(Unicode)

ပေါင်းတည်၊ သြဂုတ် ၂၃၊ ၂၀၂၀။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ညောင်ကပ္ပင်အုပ်စု၊ ပေါက်မှော်ကျေးရွာတွင်နေထိုင်သည့် လင်မယာနှစ်ဦးမှာ နေအိမ်အတွင်း ကြိုးတချောင်းတည်းဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့မရဲစခန်းမှသိရသည်။


ဖြစ်စဉ်မှာ ပေါက်မှော်ကျေးရွာနေ ပေါက်မှော်ကျေးရွာတွင်နေထိုင်သည့် ကျော်လင်း (၃၃) နှစ်၊ မစန္ဒာ (၃၉) လင်းမယား ၂ ဦးမှာ ဆည်မြောင်းဘောင် လယ်ကွင်းအတွင်း ဆောက်လုပ်ထားသည့် နေအိမ်တွင် လွန်ခဲ့သည့် ၃ ရက်ခန့်က ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်ပြီး၊ ယနေ့နံနက် ၁၁ နာရီခန့်က ညီဖြစ်သူမှ နေအိမ်အတွင်း သွားရောက်ရှာဖွေစဉ် ပုတ်ပွသေဆုံးနေသည့် အခြေအနေအား တွေ့မြင့်၍ သိရှိခဲ့ရကြောင်း ပေါင်းတည်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်သိန်းမှ ပြောသည်။

"ယောက်ျားနဲ့ မိန်းမ ၂ ယောက်လုံးစကားများပြီးတော့ ၂ ယောက်လုံးအတူတူသေမယ်ဆိုပြီး လုပ်ကြတဲ့ ပုံစံမျိုးပေါက်တယ်။ ၂ ယောက်လုံး လည်ပင်းကြိုးချည်ပြီးတော့ ဝါးလုံးတန်းပေါ်က ဟိုဘက်ခန်းကို ခုန်ချလိုက်တဲ့ပုံပဲ။ ယောက်ျားကတော့ ထိုင်လျက်အနေအထားတွေ့ရတယ်။ မိန်းမကတော့ မတ်တပ်လျက် အနေအထား ကြမ်းပြင်နဲ့ တပေလောက် လွတ်နေတယ်။ အရင်းဆုံးသိတာကတော့ သူ့ညီလေးက အဲဒီအိမ်အောက်မှာ ကြက်ဖမ်းသွားရင်းနဲ့ မြင်တာ။" ဟု စခန်းမှူး ဒုရဲမှူးမြင့်သိန်းမှ ပြောသည်။



သေဆုံးသူများနှင့်ပတ်သက်၍ အနီးပတ်ဝန်းကျင်မှပြောစကားများအရ ငွေရေးကြေးရေး၊ လူမှုရေးပြဿနာတစုံတရာမရှိကြောင်းနှင့် ယောက်ျားဖြစ်သူမှာ အရက်သေစာ သောက်စားလေ့ရှိပြီး မကြာခဏ လင်မယားစကားများရန်ဖြစ်လေ့ရှိသော်လည်း ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခြင်းမရှိဖူးကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မသိရှိကြောင်း သိရသည်။

ကျနော်တူက လွန်ခဲ့တဲ့ ၄ ရက်လောက်က ရွာထဲကိုလာပြီးကတည်းက မတွေ့တော့တာ။ မတွေ့တော့ သူ့ညီလုပ်သူက သူ့ကြက်ဖကို လာကြည့်ရင်းနဲ့ အဲဒါကို တွေ့တာ။ ပြဿနာတစုံတရာတော့မရှိဘူး။ အခက်မသင့်လို့ ဖြစ်ရင်တော့ မပြောတက်ဘူး။ ဟု သေဆုံးသူ၏ ဦးလေးဖြစ်သူ ပေါက်မှော်ကျေးရွာနေ ကိုဇော်နိုင်ဦးက မြေလတ်အသံကို ပြောသည်။



သေဆုံးသူ ၂ ဦး၏ ခန္ဓာကိုယ်များမှာ ပုတ်ပွနေပြီး ဓမ္မတာအတိုင်းသေဆုံးမှုရှိမရှိ စစ်ဆေးရန် ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ စေတနာနာရေးကူညီမှုအသင်းမှ ယာဉ်နှစ်စီးဖြင့် ယနေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ - လွှထက်ရှ၊ ဝေလင်းထွန်း
#မြေလတ်အသံ


(Zawgyi)


ေပါင္းတည္၊ ၾသဂုတ္ ၂၃၊ ၂၀၂၀။

ပဲခူးတိုင္းအေနာက္ျခမ္း၊ ျပည္ခရိုင္၊ ေပါင္းတည္ၿမိဳ့နယ္ ေညာင္ကပၸင္အုပ္စု၊ ေပါက္ေမွာ္ေက်းရြာတြင္ေနထိုင္သည့္ လင္မယာႏွစ္ဦးမွာ ေနအိမ္အတြင္း ႀကိဳးတေခ်ာင္းတည္းျဖင့္ ႀကိဳးဆြဲခ် ေသဆုံးခဲ့ေၾကာင္း ေပါင္းတည္ၿမိဳ့မရဲစခန္းမွသိရသည္။

ျဖစ္စဥ္မွာ ေပါက္ေမွာ္ေက်းရြာေန ေပါက္ေမွာ္ေက်းရြာတြင္ေနထိုင္သည့္ ေက်ာ္လင္း (၃၃) ႏွစ္၊ မစႏၵာ (၃၉) လင္းမယား ၂ ဦးမွာ ဆည္ေျမာင္းေဘာင္ လယ္ကြင္းအတြင္း ေဆာက္လုပ္ထားသည့္ ေနအိမ္တြင္ လြန္ခဲ့သည့္ ၃ ရက္ခန႔္က ဆြဲႀကိဳးခ်ေသဆုံးခဲ့ျခင္းျဖစ္ၿပီး၊ ယေန႔နံနက္ ၁၁ နာရီခန႔္က ညီျဖစ္သူမွ ေနအိမ္အတြင္း သြားေရာက္ရွာေဖြစဥ္ ပုတ္ပြေသဆုံးေနသည့္ အေျခအေနအား ေတြ႕ျမင့္၍ သိရွိခဲ့ရေၾကာင္း ေပါင္းတည္ၿမိဳ့မ ရဲစခန္းမွ စခန္းမွူး ဒုရဲမွူးျမင့္သိန္းမွ ေျပာသည္။



"ေယာက္်ားနဲ႔ မိန္းမ ၂ ေယာက္လုံးစကားမ်ားၿပီးေတာ့ ၂ ေယာက္လုံးအတူတူေသမယ္ဆိုၿပီး လုပ္ၾကတဲ့ ပုံစံမ်ိဳးေပါက္တယ္။ ၂ ေယာက္လုံး လည္ပင္းႀကိဳးခ်ည္ၿပီးေတာ့ ဝါးလုံးတန္းေပၚက ဟိုဘက္ခန္းကို ခုန္ခ်လိုက္တဲ့ပုံပဲ။ ေယာက္်ားကေတာ့ ထိုင္လ်က္အေနအထားေတြ႕ရတယ္။ မိန္းမကေတာ့ မတ္တပ္လ်က္ အေနအထား ၾကမ္းျပင္နဲ႔ တေပေလာက္ လြတ္ေနတယ္။ အရင္းဆုံးသိတာကေတာ့ သူ႔ညီေလးက အဲဒီအိမ္ေအာက္မွာ ၾကက္ဖမ္းသြားရင္းနဲ႔ ျမင္တာ။" ဟု စခန္းမွူး ဒုရဲမွူးျမင့္သိန္းမွ ေျပာသည္။



ေသဆုံးသူမ်ားႏွင့္ပတ္သက္၍ အနီးပတ္ဝန္းက်င္မွေျပာစကားမ်ားအရ ေငြေရးေၾကးေရး၊ လူမွုေရးျပႆနာတစုံတရာမရွိေၾကာင္းႏွင့္ ေယာက္်ားျဖစ္သူမွာ အရက္ေသစာ ေသာက္စားေလ့ရွိၿပီး မၾကာခဏ လင္မယားစကားမ်ားရန္ျဖစ္ေလ့ရွိေသာ္လည္း ကိုယ္ထိလက္ေရာက္ ရိုက္ႏွက္ႏွိပ္စက္ျခင္းမရွိဖူးေၾကာင္း၊ ယခုျဖစ္စဥ္ႏွင့္ ပတ္သက္၍ မသိရွိေၾကာင္း သိရသည္။

က်ေနာ္တူက လြန္ခဲ့တဲ့ ၄ ရက္ေလာက္က ရြာထဲကိုလာၿပီးကတည္းက မေတြ႕ေတာ့တာ။ မေတြ႕ေတာ့ သူ႔ညီလုပ္သူက သူ႔ၾကက္ဖကို လာၾကည့္ရင္းနဲ႔ အဲဒါကို ေတြ႕တာ။ ျပႆနာတစုံတရာေတာ့မရွိဘူး။ အခက္မသင့္လို့ ျဖစ္ရင္ေတာ့ မေျပာတက္ဘူး။ ဟု ေသဆုံးသူ၏ ဦးေလးျဖစ္သူ ေပါက္ေမွာ္ေက်းရြာေန ကိုေဇာ္နိုင္ဦးက ေျမလတ္အသံကို ေျပာသည္။

ေသဆုံးသူ ၂ ဦး၏ ခႏၶာကိုယ္မ်ားမွာ ပုတ္ပြေနၿပီး ဓမၼတာအတိုင္းေသဆုံးမွုရွိမရွိ စစ္ေဆးရန္ ေပါင္းတည္ၿမိဳ့နယ္ ျပည္သူ႔ေဆး႐ုံႀကီးသို့ ေစတနာနာေရးကူညီမွုအသင္းမွ ယာဥ္ႏွစ္စီးျဖင့္ ယေန႔ ညေနပိုင္းက ပို့ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

သတင္းႏွင့္ ဓာတ္ပုံ - လႊထက္ရွ၊ ေဝလင္းထြန္း
#ေျမလတ္အသံ

Post a Comment

Previous Post Next Post