ ပြန်ပြီးပူးဆက်သွားဖို့အတွက် ကုသမှုထပ်မံခံယူရမှာပါ ။



ခွဲစိတ်ကုသမှုအောင်မြင်ပြီးသွားရင်တောင် Sedykh ဟာ လမ်းပြန်လျှောက်နိုင်ဖို့ လေ့ကျင့်ရအုံးမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ် ။ ” အဓိကအချက်ကတော့ လှုပ်ရှားမှုမရှိဘဲ 2လလောက် ကျွန်တော်အိပ်ရာပေါ်မှာ နေရမှာပါ ၊ ပြီးရင်တော့ လမ်းလျှောက်ဖို့ ပြန်လေ့ကျင့်ရမယ် ၊ နလှန်ပြန်ထနိုင်ဖို့ အချိန်ယူရအုံးမှာပါ ” ဆိုပြီး Sedykh ကပြောပြသွားခဲ့ပါတယ် ။

Credit Mckzone Daily


(Zawgyi)


႐ု႐ွားႏိုင္ငံက အေလးမသမားဟာ 400kg အေလးခ်ိန္႐ွိတဲ့ ဝိတ္တံုးႀကီးကိုမဖို႔ႀကိဳးစားရင္း ဒူးေခါင္းႏွစ္ဖက္လံုးက်ိဳးသြားခဲ့တဲ့အျပင္ ႂကြက္သားေတြပါ ပ်က္စီးသြားခဲ့ပါတယ္ ။Alexander Sedykh အမည္႐ွိတဲ့ အဆိုပါအေလးမသမားႀကီးဟာ The World Raw Powerlifting Federation (WRPF) European Championships ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုအတြက္ ယွဥ္ၿပိဳင္ရင္း အဆိုပါအျဖစ္ဆိုးမ်ိဳး ၾကံဳေတြ႔ခဲ့ရတာပါ ။Video ထဲမွာေတာ့ Sedykh ဟာ 400kg အေလးႀကီးကို မေနရင္း သူ႔ရဲ႕ဒူးေတြဟာ အေတာ္ေလးကိုယိမ္းယိုင္တုန္ခါေနခဲ့တာပါ ။ ဒူးေခါင္းက်ိဳးသြားခဲ့ၿပီး ၾကမ္းျပင္ေပၚလဲက်သြားခ်ိန္မွာ ျပင္းထန္လြန္းတဲ့ေဝဒနာဒဏ္ေၾကာင့္ Sedykh ဟာ ေအာ္ဟစ္ငိုေႂကြးသြားခဲ့ပါတယ္ ။


တာဝန္႐ွိသူေတြ နဲ႔ ေဆးအကူအသင္းမ်ားက Sedykh ကိုေဆးရံုသို႔ အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၾကၿပီးေနာက္ ၊ 6နာရီခန္႔ ဒူးေခါင္းခြဲစိတ္ကုသမႈ ျပဳလုပ္ခဲ့ရပါတယ္ ။ ဒူးေခါင္းက်ိဳးတဲ့ ဒဏ္ရာခံစားရၿပီးေနာက္မွာေတာ့ Sedykh ဟာ ပ်က္စီးသြားတဲ့ႂကြက္သားေတြ ျပန္ၿပီးပူးဆက္သြားဖို႔အတြက္ ကုသမႈထပ္မံခံယူရမွာပါ ။


ခြဲစိတ္ကုသမႈေအာင္ျမင္ၿပီးသြားရင္ေတာင္ Sedykh ဟာ လမ္းျပန္ေလ်ွာက္ႏိုင္ဖို႔ ေလ့က်င့္ရအံုးမွာျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္ ။ ” အဓိကအခ်က္ကေတာ့ လႈပ္႐ွားမႈမ႐ွိဘဲ 2လေလာက္ ကြၽန္ေတာ္အိပ္ရာေပၚမွာ ေနရမွာပါ ၊ ၿပီးရင္ေတာ့ လမ္းေလ်ွာက္ဖို႔ ျပန္ေလ့က်င့္ရမယ္ ၊ နလွန္ျပန္ထႏိုင္ဖို႔ အခ်ိန္ယူရအံုးမွာပါ ” ဆိုၿပီး Sedykh ကေျပာျပသြားခဲ့ပါတယ္ ။

Credit Mckzone Daily

Post a Comment

Previous Post Next Post