(Unicode)

“၁၂ ရက်နေ့က သူက စစ်တွေသွားတယ်။ ၁၄ ရက်နေ့က ပြန်လာတယ်။ ၁၇ ရက်နေ့ကျတော့ Air KBZ ရုံးကိုသွားတယ်။ ၂၆ ရက်နေ့ကျတော့ အနံ့တို့ဘာတို့ အာရုံတွေ သိပ်မရတော့ သူက တောင်ဒဂုံမှာရှိတဲ့ Fever Clinic ကို သွားတယ်။ အဲဒီကနေပြီးတော့မှ သင်္ဃန်းကျွန်းဆေးရုံကို ရောက်တာပေါ့” လို့ ဦးသိန်းနိုင်က ပြောပါတယ်။



တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အထက်ပါအတိုင်း အတည်ပြုပြောကြားပြီး လူနာကို မနေ့ညက Swab ယူပြီး ဒီနေ့မနက်မှာ ပိုးတွေ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“တောင်ဒဂုံ ၂၅ ရပ်ကွက်က အမျိုးသမီးတစ်ယောက်ပါ။ လေကြောင်းလိုင်းတစ်လိုင်းက မန်နေဂျာပါ” လို့လည်း တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်က Duwun ကို ပြောပါတယ်။



လူနာဟာ ရပ်ကွက်ထဲမှာ အသွားအလာအထိအတွေ့ ရှိသူ မဟုတ်ဘူးလို့ ဦးရဲအောင်က ဆိုပါတယ်။

လတ်တလောမှာတော့ လူနာရဲ့ မိသားစုဝင် ၃ ဦးကို ရွှေပြည်သာကွန်ပျူတာတက္ကသိုလ်မှာ ကွာရန်တင်းပို့ရန် စီစဉ်နေတယ်လို့ သိရပါတယ်။



သြဂုတ်လ ၁၆ ရက်နေ့ စစ်တွေမှာ ပြည်တွင်းကူးစက်လူနာများ စတင်တွေ့ရှိတဲ့နေ့ကစပြီး ရန်ကုန်မှာ စောင့်ကြည့်လူနာအဖြစ် (သို့မဟုတ်) ဆေးစစ်ရင်းနဲ့ တွေ့ရှိတဲ့လူနာ ၃ ဦးရှိနေပါပြီ။ ပထမဆုံးတစ်ဦးက သြဂုတ်လဆန်းပိုင်းကတည်းက တောင်ကြီးမြို့ကနေ ရန်ကုန်ကိုရောက်နေပြီး သြဂုတ်လ ၂၅ ရက်နေ့က ပိုးတွေ့ရှိတဲ့ လူနာအမှတ် ၄၇၇ ဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ သင်္ဘောလိုက်ဖို့အတွက် ကျန်းမာရေးစစ်ဆေးရာမှ သြဂုတ်လ ၂၆ ရက်ကေ ပိုးတွေ့ခဲ့တဲ့ လူနာအမှတ် ၅၀၆ ဖြစ်ပါတယ်။



သူနေထိုင်ရာ တောင်ဥက္ကလာက တိုက်ကို လော့ဒေါင်းလုပ်ပြီး သူ့မိသားစုဝင်များနဲ့ ဝန်ထမ်း စုစုပေါင်း ၁၅ ဦးကို ကွာရန်တင်းစင်တာကို ပို့ဆောင်ထားပါပြီ။

မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာစုစု‌ပေါင်း ၅၈၆ ဦးရှိနေပြီး ၆ ဦးသေဆုံးကာ ရောဂါကင်းစင်သူ ၃၄၅ ဦး ရှိပါတယ်။ လက်ရှိကုသမှုခံယူဆဲလူနာက ၂၃၅ ဦး ရှိပါတယ်။

Credit – Duwun

(Zawgyi)


“၁၂ ရက္ေန႕က သူက စစ္ေတြသြားတယ္။ ၁၄ ရက္ေန႕က ျပန္လာတယ္။ ၁၇ ရက္ေန႕က်ေတာ့ Air KBZ ႐ုံးကိုသြားတယ္။ ၂၆ ရက္ေန႕က်ေတာ့ အနံ႕တို႔ဘာတို႔ အာ႐ုံေတြ သိပ္မရေတာ့ သူက ေတာင္ဒဂုံမွာရွိတဲ့ Fever Clinic ကို သြားတယ္။ အဲဒီကေနၿပီးေတာ့မွ သဃၤန္းကြၽန္းေဆး႐ုံကို ေရာက္တာေပါ့” လို႔ ဦးသိန္းနိုင္က ေျပာပါတယ္။



ေတာင္ဒဂုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးကလည္း အထက္ပါအတိုင္း အတည္ျပဳေျပာၾကားၿပီး လူနာကို မေန႕ညက Swab ယူၿပီး ဒီေန႕မနက္မွာ ပိုးေတြ႕ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

“ေတာင္ဒဂုံ ၂၅ ရပ္ကြက္က အမ်ိဳးသမီးတစ္ေယာက္ပါ။ ေလေၾကာင္းလိုင္းတစ္လိုင္းက မန္ေနဂ်ာပါ” လို႔လည္း ေတာင္ဒဂုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးရဲေအာင္က Duwun ကို ေျပာပါတယ္။



လူနာဟာ ရပ္ကြက္ထဲမွာ အသြားအလာအထိအေတြ႕ ရွိသူ မဟုတ္ဘူးလို႔ ဦးရဲေအာင္က ဆိုပါတယ္။

လတ္တေလာမွာေတာ့ လူနာရဲ႕ မိသားစုဝင္ ၃ ဦးကို ေ႐ႊျပည္သာကြန္ပ်ဴတာတကၠသိုလ္မွာ ကြာရန္တင္းပို႔ရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။



ၾသဂုတ္လ ၁၆ ရက္ေန႕ စစ္ေတြမွာ ျပည္တြင္းကူးစက္လူနာမ်ား စတင္ေတြ႕ရွိတဲ့ေန႕ကစၿပီး ရန္ကုန္မွာ ေစာင့္ၾကည့္လူနာအျဖစ္ (သို႔မဟုတ္) ေဆးစစ္ရင္းနဲ႕ ေတြ႕ရွိတဲ့လူနာ ၃ ဦးရွိေနပါၿပီ။ ပထမဆုံးတစ္ဦးက ၾသဂုတ္လဆန္းပိုင္းကတည္းက ေတာင္ႀကီးၿမိဳ႕ကေန ရန္ကုန္ကိုေရာက္ေနၿပီး ၾသဂုတ္လ ၂၅ ရက္ေန႕က ပိုးေတြ႕ရွိတဲ့ လူနာအမွတ္ ၄၇၇ ျဖစ္ပါတယ္။

ေနာက္တစ္ဦးကေတာ့ သေဘၤာလိုက္ဖို႔အတြက္ က်န္းမာေရးစစ္ေဆးရာမွ ၾသဂုတ္လ ၂၆ ရက္ေက ပိုးေတြ႕ခဲ့တဲ့ လူနာအမွတ္ ၅၀၆ ျဖစ္ပါတယ္။



သူေနထိုင္ရာ ေတာင္ဥကၠလာက တိုက္ကို ေလာ့ေဒါင္းလုပ္ၿပီး သူ႕မိသားစုဝင္မ်ားနဲ႕ ဝန္ထမ္း စုစုေပါင္း ၁၅ ဦးကို ကြာရန္တင္းစင္တာကို ပို႔ေဆာင္ထားပါၿပီ။

ျမန္မာနိုင္ငံမွာ ၾသဂုတ္လ ၂၇ ရက္ေန႕ မနက္ပိုင္းအထိ ပိုးေတြ႕လူနာစုစု‌ေပါင္း ၅၈၆ ဦးရွိေနၿပီး ၆ ဦးေသဆုံးကာ ေရာဂါကင္းစင္သူ ၃၄၅ ဦး ရွိပါတယ္။ လက္ရွိကုသမႈခံယူဆဲလူနာက ၂၃၅ ဦး ရွိပါတယ္။

Credit – Duwun

Post a Comment

Previous Post Next Post