(Unicode)

ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့အား သေဒဏ် မှ တစ်သက် တစ်ကျွန်း သို့ ပြောင်းလဲ သတ် မှတ်

ထိုင်းနိုင်ငံ လိပ်ကျွန်း တွင် လူသတ် မှုဖြင့် သေဒဏ်ချမှတ် ခံရသော ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့အား သေဒဏ်မှ တစ်သက်တစ်ကျွန်း သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးဆောင်ရွက် နေသည့် ဦးထူးချစ်က ပြောကြားသည်။

သြဂုတ် ၁၄ ရက်က ထုတ် ပြန်သည့် ထိုင်းဘုရင့် နန်းတော်မှ ထုတ်ပြန်ချက်တွင် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား သေဒဏ်မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ ပြောင်းလဲသတ်မှတ် လိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းကို ကိုးကားပြီး ဦးထူးချစ်က ပြောကြားသည်။



“မနှစ်ဩဂုတ်လမှာ သူတို့ သေဒဏ်ချပြီး ကျွန်တော်တို့က ထိုင်းဘုရင့်နန်းတော်ကို အသနားခံစာ တင်တယ်။ ထိုင်းက လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း အသနား ခံစာ တင်ကြတယ်။ အဲဒီတော့ အခု ထိုင်းဘုရင့် နန်းတော် ကနေပြီးတော့ သေဒဏ်ကနေ တစ်သက်တစ်ကျွန်းပြောင်းပြီး သတ်မှတ်ပေးလိုက်တယ်။ တစ်သက်တစ်ကျွန်း ဆိုပေမယ့်လည်း လျော့ရက်တွေ ဘာတွေရှိတော့ ကလေးတွေအတွက် ‌သေဒဏ် ထက်တော့ ကောင်းတာပေါ့” ဟု ဦးထူးချစ်က ပြောကြားသည်။

မြန်မာပြည်သူ များအကြား ဝင်းနှင့် ဇော် ဟု လူသိများသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့အား သေဒဏ်ချမှတ် ထားရာ ထိုင်းတရားသူကြီးက ၂၀၁၉ ဩဂုတ် ၂၉ ရက်မှာ နောက်ဆုံး အယူခံကို ထိုင်းဗဟိုတရားရုံးမှ ပယ်ချခဲ့သည်။



ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီ ခရိုင် အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသားနှစ်ဦး ဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်ဂျ်တို့နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ကော်စမွီခရိုင်တရားရုံးက လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် စွဲချက်အမှု ခုနစ်မှုဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ် စီရင်ချက်ချခဲ့သည်။

မြို့နယ်တရားရုံးက သေဒဏ် အမိန့်ချမှတ်ခဲ့ပြီး နောက် အယူခံတင်ခဲ့ပြီး ယင်းအယူခံ လျှောက်ထားမှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ တွင် ခရိုင်တရားရုံးက သေဒဏ်ချမှတ်တဲ့ အမိန့်ကို ဆက်လက်အတည်ပြုကြောင်း ထပ်မံချမှတ်ခဲ့ သဖြင့် ထိုင်းနိုင်ငံတရားရေး၏ အမြင့်ဆုံးဖြစ်သည့် ထိုင်းဗဟိုတရားရုံးကို အယူခံလျှောက်ထားခဲ့သော်လည်း ထပ်မံပယ်ချခံခဲ့ရသည်။

(Zawgyi)


ဝင္းေဇာ္ထြန္း ႏွင့္ ေဇာ္လင္း တို႔အား ေသဒဏ္ မွ တစ္သက္ တစ္ကၽြန္း သို႔ ေျပာင္းလဲ သတ္ မွတ္

ထိုင္းနိုင္ငံ လိပ္ကၽြန္း တြင္ လူသတ္ မႈျဖင့္ ေသဒဏ္ခ်မွတ္ ခံရေသာ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္း တို႔အား ေသဒဏ္မွ တစ္သက္တစ္ကၽြန္း သို႔ ေျပာင္းလဲ သတ္မွတ္လိုက္ေၾကာင္း ျမန္မာေရႊ႕ေျပာင္း လုပ္သားမ်ား အေရးေဆာင္ရြက္ ေနသည့္ ဦးထူးခ်စ္က ေျပာၾကားသည္။

ၾသဂုတ္ ၁၄ ရက္က ထုတ္ ျပန္သည့္ ထိုင္းဘုရင့္ နန္းေတာ္မွ ထုတ္ျပန္ခ်က္တြင္ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို႔အား ေသဒဏ္မွ ေထာင္ဒဏ္ တစ္သက္ တစ္ကၽြန္းသို႔ ေျပာင္းလဲသတ္မွတ္ လိုက္ေၾကာင္း ထုတ္ျပန္ခဲ့ျခင္းကို ကိုးကားၿပီး ဦးထူးခ်စ္က ေျပာၾကားသည္။



“မႏွစ္ဩဂုတ္လမွာ သူတို႔ ေသဒဏ္ခ်ၿပီး ကၽြန္ေတာ္တို႔က ထိုင္းဘုရင့္နန္းေတာ္ကို အသနားခံစာ တင္တယ္။ ထိုင္းက လူ႔အခြင့္အေရး လႈပ္ရွားသူေတြကလည္း အသနား ခံစာ တင္ၾကတယ္။ အဲဒီေတာ့ အခု ထိုင္းဘုရင့္ နန္းေတာ္ ကေနၿပီးေတာ့ ေသဒဏ္ကေန တစ္သက္တစ္ကၽြန္းေျပာင္းၿပီး သတ္မွတ္ေပးလိုက္တယ္။ တစ္သက္တစ္ကၽြန္း ဆိုေပမယ့္လည္း ေလ်ာ့ရက္ေတြ ဘာေတြရွိေတာ့ ကေလးေတြအတြက္ ‌ေသဒဏ္ ထက္ေတာ့ ေကာင္းတာေပါ့” ဟု ဦးထူးခ်စ္က ေျပာၾကားသည္။

ျမန္မာျပည္သူ မ်ားအၾကား ဝင္းႏွင့္ ေဇာ္ ဟု လူသိမ်ားသည့္ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္း တို႔အား ေသဒဏ္ခ်မွတ္ ထားရာ ထိုင္းတရားသူႀကီးက ၂၀၁၉ ဩဂုတ္ ၂၉ ရက္မွာ ေနာက္ဆုံး အယူခံကို ထိုင္းဗဟိုတရား႐ုံးမွ ပယ္ခ်ခဲ့သည္။



ထိုင္းနိုင္ငံ ေတာင္ပိုင္း ဆူရတ္ဌာနီ ခရိုင္ အတြင္းရွိ ခိုေတာင္ကၽြန္း (လိပ္ကၽြန္း) တြင္ ၂၀၁၄ ခုႏွစ္ကုန္ပိုင္းက ၿဗိတိန္နိုင္ငံသားႏွစ္ဦး ျဖစ္သည့္ ေဒးဗစ္ေမလာႏွင့္ ဟန္နာဝစ္သာရစ္ဂ်္တို႔ႏွစ္ဦး သတ္ျဖတ္ခံရမႈႏွင့္ ပတ္သက္၍ ကိုဝင္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းတို႔ကို ေကာ္စမြီခရိုင္တရား႐ုံးက လူသတ္မႈ၊ မုဒိမ္းမႈ၊ လုယက္မႈ အပါအဝင္ စြဲခ်က္အမႈ ခုနစ္မႈျဖင့္ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာ ၂၄ ရက္တြင္ ေသဒဏ္ စီရင္ခ်က္ခ်ခဲ့သည္။

ၿမိဳ႕နယ္တရား႐ုံးက ေသဒဏ္ အမိန႔္ခ်မွတ္ခဲ့ၿပီး ေနာက္ အယူခံတင္ခဲ့ၿပီး ယင္းအယူခံ ေလၽွာက္ထားမႈကို ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ တြင္ ခရိုင္တရား႐ုံးက ေသဒဏ္ခ်မွတ္တဲ့ အမိန႔္ကို ဆက္လက္အတည္ျပဳေၾကာင္း ထပ္မံခ်မွတ္ခဲ့ သျဖင့္ ထိုင္းနိုင္ငံတရားေရး၏ အျမင့္ဆုံးျဖစ္သည့္ ထိုင္းဗဟိုတရား႐ုံးကို အယူခံေလၽွာက္ထားခဲ့ေသာ္လည္း ထပ္မံပယ္ခ်ခံခဲ့ရသည္။

Post a Comment

Previous Post Next Post