(Unicode)

အိန္ဒိယ ကျန်းမာရေးလုပ်သား အမျိုးသမီးတွေက လစာနဲ့ ရောဂါကွယ်ပစ္စည်း ပိုမိုရရှိဖို့ သပိတ်မှောက်



အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်စဉ်ကို ရှေ့တန်းကနေ ပါဝင်တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီး ကျန်းမာရေးလုပ်သား ထောင်ပေါင်းများစွာက သူတို့ရဲ့ လစာတွေတိုးပေးဖို့နဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ဖို့ သပိတ်မှောက်ခဲ့ပြီး တနင်္ဂနွေနေ့ကျရင် ဒေလီမှာ ကြီးမားတဲ့ ဆန္ဒပြပွဲလုပ်ဖို့စီစဉ်ထားကြောင်း သိရပါတယ်။ယခုအခါ အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဦးရေ ၂ သန်းကျော်နဲ့ ကမ္ဘာ့တတိယအများဆုံး ပိုးကူးစက်နိုင်ငံ ဖြစ်နေပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝန်းက လူမှုကျန်းမာရေးလုပ်ငန်းတွေ(ASHAs) မှာ တရားဝင်ခန့်အပ်ထားတဲ့ လုပ်သား ၁ သန်းခန့်ကို အထူးသဖြင့် ကျေးရွာတွေနဲ့ ဆင်းရဲသားရပ်ကွက်တွေရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက် သံသယရှိသူတွေကို လိုက်လံစစ်ဆေးရှာဖွေဖို့ တာဝန်ပေးအပ်ထားခဲ့ပါတယ်။တရားဝင်အားဖြင့် ၎င်းတို့ကို စေတနာဝန်ထမ်းတွေအဖြစ် ရည်ညွှန်းထားပြီး အစိုးရက ၎င်းတို့ကို တစ်လ ရူပီး ၁၀၀၀(၁၃ ဒေါ်လာ) ပေးထားပါတယ်။



ကျန်းမာရေးလုပ်သားတွေက သောကြာ၊ စနေနေ့တို့မှာ သပိတ်မှောက်ခဲ့ကြပြီး သူတို့ကို လစာ ရူပီး ၂၁၀၀၀ အထိပေးဖို့အပြင် ပင်စင်နဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေ၊ ဆေးစစ်မှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လကတည်းက ဆန္ဒပြမှုတွေကို စတင်စီစဉ်ခဲ့ကြတဲ့ အမျိုးသမီးတွေက သူတို့တွေအနေနဲ့ အချို့ကျေးရွာတွေမှာ တိုက်ခိုက်ခံရမှုတွေ၊ အနှောင့်အယှက်ပေးမှုတွေ ကြုံခဲ့ရတယ်လို့ ပြောဆိုခဲ့ကြပါတယ်။


(Zawgyi)


အိႏၵိယ က်န္းမာေရးလုပ္သား အမ်ိဳးသမီးေတြက လစာနဲ႔ ေရာဂါကြယ္ပစၥည္း ပိုမိုရရွိဖို႔ သပိတ္ေမွာက္



အိႏၵိယႏိုင္ငံမွာ COVID-19 ကပ္ေရာဂါျဖစ္စဥ္ကို ေရွ႕တန္းကေန ပါဝင္တိုက္ပြဲဝင္ေနၾကတဲ့ အမ်ိဳးသမီး က်န္းမာေရးလုပ္သား ေထာင္ေပါင္းမ်ားစြာက သူတို႔ရဲ႕ လစာေတြတိုးေပးဖို႔နဲ႔ ေရာဂါကာကြယ္ေရးပစၥည္းေတြေထာက္ပံ့ဖို႔ သပိတ္ေမွာက္ခဲ့ၿပီး တနဂၤေႏြေန႔က်ရင္ ေဒလီမွာ ႀကီးမားတဲ့ ဆႏၵျပပြဲလုပ္ဖို႔စီစဥ္ထားေၾကာင္း သိရပါတယ္။ယခုအခါ အိႏၵိယႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ဦးေရ ၂ သန္းေက်ာ္နဲ႔ ကမာၻ႔တတိယအမ်ားဆုံး ပိုးကူးစက္ႏိုင္ငံ ျဖစ္ေနပါတယ္။

အိႏၵိယႏိုင္ငံတစ္ဝန္းက လူမႈက်န္းမာေရးလုပ္ငန္းေတြ(ASHAs) မွာ တရားဝင္ခန႔္အပ္ထားတဲ့ လုပ္သား ၁ သန္းခန႔္ကို အထူးသျဖင့္ ေက်း႐ြာေတြနဲ႔ ဆင္းရဲသားရပ္ကြက္ေတြရွိ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ သံသယရွိသူေတြကို လိုက္လံစစ္ေဆးရွာေဖြဖို႔ တာဝန္ေပးအပ္ထားခဲ့ပါတယ္။တရားဝင္အားျဖင့္ ၎တို႔ကို ေစတနာဝန္ထမ္းေတြအျဖစ္ ရည္ၫႊန္းထားၿပီး အစိုးရက ၎တို႔ကို တစ္လ ႐ူပီး ၁၀၀၀(၁၃ ေဒၚလာ) ေပးထားပါတယ္။



က်န္းမာေရးလုပ္သားေတြက ေသာၾကာ၊ စေနေန႔တို႔မွာ သပိတ္ေမွာက္ခဲ့ၾကၿပီး သူတို႔ကို လစာ ႐ူပီး ၂၁၀၀၀ အထိေပးဖို႔အျပင္ ပင္စင္နဲ႔ ေရာဂါကာကြယ္ေရးပစၥည္းေတြ၊ ေဆးစစ္မႈေတြ လုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ လကတည္းက ဆႏၵျပမႈေတြကို စတင္စီစဥ္ခဲ့ၾကတဲ့ အမ်ိဳးသမီးေတြက သူတို႔ေတြအေနနဲ႔ အခ်ိဳ႕ေက်း႐ြာေတြမွာ တိုက္ခိုက္ခံရမႈေတြ၊ အေႏွာင့္အယွက္ေပးမႈေတြ ႀကဳံခဲ့ရတယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။

Post a Comment

Previous Post Next Post