(Unicode)
ရန်ကုန်၊ ဩဂုတ် ၂၁။
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်အတွင်းရှိ AYA Bank ရဲ့ ATM စက်တစ်လုံး ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူအချို့ရဲ့ ပြောဆိုချက်များအရ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ ဩဂုတ်လ ၂၁ရက်နေ့ မနက်ပိုင်းအချိန်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်အတွင်းရှိ န ဝဒေးလမ်းမှ City Express ဆိုင်ရှေ့ရှိ AYA Bank ရဲ့ ATM စက် ဖောက်ထွင်းခံရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
“မနက်ကတွေ့တာပါ၊ City Express ဆိုင်ရှေ့က AYA ATM စက်ဖောက်ခံရတာ၊ သူက စီစီတီဗီကို အုပ်ပီး လုပ်သွားတာပါ”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ထိုကဲ့သို့ AYA Bank ATM စက် ဖောက်ထွင်းခံခဲ့ရသော်လည်း ငွေသားများ ပါရှိသွားခြင်းမရှိဘဲ ATM စက် ပျက်ဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။
TMA
Credit – MyanmaPlatform
(Zawgyi)
ရန္ကုန္၊ ဩဂုတ္ ၂၁။
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္အတြင္းရွိ AYA Bank ရဲ႕ ATM စက္တစ္လုံး ေဖာက္ထြင္းခံရမႈ ျဖစ္ပြားခဲ့တယ္လို႔ ရပ္ကြက္ေနျပည္သူအခ်ိဳ႕ရဲ႕ ေျပာဆိုခ်က္မ်ားအရ သိရပါတယ္။
အဆိုပါျဖစ္စဥ္မွာ ယေန႔ ဩဂုတ္လ ၂၁ရက္ေန႔ မနက္ပိုင္းအခ်ိန္က ဒဂုံၿမိဳ႕နယ္၊ ေယာမင္းႀကီးရပ္ကြက္အတြင္းရွိ န ဝေဒးလမ္းမွ City Express ဆိုင္ေရွ႕ရွိ AYA Bank ရဲ႕ ATM စက္ ေဖာက္ထြင္းခံရတာကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
“မနက္ကေတြ႕တာပါ၊ City Express ဆိုင္ေရွ႕က AYA ATM စက္ေဖာက္ခံရတာ၊ သူက စီစီတီဗီကို အုပ္ပီး လုပ္သြားတာပါ”လို႔ ရပ္ကြက္ေနျပည္သူတစ္ဦးက ေျပာပါတယ္။
ထိုကဲ့သို႔ AYA Bank ATM စက္ ေဖာက္ထြင္းခံခဲ့ရေသာ္လည္း ေငြသားမ်ား ပါရွိသြားျခင္းမရွိဘဲ ATM စက္ ပ်က္ဆီးသြားခဲ့တယ္လို႔လည္း သိရပါတယ္။
TMA
Credit – MyanmaPlatform
Post a Comment