(Zawgyi)

” ငါတို႔ အားလုံးရဲ႕ ေျမ” Music Video ကို ၾသဂုတ္လ (၄) ရက္ေန႔ မနက္ (၁၀) နာရီေက်ာ္က Original Ganster Facebook Page ကေန ပရိသတ္ကို မိတ္ဆက္ေပးလိုက္တာျဖစ္ပါတယ္။ အဲဒီေနာက္ ပရိသတ္ေတြရဲ႕ ေဝဖန္ေျပာဆိုမႈေတြႀကဳံခဲ့ရပါတယ္။ ဒီေဝဖန္ေျပာဆိုမႈေတြေၾကာင့္ ၾသဂုတ္လ(၅) ရက္ေန႔ ေန႔လယ္ (၂) နာရီဝန္းက်င္က အဆိုေတာ္ယုန္ေလးကိုယ္တိုင္ Original Ganster Facebook Page ကေန ျဖဳတ္ခ်လိုက္တာကို ေတြ႕ရပါတယ္။


သ႐ုပ္ေဆာင္ ထားထက္ထက္ကေတာ့ အဆိုေတာ္ ယုန္ေလးကိုယ္တိုင္ပုံေဖာ္ထားတဲ့ ” ငါတို႔ အားလုံးရဲ႕ ေျမ” Music Video ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာကို ေတြ႕ရပါတယ္။ ဒီ Music Video မွာ ထားထက္ထက္ ကေတာ့ာ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ကိုယ္ရံေတာ္ ကာ႐ိုက္တာနဲ႔ ပတ္သက္ၿပီး အခုလို ေျပာျပလာပါတယ္။


“Music Video ကိစၥမွာက ကိုယုန္ေလးက ဖုန္းဆက္လာၿပီး မခ်ယ္ရီထက္ေနရာလိုမ်ိဳးကေန တခန္းေလာက္ သ႐ုပ္ေဆာင္ေပးပါညီမေလးလို႔ေျပာတဲ့အခါ Music Video ျဖစ္တာကတစ္ေၾကာင္း(႐ုပ္ရွင္ဇာတ္လမ္းေတြဆို ဇာတ္လမ္း ဇာတ္ၫႊန္းေသခ်ာမရရင္ မ႐ိုက္ျဖစ္ ေသခ်ာေ႐ြးခ်ယ္ၿပီး တခ်ိဳ႕အရာေတြဆို လက္မခံပဲ မ႐ိုက္ခဲ့တာေတြလဲရွိပါတယ္။) မခ်ယ္ရီထက္ကို တကယ္သေဘာက်ေလးစားတာက တစ္ေၾကာင္း အဲ့လိုေနရာမ်ိဳးကို ကိုယ့္အေနနဲ႔ အျပင္ေလာကမွာ ဘယ္ေတာ့မွ မခ်ယ္ရီထက္လိုမျဖစ္ႏိုင္တာက တစ္ေၾကာင္းေၾကာင့္ အဲ့အခ်က္ေၾကာင့္ပဲ သ႐ုပ္ေဆာင္ေပးဖို႔လုပ္ခဲ့ပါတယ္။



တကယ္ကို တျခားဘာအေၾကာင္းအရာမွမပါသလို အႏုပညာေၾကး တျပားတခ်ပ္မွ် မယူပဲ အႏုပညာသမားအခ်င္းခ်င္း ကူညီေပးခဲ့တာပါ” ဆိုၿပီးေတာ့ ၾသဂုတ္လ ၅ ရက္ေန႔ ညေန (၅) နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ငါတို႔ အားလုံးရဲ႕ ေျမ သီခ်င္းထဲမွာေတာ့ ထားထက္ထက္ဟာ ကိုယ္ရံေတာ္ တစ္ေယာက္အျဖစ္ ပါဝင္ခဲ့တာပါ။ လက္ရွိ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြ ႀကဳံေနရတာေၾကာင့္ ေနာက္ေနာင္ အခုလို မျဖစ္ေစဖို႔ ပိုၿပီး ဆင္ျခင္သြားမယ္လို႔ ဆိုပါတယ္။



“အဲဒီလိုမ်ိဳး ကိုယ္ရံေတာ္ေနရာကေနပါဝင္ သ႐ုပ္ေဆာင္လိုက္မိတာက လူႀကီးမ်ားအတြက္ ၊ၾကည့္ရႈသူေတြအတြက္ ၊ ပရိသတ္ေတြအားလုံးအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး ထိခိုက္သြားရသူမ်ားရွိရင္ ကြၽန္မထားထက္ထက္က မွားသြားတဲ့အတြက္ အႏူးအၫြတ္ေတာင္းပန္ပါတယ္ရွင့္။ တကယ္ေတာင္းပန္ပါတယ္။ ေနာက္ကိုအခုထက္ ပိုဆင္ျခင္စဥ္းစားၿပီး ဘယ္သူမွမထိခိုက္ေအာင္ ပိုႀကိဳးစားပါ့မယ္လို႔ပဲ ေျပာပါရေစရွင့္။ အခုရက္ပိုင္း ထားထက္ရဲ႕ က်န္းမာေရး အေျခအေနေၾကာင့္ ေတာင္းပန္စာေနာက္က်သြားျခင္းအတြက္ကိုလဲ ထပ္ေလာင္းေတာင္းပန္ပါတယ္ရွင့္” ဆိုၿပီးေတာ့လည္း ဆက္လက္ေျပာျပလာပါတယ္။


(Unicode)


” ငါတို့ အားလုံးရဲ့ မြေ” Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Ganster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ(၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင် Original Ganster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။


သရုပ်ဆောင် ထားထက်ထက်ကတော့ အဆိုတော် ယုန်လေးကိုယ်တိုင်ပုံဖော်ထားတဲ့ ” ငါတို့ အားလုံးရဲ့ မြေ” Music Video ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဒီ Music Video မှာ ထားထက်ထက် ကတော့ာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကိုယ်ရံတော် ကာရိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။


“Music Video ကိစ္စမှာက ကိုယုန်လေးက ဖုန်းဆက်လာပြီး မချယ်ရီထက်နေရာလိုမျိုးကနေ တခန်းလောက် သရုပ်ဆောင်ပေးပါညီမလေးလို့ပြောတဲ့အခါ Music Video ဖြစ်တာကတစ်ကြောင်း(ရုပ်ရှင်ဇာတ်လမ်းတွေဆို ဇာတ်လမ်း ဇာတ်ညွှန်းသေချာမရရင် မရိုက်ဖြစ် သေချာရွေးချယ်ပြီး တချို့အရာတွေဆို လက်မခံပဲ မရိုက်ခဲ့တာတွေလဲရှိပါတယ်။) မချယ်ရီထက်ကို တကယ်သဘောကျလေးစားတာက တစ်ကြောင်း အဲ့လိုနေရာမျိုးကို ကိုယ့်အနေနဲ့ အပြင်လောကမှာ ဘယ်တော့မှ မချယ်ရီထက်လိုမဖြစ်နိုင်တာက တစ်ကြောင်းကြောင့် အဲ့အချက်ကြောင့်ပဲ သရုပ်ဆောင်ပေးဖို့လုပ်ခဲ့ပါတယ်။


တကယ်ကို တခြားဘာအကြောင်းအရာမှမပါသလို အနုပညာကြေး တပြားတချပ်မျှ မယူပဲ အနုပညာသမားအချင်းချင်း ကူညီပေးခဲ့တာပါ” ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ ညနေ (၅) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ငါတို့ အားလုံးရဲ့ မြေ သီချင်းထဲမှာတော့ ထားထက်ထက်ဟာ ကိုယ်ရံတော် တစ်ယောက်အဖြစ် ပါဝင်ခဲ့တာပါ။ လက်ရှိ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ကြုံနေရတာကြောင့် နောက်နောင် အခုလို မဖြစ်စေဖို့ ပိုပြီး ဆင်ခြင်သွားမယ်လို့ ဆိုပါတယ်။


“အဲဒီလိုမျိုး ကိုယ်ရံတော်နေရာကနေပါဝင် သရုပ်ဆောင်လိုက်မိတာက လူကြီးများအတွက် ၊ကြည့်ရှုသူတွေအတွက် ၊ ပရိသတ်တွေအားလုံးအတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး ထိခိုက်သွားရသူများရှိရင် ကျွန်မထားထက်ထက်က မှားသွားတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်ရှင့်။ တကယ်တောင်းပန်ပါတယ်။ နောက်ကိုအခုထက် ပိုဆင်ခြင်စဉ်းစားပြီး ဘယ်သူမှမထိခိုက်အောင် ပိုကြိုးစားပါ့မယ်လို့ပဲ ပြောပါရစေရှင့်။ အခုရက်ပိုင်း ထားထက်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် တောင်းပန်စာနောက်ကျသွားခြင်းအတွက်ကိုလဲ ထပ်လောင်းတောင်းပန်ပါတယ်ရှင့်” ဆိုပြီးတော့လည်း ဆက်လက်ပြောပြလာပါတယ်။

Post a Comment

Previous Post Next Post