(Zawgyi)


ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသားတစ္လက္အျဖစ္ အႏုပညာေလာကမွ အနားယူသည္အထိ ရပ္တည္ႏိုင္ခဲ့တဲ့ မင္းသားႀကီးဦးေက်ာ္ဟိန္းကေတာ့သာသနာေဘာင္မွာ ၁၂ ႏွစ္တာ ေမြ႕ေလ်ာ္ခဲ့အၿပီးမွာေတာ့ ဦးဇင္းႀကီးအေနနဲ႔ ပ်ံလြန္ေတာ္မူသြားခဲ့ၿပီပဲျဖစ္ပါတယ္။


ကိုယ္ပိုင္ဒႆနမ်ားစြားနဲ႔ လူအမ်ားကို လမ္းၫႊန္ေပးခဲ့သလို ကိုယ္တိုင္လည္း ေသျခင္းတရားကို အေသအခ်ာျပင္ဆင္ၿပီး ရင္ဆိုင္သြားခဲ့တာပါ။ဦးဇင္းႀကီးရဲ႕ အႏုပညာလက္ရာေတြကို ပ်ံလြန္ေတာ္မူခ်ိန္မွာ ဦးဇင္းႀကီးရဲ႕ခ်စ္ပရိသတ္မ်ားက မွ်ေဝခဲ့ၾကၿပီး လြမ္းဆြတ္ေနခဲ့ၾကတာလည္းျဖစ္ပါတယ္။


ဒီေန႔မွာေတာ့ ဦးဇင္းကိတၳိသာရ ရဲ႕သမီးျဖစ္သူ ခင္ခင္ခကေနၿပီးေတာ့ ျမန္မာျပည္က ပရိသတ္ေတြအတြက္ သတင္းေကာင္းေလးတစ္ခုကို မွ်ေဝခဲ့ပါတယ္။ ” အားလုံး အားလုံး အေဖ ဦးဇင္းအတြက္ ဝိုင္းၿပီး ဆုေတာင္း သာဓုေခၚေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္။ ဒီစာေရးတာေတာ္ေတာ္ေတာ့ ေနာက္က်ေနတယ္။ ဘယ္လိုမွေျပာျပလို႔ မရတဲ့ ခံစားမႈေတြ ရင္ထဲ ေခါင္းထဲ ျပည့္လြန္းလို႔ လွ်ံထြက္ေနတယ္။ ေလာကရဲ႕ အမွန္တရားအစစ္ေတြကို ခုမွ လက္ေတြ႕ ခံစားဖူးတာပါ။ ဦးဇင္းေျပာေနၾက စကားအတိုင္းပါပဲ ဘယ္ဟာမွအၾကာႀကီး မဟုတ္ပါဘူး။ ဦးဇင္းရဲ႕ အလုပ္ေတြ ခင္ခ ဆက္လုပ္ေနပါတယ္။ COVID ႀကီးေအးေအးေဆးေဆး ျဖစ္သြားရင္ ခင္ခ ကိုယ္တိုင္ ျပန္လာၿပီး ဦးဇင္းေနာက္ဆုံးေရးခဲ့တဲ့ စာအုပ္ (၂) အုပ္ကို ကိုChan Myae Win နဲ႔ ထုတ္လုပ္ဖို႔ရွိပါတယ္။ စာအုပ္ နာမည္ေတြက ‘အေျဖ’ နဲ႔ ‘ ေက်ာ္ဟိန္း အတၳဳပၸတၱိ’ ပါ” ဆိုၿပီး အသိေပးလာခဲ့တာပါ။




ဦးဇင္းရဲ႕ေနာက္ဆုံးအခ်ိန္ေတြမွာေရးသားခဲ့တဲ့ စာအုပ္ႏွစ္အုပ္ကို ပရိသတ္ေတြ ထိေတြ႕ခြင့္ရမွာျဖစ္ၿပီး ဦးဇင္းေဟာခဲ့တဲ့ တရားေတြ နဲ႔ စာေတြကိုလည္း U Keikti Thara pageကေန တင္ေပးသြားမယ္ ဆိုတဲ့အေၾကာင္း သမီးျဖစ္သူ ခင္ခင္ခ ကမွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ…

Yin Khat Pan


(Unicode)


မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်အဖြစ် အနုပညာလောကမှ အနားယူသည်အထိ ရပ်တည်နိုင်ခဲ့တဲ့ မင်းသားကြီးဦးကျော်ဟိန်းကတော့သာသနာဘောင်မှာ ၁၂ နှစ်တာ မွေ့လျော်ခဲ့အပြီးမှာတော့ ဦးဇင်းကြီးအနေနဲ့ ပျံလွန်တော်မူသွားခဲ့ပြီပဲဖြစ်ပါတယ်။


ကိုယ်ပိုင်ဒဿနများစွားနဲ့ လူအများကို လမ်းညွှန်ပေးခဲ့သလို ကိုယ်တိုင်လည်း သေခြင်းတရားကို အသေအချာပြင်ဆင်ပြီး ရင်ဆိုင်သွားခဲ့တာပါ။ဦးဇင်းကြီးရဲ့ အနုပညာလက်ရာတွေကို ပျံလွန်တော်မူချိန်မှာ ဦးဇင်းကြီးရဲ့ချစ်ပရိသတ်များက မျှဝေခဲ့ကြပြီး လွမ်းဆွတ်နေခဲ့ကြတာလည်းဖြစ်ပါတယ်။


ဒီနေ့မှာတော့ ဦးဇင်းကိတ္ထိသာရ ရဲ့သမီးဖြစ်သူ ခင်ခင်ခကနေပြီးတော့ မြန်မာပြည်က ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ” အားလုံး အားလုံး အဖေ ဦးဇင်းအတွက် ဝိုင်းပြီး ဆုတောင်း သာဓုခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီစာရေးတာတော်တော်တော့ နောက်ကျနေတယ်။ ဘယ်လိုမှပြောပြလို့ မရတဲ့ ခံစားမှုတွေ ရင်ထဲ ခေါင်းထဲ ပြည့်လွန်းလို့ လျှံထွက်နေတယ်။ လောကရဲ့ အမှန်တရားအစစ်တွေကို ခုမှ လက်တွေ့ ခံစားဖူးတာပါ။ ဦးဇင်းပြောနေကြ စကားအတိုင်းပါပဲ ဘယ်ဟာမှအကြာကြီး မဟုတ်ပါဘူး။ ဦးဇင်းရဲ့ အလုပ်တွေ ခင်ခ ဆက်လုပ်နေပါတယ်။ COVID ကြီးအေးအေးဆေးဆေး ဖြစ်သွားရင် ခင်ခ ကိုယ်တိုင် ပြန်လာပြီး ဦးဇင်းနောက်ဆုံးရေးခဲ့တဲ့ စာအုပ် (၂) အုပ်ကို ကိုChan Myae Win နဲ့ ထုတ်လုပ်ဖို့ရှိပါတယ်။ စာအုပ် နာမည်တွေက ‘အဖြေ’ နဲ့ ‘ ကျော်ဟိန်း အတ္ထုပ္ပတ္တိ’ ပါ” ဆိုပြီး အသိပေးလာခဲ့တာပါ။


ဦးဇင်းရဲ့နောက်ဆုံးအချိန်တွေမှာရေးသားခဲ့တဲ့ စာအုပ်နှစ်အုပ်ကို ပရိသတ်တွေ ထိတွေ့ခွင့်ရမှာဖြစ်ပြီး ဦးဇင်းဟောခဲ့တဲ့ တရားတွေ နဲ့ စာတွေကိုလည်း U Keikti Thara pageကနေ တင်ပေးသွားမယ် ဆိုတဲ့အကြောင်း သမီးဖြစ်သူ ခင်ခင်ခ ကမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

Yin Khat Pan

Post a Comment

Previous Post Next Post