(Zawgyi)


၁၉၈၈ အေရးေတာ္ပုံကို စစ္အာဏာရွင္ ကာလတေလ်ာက္လုံး လူသတ္၊ ေခါင္းျဖတ္၊ မင္းမဲ့ စ႐ိုက္ ႀကီးစိုးတဲ့ ျဖစ္ရပ္အျဖစ္ ပုံေဖၚခဲ့ၾကတယ္။ အေရးေတာ္ပုံ (အေရးအခင္းလို႔ သိမ္ငယ္ေအာင္ ေဖၚျပခဲ့ၾကတယ္) စတင္တာကိုလည္း လက္ဖက္ရည္ဆိုင္မွာ လူငယ္ေတြ ရန္ျဖစ္ရာက စတယ္ဆိုၿပီး ဘာမဟုတ္တဲ့ ကိစၥလိုလို ဝါဒ ျဖန္႔ခဲ့ၾကတယ္။ အင္မတန္ ႀကီးမား က်ယ္ျပန္႔တဲ့ အေရးေတာ္ပုံႀကီးကို ဒီစေတးတပ္နဲ႔ ၿခဳံမေျပာႏိုင္ေပမယ့္ အေရးႀကီးတဲ့ အပိုင္းေတြကို (အေၾကာင္းရင္းနဲ႔ တကြ) ဟိုက္လိုက္ လုပ္ ေဖၚျပခ်င္ပါတယ္။



၁- ၈၈၈၈ အေရးေတာ္ပုံ မစခင္ကတည္းက ျပည္သူလူထုဟာ မဆလ ေခၚ ျမန္မာ့ ဆိုရွယ္လစ္ လမ္းစဥ္ပါတီအေပၚမွာ နာက်ည္းခ်က္ ႀကီးေနခဲ့ပါၿပီ။ စား၀တ္ေနေရး ၾကပ္တည္းတာအျပင္ ၅.၉.၁၉၈၇မွာ ၇၅က်ပ္တန္၊ ၃၅က်ပ္တန္၊ ၂၅ က်ပ္တန္ ေငြစကၠဴေတြကို တရားမ၀င္ ေၾကျငာၿပီး ျပည္သူလူထု ပိုက္ဆံကို ျပန္လည္ လုယူခဲ့တာေၾကာင့္ ဘ၀ပ်က္ၾကသူေတြ တပုံႀကီးပါ။ ဒါ့အျပင္ ပါတီေကာင္စီ၀င္ေတြရဲ႕ အႏိုင္က်င့္ ေစာ္ကားမႈေတြေၾကာင့္ ျပည္သူလူထုဟာ အံႀကိတ္ေတာက္ခတ္ေနခဲ့ရတာ ၾကာခဲ့ပါတယ္။ ဒါဟာ ကနဦး အေျခအေနေတြပါ။

၂- ၁၂.၃.၈၈ မွာ စႏၵာ၀င္း လက္ဖက္ရည္ဆိုင္မွာ စက္မႈ တကၠသိုလ္ ေက်ာင္းသားေတြနဲ႔ ႀကိဳ႕ကုန္းက အရပ္သားေတြ ရန္ျဖစ္ရာမွာ မူးေနတဲ့ အရပ္သားေတြ ႐ိုက္လိုက္လို႔ ေက်ာင္းသား တေယာက္ ေခါင္းကြဲပါတယ္။ ေက်ာင္းသားေတြက ေကာင္စီ႐ုံးကို သြားတိုင္၊ ရဲစခန္းမွာ အမႈဖြင့္ပါတယ္။ ညီညီလြင္ဆိုတဲ့ ေကာင္စီဥကၠဌ သားလား၊ အမ်ိဳးလား မသိတဲ့သူကို ဖမ္းတယ္ဆိုၿပီး ေနာက္ေန႔မွာ ရဲက လႊတ္ေပးပါတယ္။ ဒီေနရာမွာ ေကာင္စီရဲ႕ မတရား အႏိုင္က်င့္မႈကို ခံေနရတာၾကာတဲ့ ေက်ာင္းသားေတြ ေပါက္ကြဲၿပီး ၁၃ ရက္ေန႔မွာ ေကာင္စီ႐ုံးကို ေက်ာင္းသားေတြ ဝိုင္းပါတယ္။ ေကာင္စီဥကၠဌဟာ ေနာက္ေဖးေပါက္က ေျပးခဲ့တယ္။ ေက်ာင္းသားအေတြ အျပန္မွာ ရပ္ကြက္က မီးမွိတ္ၿပီး ဓားနဲ႔ ဝိုင္းခုတ္လို႔ ေက်ာင္းသားႏွစ္ေယာက္ ထိရာက ေက်ာင္းသားေတြဟာ သမဆိုင္ကို မီးရႈိ႕ပါေတာ့တယ္။ ေျပေျပလည္လည္ ေျဖရွင္းမေပးပဲ ကလိမ္ကက်စ္ ေျဖရွင္းလို႔ ျပႆနာပိုႀကီးထြားလာတာပါ။ အဲဒီညမွာပဲ လုံထိန္းေတြက တကၠသိုလ္ ထဲမွာ ပစ္ခတ္လို႔ ေမာင္ဖုန္းေမာ္ ေသနတ္ဒဏ္ရာေပါင္း မ်ားစြာနဲ႔ က်ဆုံးခဲ့ရပါတယ္။ ေနာက္ရက္မွာ ဒဏ္ရာအတူတူရရွိသူ ေမာင္စိုးႏိုင္ က်ဆုံးပါတယ္။ ဒီေနရာမွာ အရပ္သား၊ ေက်ာင္းသား ရန္ျဖစ္တဲ့ကိစၥကို ပါတီေကာင္စီက မတရားသျဖင့္ ဘက္လိုက္လို႔ ေက်ာင္းသားေတြ မခံမရပ္ႏိုင္ျဖစ္တာကို ျမင္ဖို႔ လိုပါတယ္။



၃- ၁၅ရက္ေန႔မွာ တကၠသိုလ္ကို ၀င္စီးၿပီး ေက်ာင္းသားေတြကို ဖမ္းဆီးခဲ့ပါတယ္။ ၁၅ ရက္ေန႔မွာ ရန္ကုန္ တကၠသိုလ္ ပင္မက ေက်ာင္းသားေတြ ဆႏၵျပခဲ့ပါတယ္။ အေရးႀကီးေတာ့ ေသြးနီးခဲ့ၾကတာပါ။ ၁၆ရက္ေန႔မွာ ရန္ကုန္ တကၠသိုလ္ေက်ာင္းသားေတြဟာ ေက်ာင္းအျပင္ကို ထြက္အလာ တံတားျဖဴေနရာမွာ ေရွ႕နဲ႔ေနာက္ ပိတ္ၿပီး ႐ိုက္ႏွက္သတ္ျဖတ္ခဲ့ၾကလို႔ နာမည္ေက်ာ္ တံတားနီ အေရးအခင္း ျဖစ္ခဲ့ပါတယ္။၄- ၁၈ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕လယ္အထိ ကူးစက္လာတဲ့ ဆႏၵျပပြဲေတြကို အတင္းအၾကပ္ၿဖိဳခြင္း၊ လူေပါင္းမ်ားစြာကို အခ်ဳပ္ကားထဲ ထိုးသိပ္ ဖမ္းဆီးလို႔ လူေပါင္း ၄၁ဦး (သူတို႔ ေၾကျငာခ်က္ပါ၊ ဒီထက္ မ်ားႏိုင္ပါတယ္၊ အမည္စာရင္းမရွိပါ) အသက္ရႉၾကပ္ ေသဆုံးခဲ့ရပါတယ္။ ဘယ္သူဘယ္ဝါ မစစ္ေဆးပဲ ဒီအတိုင္း သၿဂိဳလ္ခဲ့ရတာပါ။ လူသားသိကၡာ ထိခိုက္စြာ က်ဆုံးခဲ့ရတာပါ။

၅- ဒီေနာက္မွာ ျပည္သူေတြ၊ ေက်ာင္းသားေတြဟာ ဆက္တိုက္ ဆိုသလို ဆႏၵေတြ ျပခဲ့ၾကသလို အစိုးရကလည္း ရက္ရက္စက္စက္ ႏွိမ္နင္းခဲ့ပါတယ္။ ျမန္မာ့အသံ၊ ေရဒီယို မွာေတာ့ သတင္းေတြကို ဖုံးကြယ္ လိမ္ညာၿပီး လႊင့္ေနလို႔ ျပည္သူဟာ ဘီဘီစီ၊ ဗီအိုေအတို႔ကို ခိုးဝွက္ နားေထာင္ခဲ့ၾကရပါတယ္။

၆- ၂၃.၇.၈၈ မွာေတာ့ မဆလ ပါတီ အေရးေပၚ ညီလာခံမွာ ဦးေန၀င္းဟာ ‘စစ္တပ္ဆိုတာ ပစ္ရင္ မွန္ေအာင္ပစ္တယ္။ ေနာင္ကို ဆူဆူပူပူလုပ္ရင္ မသက္သာဘူးမွတ္ေပေတာ့’ ဆိုၿပီး ျပည္သူကို ၿခိမ္းေျခာက္ စိန္ေခၚခဲ့ပါတယ္။ ၆.၈.၈၈ မွာေတာ့ ဘီဘီစီ ေမးျမန္းခန္းမွာ ေက်ာင္းသား ေခါင္းေဆာင္တေယာက္က ၈ေလးလုံးေန႔မွာ တႏိုင္ငံလုံး အတိုင္းအတာ သပိတ္တရပ္ ဆင္ႏႊဲဖို႔ ျပင္ဆင္ထားေၾကာင္း ေျပာခဲ့ပါတယ္။ စီစဥ္ထားတဲ့အတိုင္းပဲ။ ၈၈ အေရးေတာ္ပုံႀကီးဟာ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေပၚေပါက္လာခဲ့ပါေတာ့တယ္။



၇- ဒီေနရာမွာ ၈၈၈၈ အေရးေတာ္ပုံမွာ ျပည္သူလူထု ေျခာက္ျခားေအာင္ ေကာလဟလေတြ ျဖန္႔တာ၊ ေရမွာ အဆိပ္ခပ္တဲ့သတင္းေတြ ျဖန္႔တာ၊ ( ေျခာက္ျခားေအာင္ လုပ္ရမယ္ဆိုတဲ့ စာလည္း ျငင္းမရေအာင္ ေပၚခဲ့ပါၿပီ) စတာေတြေၾကာင့္ ေနရာအနည္းငယ္မွာ လူသတ္မႈေတြ ျဖစ္ခဲ့ေပမယ့္ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ အာဏာရွင္ကို ဆန္႔က်င္ခဲ့ၾကတာပါ။ အုပ္ခ်ဳပ္ေရး ယႏၲရား ၿပိဳက်သြားခ်ိန္မွာ ျပည္သူဟာ ကိုယ့္ရပ္ကြက္ကို ကိုယ္ ေအးခ်မ္းေအာင္ ဘုန္းေတာ္ႀကီးေတြ၊ ေက်ာင္းသားေတြနဲ႔ ပူးေပါင္း ကာကြယ္ခဲ့ၾကတယ္။ တႏိုင္ငံလုံး အုပ္ခ်ဳပ္သူမဲ့ အခ်ိန္မွာ ဒီေလာက္ပဲ ျဖစ္တာဟာ ျပည္သူေတြ စည္းလုံးလို႔ ျဖစ္ပါတယ္။ ေျခာက္ျခားေအာင္ ေသြးထိုးမႈေတြ ေနရာအနည္းငယ္ပဲ ေအာင္ျမင္ခဲ့တယ္ ဆိုပါေတာ့။

၈- ၈၈၈၈ အေရးေတာ္ပုံဟာ တပါတီ အာဏာရွင္စနစ္ကို ျပဳတ္က်ေစခဲ့တယ္။ အာဏာရွင္ဟာ ေျခာက္ျခားၿပီး အာဏာရွင္ လက္သစ္လက္ထဲကို အာဏာထိုးအပ္ၿပီး ကန္႔လန္႔ကာေနာက္ ၀င္ေျပးခဲ့ရတယ္။ ျပည္သူဟာ စည္းလုံးညီညာစြာ ဒီမိုကေရစီကို ေတာင္းဆိုခဲ့ၾကတယ္။ ၈၈ ဟာ အဆုံးသတ္ ေအာင္ပြဲကို မယူႏိုင္ခဲ့ေပမယ့္ ႀကီးမားတဲ့ ျပည္သူ႔ ေအာင္ပြဲ သမိုင္းျဖစ္ရပ္ႀကီးပါပဲ  သမိုင္းက ေတာင္းဆိုလာတဲ့အခါ အညၾတ လူငယ္ေတြ ေသမင္းဆီ တည့္တည့္တိုးေလ်ာက္ခဲ့တယ္။ေခတ္ပ်က္ႀကီးထဲမွာ ေနရတာထက္ ေသရတာျမတ္ေသးတယ္ မင္းဆိုးမင္းညစ္ေအာက္မွာ ဘဝေတြ ဆိုး ဘဝေတြ ညစ္လာ အာဏာရွင္ကို ေတာ္လွန္မွ ျဖစ္မယ္။မတရားမႈကို ေတာ္လွန္ဖို႔ လက္နက္မလိုဘူး လူထုပဲလိုတယ္၊ ျပည္သူပဲ လိုတယ္။ၿမိဳ႕ႀကီးၿမိဳ႕ငယ္မက်န္ တစ္ခုထဲေသာအသံ တျပည္လုံး သိမ့္သိမ့္ညံ ဒီမိုကေရစီ အျမန္ေပး ျပည္သူေတြ ဟစ္ေႂကြးခဲ့တယ္။ပေထြးဟာ ပေထြးလိုပဲ ရက္စက္တယ္ လက္နက္ဗလာ ျပည္သူဆီ က်ည္ဆံေတြပဲ သြန္ခ်ခဲ့တယ္။ညမိုးခ်ဳပ္မွာ အိမ္ျပန္မလာသူေတြ အက်ဥ္းေထာင္ အေမွာင္ညမွာ သူမတို႔ ငိုေႂကြးသံေတြ ဘီလူးဟာ မ်က္ႏွာဖုံးကြာက်သြားတယ္။



မင္းေလ်ာက္တဲ့ လမ္းထက္တိုင္းမွာ ျပည္သူေသြးစက္ က်ဖူးတယ္ ေ႐ႊတိဂုံ ဆူးေလ သူတို႔တေတြ ျမင္ဖူးတယ္ သမိုင္းဟာ အ႐ိုးတြန္တတ္တယ္။ပိုင္ရွင္မဲ့ ႐ုပ္အေလာင္းေတြ တင္းၾကမ္းထပ္ေနတဲ့ လမ္းမေတြမွာ သူ႐ို႕ က်ိန္စာေတြ က်န္ေနလိမ့္မယ္ ဒီ… မို…. က… ေရ…စီ ဒီအသံၾကားရင္ အသက္ျပန္ဝင္ သူတို႔တေတြ ျပန္ရွင္လာမယ္။ဘယ္သူဘယ္ဝါေတြလဲ ဘယ္သူမွ မသဲကြဲပါဘူး ထူးထူးျခားျခား မဟုတ္ခဲ့ အမည္မဲ့ လူငယ္ေတြ အမည္မဲ့ လူႀကီးေတြ အမည္မဲ့ ေက်ာင္းသားေတြ အမည္မဲ့ အလုပ္သမားေတြ…အာဏာရွင္ကို တြန္းလွန္ ကမၺည္းေက်ာက္စာလည္း မခ်န္ အမည္ မွတ္တမ္းလည္း မက်န္ အသက္ကို ေသမင္းထံ အပ္ႏွံခဲ့ၾက ဘာမွ မက်န္တဲ့ သူရဲေကာင္းေတြ။ဒီေန႔ဒီရက္တိုင္း အမည္မဲ့သူေတြကို ဦးၫႊတ္မိတယ္ ငါမသိေသာ တေယာက္သူဟာ အာဏာရွင္လက္ခ်က္နဲ႔ ငါတို႔အတြက္ အသက္ေပး ဒီမိုကေရစီ အေရး ေႂကြးေက်ာ္ရင္း က်ဆုံးခဲ့တယ္။အမည္မဲ့ စြန္လႊတ္သူမ်ား ဒီႏိုင္ငံကို ေစာင့္ေရွာက္ပါေစသား။


(Unicode)

၁၉၈၈ အရေးတော်ပုံကို စစ်အာဏာရှင် ကာလတလျောက်လုံး လူသတ်၊ ခေါင်းဖြတ်၊ မင်းမဲ့ စရိုက် ကြီးစိုးတဲ့ ဖြစ်ရပ်အဖြစ် ပုံဖေါ်ခဲ့ကြတယ်။ အရေးတော်ပုံ (အရေးအခင်းလို့ သိမ်ငယ်အောင် ဖေါ်ပြခဲ့ကြတယ်) စတင်တာကိုလည်း လက်ဖက်ရည်ဆိုင်မှာ လူငယ်တွေ ရန်ဖြစ်ရာက စတယ်ဆိုပြီး ဘာမဟုတ်တဲ့ ကိစ္စလိုလို ဝါဒ ဖြန့်ခဲ့ကြတယ်။ အင်မတန် ကြီးမား ကျယ်ပြန့်တဲ့ အရေးတော်ပုံကြီးကို ဒီစတေးတပ်နဲ့ ခြုံမပြောနိုင်ပေမယ့် အရေးကြီးတဲ့ အပိုင်းတွေကို (အကြောင်းရင်းနဲ့ တကွ) ဟိုက်လိုက် လုပ် ဖေါ်ပြချင်ပါတယ်။



၁- ၈၈၈၈ အရေးတော်ပုံ မစခင်ကတည်းက ပြည်သူလူထုဟာ မဆလ ခေါ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီအပေါ်မှာ နာကျည်းချက် ကြီးနေခဲ့ပါပြီ။ စားဝတ်နေရေး ကြပ်တည်းတာအပြင် ၅.၉.၁၉၈၇မှာ ၇၅ကျပ်တန်၊ ၃၅ကျပ်တန်၊ ၂၅ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင် ကြေငြာပြီး ပြည်သူလူထု ပိုက်ဆံကို ပြန်လည် လုယူခဲ့တာကြောင့် ဘဝပျက်ကြသူတွေ တပုံကြီးပါ။ ဒါ့အပြင် ပါတီကောင်စီဝင်တွေရဲ့ အနိုင်ကျင့် စော်ကားမှုတွေကြောင့် ပြည်သူလူထုဟာ အံကြိတ်တောက်ခတ်နေခဲ့ရတာ ကြာခဲ့ပါတယ်။ ဒါဟာ ကနဦး အခြေအနေတွေပါ။

၂- ၁၂.၃.၈၈ မှာ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ စက်မှု တက္ကသိုလ် ကျောင်းသားတွေနဲ့ ကြို့ကုန်းက အရပ်သားတွေ ရန်ဖြစ်ရာမှာ မူးနေတဲ့ အရပ်သားတွေ ရိုက်လိုက်လို့ ကျောင်းသား တယောက် ခေါင်းကွဲပါတယ်။ ကျောင်းသားတွေက ကောင်စီရုံးကို သွားတိုင်၊ ရဲစခန်းမှာ အမှုဖွင့်ပါတယ်။ ညီညီလွင်ဆိုတဲ့ ကောင်စီဥက္ကဌ သားလား၊ အမျိုးလား မသိတဲ့သူကို ဖမ်းတယ်ဆိုပြီး နောက်နေ့မှာ ရဲက လွှတ်ပေးပါတယ်။ ဒီနေရာမှာ ကောင်စီရဲ့ မတရား အနိုင်ကျင့်မှုကို ခံနေရတာကြာတဲ့ ကျောင်းသားတွေ ပေါက်ကွဲပြီး ၁၃ ရက်နေ့မှာ ကောင်စီရုံးကို ကျောင်းသားတွေ ဝိုင်းပါတယ်။ ကောင်စီဥက္ကဌဟာ နောက်ဖေးပေါက်က ပြေးခဲ့တယ်။ ကျောင်းသားအတွေ အပြန်မှာ ရပ်ကွက်က မီးမှိတ်ပြီး ဓားနဲ့ ဝိုင်းခုတ်လို့ ကျောင်းသားနှစ်ယောက် ထိရာက ကျောင်းသားတွေဟာ သမဆိုင်ကို မီးရှို့ပါတော့တယ်။ ပြေပြေလည်လည် ဖြေရှင်းမပေးပဲ ကလိမ်ကကျစ် ဖြေရှင်းလို့ ပြဿနာပိုကြီးထွားလာတာပါ။ အဲဒီညမှာပဲ လုံထိန်းတွေက တက္ကသိုလ် ထဲမှာ ပစ်ခတ်လို့ မောင်ဖုန်းမော် သေနတ်ဒဏ်ရာပေါင်း များစွာနဲ့ ကျဆုံးခဲ့ရပါတယ်။ နောက်ရက်မှာ ဒဏ်ရာအတူတူရရှိသူ မောင်စိုးနိုင် ကျဆုံးပါတယ်။ ဒီနေရာမှာ အရပ်သား၊ ကျောင်းသား ရန်ဖြစ်တဲ့ကိစ္စကို ပါတီကောင်စီက မတရားသဖြင့် ဘက်လိုက်လို့ ကျောင်းသားတွေ မခံမရပ်နိုင်ဖြစ်တာကို မြင်ဖို့ လိုပါတယ်။



၃- ၁၅ရက်နေ့မှာ တက္ကသိုလ်ကို ဝင်စီးပြီး ကျောင်းသားတွေကို ဖမ်းဆီးခဲ့ပါတယ်။ ၁၅ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ် ပင်မက ကျောင်းသားတွေ ဆန္ဒပြခဲ့ပါတယ်။ အရေးကြီးတော့ သွေးနီးခဲ့ကြတာပါ။ ၁၆ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်းအပြင်ကို ထွက်အလာ တံတားဖြူနေရာမှာ ရှေ့နဲ့နောက် ပိတ်ပြီး ရိုက်နှက်သတ်ဖြတ်ခဲ့ကြလို့ နာမည်ကျော် တံတားနီ အရေးအခင်း ဖြစ်ခဲ့ပါတယ်။၄- ၁၈ရက်နေ့မှာ ရန်ကုန်မြို့လယ်အထိ ကူးစက်လာတဲ့ ဆန္ဒပြပွဲတွေကို အတင်းအကြပ်ဖြိုခွင်း၊ လူပေါင်းများစွာကို အချုပ်ကားထဲ ထိုးသိပ် ဖမ်းဆီးလို့ လူပေါင်း ၄၁ဦး (သူတို့ ကြေငြာချက်ပါ၊ ဒီထက် များနိုင်ပါတယ်၊ အမည်စာရင်းမရှိပါ) အသက်ရှူကြပ် သေဆုံးခဲ့ရပါတယ်။ ဘယ်သူဘယ်ဝါ မစစ်ဆေးပဲ ဒီအတိုင်း သဂြိုလ်ခဲ့ရတာပါ။ လူသားသိက္ခာ ထိခိုက်စွာ ကျဆုံးခဲ့ရတာပါ။

၅- ဒီနောက်မှာ ပြည်သူတွေ၊ ကျောင်းသားတွေဟာ ဆက်တိုက် ဆိုသလို ဆန္ဒတွေ ပြခဲ့ကြသလို အစိုးရကလည်း ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ မြန်မာ့အသံ၊ ရေဒီယို မှာတော့ သတင်းတွေကို ဖုံးကွယ် လိမ်ညာပြီး လွှင့်နေလို့ ပြည်သူဟာ ဘီဘီစီ၊ ဗီအိုအေတို့ကို ခိုးဝှက် နားထောင်ခဲ့ကြရပါတယ်။

၆- ၂၃.၇.၈၈ မှာတော့ မဆလ ပါတီ အရေးပေါ် ညီလာခံမှာ ဦးနေဝင်းဟာ ‘စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ နောင်ကို ဆူဆူပူပူလုပ်ရင် မသက်သာဘူးမှတ်ပေတော့’ ဆိုပြီး ပြည်သူကို ခြိမ်းခြောက် စိန်ခေါ်ခဲ့ပါတယ်။ ၆.၈.၈၈ မှာတော့ ဘီဘီစီ မေးမြန်းခန်းမှာ ကျောင်းသား ခေါင်းဆောင်တယောက်က ၈လေးလုံးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာ သပိတ်တရပ် ဆင်နွှဲဖို့ ပြင်ဆင်ထားကြောင်း ပြောခဲ့ပါတယ်။ စီစဉ်ထားတဲ့အတိုင်းပဲ။ ၈၈ အရေးတော်ပုံကြီးဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။



၇- ဒီနေရာမှာ ၈၈၈၈ အရေးတော်ပုံမှာ ပြည်သူလူထု ခြောက်ခြားအောင် ကောလဟလတွေ ဖြန့်တာ၊ ရေမှာ အဆိပ်ခပ်တဲ့သတင်းတွေ ဖြန့်တာ၊ ( ခြောက်ခြားအောင် လုပ်ရမယ်ဆိုတဲ့ စာလည်း ငြင်းမရအောင် ပေါ်ခဲ့ပါပြီ) စတာတွေကြောင့် နေရာအနည်းငယ်မှာ လူသတ်မှုတွေ ဖြစ်ခဲ့ပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတာပါ။ အုပ်ချုပ်ရေး ယန္တရား ပြိုကျသွားချိန်မှာ ပြည်သူဟာ ကိုယ့်ရပ်ကွက်ကို ကိုယ် အေးချမ်းအောင် ဘုန်းတော်ကြီးတွေ၊ ကျောင်းသားတွေနဲ့ ပူးပေါင်း ကာကွယ်ခဲ့ကြတယ်။ တနိုင်ငံလုံး အုပ်ချုပ်သူမဲ့ အချိန်မှာ ဒီလောက်ပဲ ဖြစ်တာဟာ ပြည်သူတွေ စည်းလုံးလို့ ဖြစ်ပါတယ်။ ခြောက်ခြားအောင် သွေးထိုးမှုတွေ နေရာအနည်းငယ်ပဲ အောင်မြင်ခဲ့တယ် ဆိုပါတော့။

၈- ၈၈၈၈ အရေးတော်ပုံဟာ တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျစေခဲ့တယ်။ အာဏာရှင်ဟာ ခြောက်ခြားပြီး အာဏာရှင် လက်သစ်လက်ထဲကို အာဏာထိုးအပ်ပြီး ကန့်လန့်ကာနောက် ဝင်ပြေးခဲ့ရတယ်။ ပြည်သူဟာ စည်းလုံးညီညာစွာ ဒီမိုကရေစီကို တောင်းဆိုခဲ့ကြတယ်။ ၈၈ ဟာ အဆုံးသတ် အောင်ပွဲကို မယူနိုင်ခဲ့ပေမယ့် ကြီးမားတဲ့ ပြည်သူ့ အောင်ပွဲ သမိုင်းဖြစ်ရပ်ကြီးပါပဲ  သမိုင်းက တောင်းဆိုလာတဲ့အခါ အညတြ လူငယ်တွေ သေမင်းဆီ တည့်တည့်တိုးလျောက်ခဲ့တယ်။ခေတ်ပျက်ကြီးထဲမှာ နေရတာထက် သေရတာမြတ်သေးတယ် မင်းဆိုးမင်းညစ်အောက်မှာ ဘဝတွေ ဆိုး ဘဝတွေ ညစ်လာ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ်။မတရားမှုကို တော်လှန်ဖို့ လက်နက်မလိုဘူး လူထုပဲလိုတယ်၊ ပြည်သူပဲ လိုတယ်။မြို့ကြီးမြို့ငယ်မကျန် တစ်ခုထဲသောအသံ တပြည်လုံး သိမ့်သိမ့်ညံ ဒီမိုကရေစီ အမြန်ပေး ပြည်သူတွေ ဟစ်ကြွေးခဲ့တယ်။ပထွေးဟာ ပထွေးလိုပဲ ရက်စက်တယ် လက်နက်ဗလာ ပြည်သူဆီ ကျည်ဆံတွေပဲ သွန်ချခဲ့တယ်။ညမိုးချုပ်မှာ အိမ်ပြန်မလာသူတွေ အကျဉ်းထောင် အမှောင်ညမှာ သူမတို့ ငိုကြွေးသံတွေ ဘီလူးဟာ မျက်နှာဖုံးကွာကျသွားတယ်။



မင်းလျောက်တဲ့ လမ်းထက်တိုင်းမှာ ပြည်သူသွေးစက် ကျဖူးတယ် ရွှေတိဂုံ ဆူးလေ သူတို့တတွေ မြင်ဖူးတယ် သမိုင်းဟာ အရိုးတွန်တတ်တယ်။ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တင်းကြမ်းထပ်နေတဲ့ လမ်းမတွေမှာ သူရို့ ကျိန်စာတွေ ကျန်နေလိမ့်မယ် ဒီ… မို…. က… ရေ…စီ ဒီအသံကြားရင် အသက်ပြန်ဝင် သူတို့တတွေ ပြန်ရှင်လာမယ်။ဘယ်သူဘယ်ဝါတွေလဲ ဘယ်သူမှ မသဲကွဲပါဘူး ထူးထူးခြားခြား မဟုတ်ခဲ့ အမည်မဲ့ လူငယ်တွေ အမည်မဲ့ လူကြီးတွေ အမည်မဲ့ ကျောင်းသားတွေ အမည်မဲ့ အလုပ်သမားတွေ…အာဏာရှင်ကို တွန်းလှန် ကမ္ဗည်းကျောက်စာလည်း မချန် အမည် မှတ်တမ်းလည်း မကျန် အသက်ကို သေမင်းထံ အပ်နှံခဲ့ကြ ဘာမှ မကျန်တဲ့ သူရဲကောင်းတွေ။ဒီနေ့ဒီရက်တိုင်း အမည်မဲ့သူတွေကို ဦးညွှတ်မိတယ် ငါမသိသော တယောက်သူဟာ အာဏာရှင်လက်ချက်နဲ့ ငါတို့အတွက် အသက်ပေး ဒီမိုကရေစီ အရေး ကြွေးကျော်ရင်း ကျဆုံးခဲ့တယ်။အမည်မဲ့ စွန်လွှတ်သူများ ဒီနိုင်ငံကို စောင့်ရှောက်ပါစေသား။

သကၠမိုးညိဳ

Post a Comment

Previous Post Next Post