(Zawgyi)


တကၠသိုလ္ဝင္တန္းေျဖဆိုသူ သုံးသိန္းနီးပါး ရာခိုင္ႏႈန္းအားျဖင့္ ၃၂ ဒသမ ၀၆ ရာခိုင္ႏႈန္း ရွိၿပီး ဂုဏ္ထူးထြက္သူ ေျခာက္ေသာင္းေက်ာ္အနက္ ေျခာက္ဘာသာဂုဏ္ထူးထြက္သူ ၇၉၉ ဦးရွိေၾကာင္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။ စာေမးပြဲေျဖဆိုသူ ကိုးသိန္းေက်ာ္ရွိသည့္အနက္ ၂၉၁,၇၉၈ ဦး ေအာင္ျမင္ၿပီး ေက်ာင္းေျဖ ငါးသိန္း ခုႏွစ္ေသာင္းေက်ာ္အနက္ တစ္သိန္းေျခာက္ေသာင္းေက်ာ္ ေအာင္ျမင္ကာ ျပင္ပေျဖ သုံးသိန္းသုံးေသာင္း ေက်ာ္ အနက္ တစ္သိန္းသုံးေသာင္းေက်ာ္ ေအာင္ျမင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။




ေအာင္ခ်က္ရာခိုင္ႏႈန္းတြင္ မႏၲေလးတိုင္ေဒသႀကီးက ၃၇ ရာခိုင္ႏႈန္းေက်ာ္ျဖင့္ ေအာင္းခ်က္အေကာင္းဆုံးျဖစ္ကာ ယင္းေနာက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးက ၃၅ ရာခိုင္ႏႈန္းေက်ာ္ မြန္ျပည္နယ္က ၃၄ ရာခိုင္ႏႈန္းေက်ာ္တို႔ျဖင့္ အစဥ္အတိုင္း ရပ္တည္ေနသည္။ ေအာင္ခ်က္အနည္းဆုံးမွာ ရွမ္းျပည္နယ္ (အေရွ႕) က ၂၀ ရာခိုင္ႏႈန္းေက်ာ္ျဖင့္ အနည္းဆုံးျဖစ္ကာ ခ်င္းျပည္နယ္ကမူ ၂၁ ရာခိုင္ႏႈန္းေက်ာ္ျဖင့္ ဒုတိယအနည္းဆုံးျဖစ္သည္။



ေျခာက္ဘာသာဂုဏ္ထူးရသူ ၇၉၇ဦးတြင္ မႏၲေလးတိုင္းေဒသႀကီးကပင္ ၃၄၅ဦးျဖင့္ ထိပ္ဆုံးတြင္ ဦးေဆာင္ေနၿပီး ရန္ကုန္တိုင္းေဒသႀကီးက ၂၃၅ဦးျဖင့္ ဒုတိယေနရာတြင္ရွိသည္။ ဂုဏ္ထူးရသူ ေျခာက္ေသာင္းေက်ာ္တြင္မူ ရန္ကုန္တိုင္းေဒသႀကီးက တစ္ေသာင္းတစ္ေထာင္ေက်ာ္ျဖင့္ ထိပ္ဆုံးတြင္ရွိကာ စစ္ကိုင္းတိုင္းေဒသႀကီးက တစ္ေသာင္းေက်ာ္ျဖင့္ ဒုတိယေနရာ မႏၲေလးတိုင္းေဒသႀကီးက ကိုးေထာင္ေက်ာ္ျဖင့္ တတိယေနရာတြင္ ရွိသည္။



ဂုဏ္ထူးရသူ ေျခာက္ေသာင္းေက်ာ္တြင္ ထက္ဝက္ေက်ာ္ျဖစ္သည္ သုံးေသာင္းခုနစ္ေထာင္ေက်ာ္မွာ တစ္ဘာသာ ဂုဏ္ထူးရသူမ်ားျဖစ္သည္။ စာေမးပြဲေျဖဆိုသူ ေက်ာင္းသူ ၃၃ ရာခိုင္ႏႈန္းေက်ာ္ျဖစ္သည့္ တစ္သိန္းခုႏွစ္ေသာင္းေက်ာ္ ေအာင္ျမင္ၿပီး ေက်ာင္းသား ၂၉ ရာခိုင္ႏႈန္းေက်ာ္ျဖစ္သည့္ တစ္သိန္းတစ္ေသာင္းေက်ာ္ ေအာင္ျမင္သည္။ ကိုယ္လက္အဂၤါမသန္စြမ္းသူ ၁၇၅ ဦးရွိရာ ၄၂ဦးေအာင္ျမင္ၿပီး မ်က္မျမင္ စာေျဖသူ ၃၁ ဦးတြင္မူ ၁၂ဦး ေအာင္ျမင္ကာ အက်ဥ္းဦးစီးဌာနတြင္ ေျဖဆိုသူ ၁၉၂ ဦးအနက္ ၁၁၃ ဦးေအာင္ျမင္သည္။


Ref ; The Voice Journal


(Unicode)


တက္ကသိုလ်ဝင်တန်းဖြေဆိုသူ သုံးသိန်းနီးပါး ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်း ရှိပြီး ဂုဏ်ထူးထွက်သူ ခြောက်သောင်းကျော်အနက် ခြောက်ဘာသာဂုဏ်ထူးထွက်သူ ၇၉၉ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ စာမေးပွဲဖြေဆိုသူ ကိုးသိန်းကျော်ရှိသည့်အနက် ၂၉၁,၇၉၈ ဦး အောင်မြင်ပြီး ကျောင်းဖြေ ငါးသိန်း ခုနှစ်သောင်းကျော်အနက် တစ်သိန်းခြောက်သောင်းကျော် အောင်မြင်ကာ ပြင်ပဖြေ သုံးသိန်းသုံးသောင်း ကျော် အနက် တစ်သိန်းသုံးသောင်းကျော် အောင်မြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



အောင်ချက်ရာခိုင်နှုန်းတွင် မန္တလေးတိုင်ဒေသကြီးက ၃၇ ရာခိုင်နှုန်းကျော်ဖြင့် အောင်းချက်အကောင်းဆုံးဖြစ်ကာ ယင်းနောက်တွင် စစ်ကိုင်းတိုင်းဒေသကြီးက ၃၅ ရာခိုင်နှုန်းကျော် မွန်ပြည်နယ်က ၃၄ ရာခိုင်နှုန်းကျော်တို့ဖြင့် အစဉ်အတိုင်း ရပ်တည်နေသည်။ အောင်ချက်အနည်းဆုံးမှာ ရှမ်းပြည်နယ် (အရှေ့) က ၂၀ ရာခိုင်နှုန်းကျော်ဖြင့် အနည်းဆုံးဖြစ်ကာ ချင်းပြည်နယ်ကမူ ၂၁ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအနည်းဆုံးဖြစ်သည်။


ခြောက်ဘာသာဂုဏ်ထူးရသူ ၇၉၇ဦးတွင် မန္တလေးတိုင်းဒေသကြီးကပင် ၃၄၅ဦးဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ရန်ကုန်တိုင်းဒေသကြီးက ၂၃၅ဦးဖြင့် ဒုတိယနေရာတွင်ရှိသည်။ ဂုဏ်ထူးရသူ ခြောက်သောင်းကျော်တွင်မူ ရန်ကုန်တိုင်းဒေသကြီးက တစ်သောင်းတစ်ထောင်ကျော်ဖြင့် ထိပ်ဆုံးတွင်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးက တစ်သောင်းကျော်ဖြင့် ဒုတိယနေရာ မန္တလေးတိုင်းဒေသကြီးက ကိုးထောင်ကျော်ဖြင့် တတိယနေရာတွင် ရှိသည်။

ဂုဏ်ထူးရသူ ခြောက်သောင်းကျော်တွင် ထက်ဝက်ကျော်ဖြစ်သည် သုံးသောင်းခုနစ်ထောင်ကျော်မှာ တစ်ဘာသာ ဂုဏ်ထူးရသူများဖြစ်သည်။ စာမေးပွဲဖြေဆိုသူ ကျောင်းသူ ၃၃ ရာခိုင်နှုန်းကျော်ဖြစ်သည့် တစ်သိန်းခုနှစ်သောင်းကျော် အောင်မြင်ပြီး ကျောင်းသား ၂၉ ရာခိုင်နှုန်းကျော်ဖြစ်သည့် တစ်သိန်းတစ်သောင်းကျော် အောင်မြင်သည်။ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၇၅ ဦးရှိရာ ၄၂ဦးအောင်မြင်ပြီး မျက်မမြင် စာဖြေသူ ၃၁ ဦးတွင်မူ ၁၂ဦး အောင်မြင်ကာ အကျဉ်းဦးစီးဌာနတွင် ဖြေဆိုသူ ၁၉၂ ဦးအနက် ၁၁၃ ဦးအောင်မြင်သည်။


Ref ; The Voice Journal

Post a Comment

Previous Post Next Post