(Unicode)


သူကြော်ငြာ ခေါ်ရိုက်မှထမင်းစားရမယ့်လူတွေ မဟုတ်ဘူးဆိုတဲ့ စကားကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဖြူဖြူထွေးဟာသ ဗီဒီယိုလေးတွေကတစ်ဆင့် ပရိသတ် ရင်ထဲ နေရာယူလာခဲ့သူကတော့ သရုပ်ဆောင် ဖြူဖြူထွေး ပါပဲနော်။ သူမရဲ့ အောင်မြင်မှုတွေကတော့ အချိန်အတိုအတွင်းမှာ ဝါရင့် အနုပညာရှင်အချို့တောင် မနာ လိုရလောက်အောင်တဟုန်ထိုး အောင်မြင်ခဲ့တာပါပဲ။အချိန်တိုအတွင်း လူမှုကွန်ယက်မှာ ဖန်အများအပြား ရရှိခဲ့ပါတယ်။


ဘာကြောင့် အချိန်တိုအတွင်းအောင်မြင်စေခဲ့သလဲ ဆိုတဲ့ လျှို့ဝှက်ချက်ကတော့ ထူးထူးခြားခြား မဟုတ်ပါဘူးတဲ့။ပရိသတ်အား လုံးရဲ့ အဖြေကတော့ ဖြူဖြူထွေးဟာရိုးသားလို့ပါ ဆိုတဲ့အချက်ကိုတပြိုင်နက်ဖြေဆိုကြပါတယ်။သူမဟာဆိုရင် အောင်မြင်ခဲ့ပေမယ့် ဘဝင်မမြင့်သလို ၊ ဝါရင့် အနုပညာရှင်တွေကိုလည်းစော်ကားပုတ်ခတ်တာမျိုးမရှိခဲ့ပါဘူး။ ဒါ့အပြင် ကိုဗစ်ကာလအကြပ်အတည်းဖြစ်နေတဲ့ ဇာတ်ပို့ဇာတ်ရံတွေ ကိုတောင် သူမရဲ့ ကြေငြာမှာပါဝင်သရုပ်ဆောင်စေခဲ့သလို ၊ ဝါရင့်အနုပညာရှင်တွေကို ဂျူနီယာတစ်ယောက်အနေနဲ့ ဂါရဝတရားရှေ့ထားပြီး ကန်တော့ခဲ့တာတွေလည်း လုပ်ခဲ့တာ ပရိသတ် အသိပါနော်။


ဒါပေမယ့် ဖြူဖြူထွေး က ဇာတ်ပို့ ဇာတ်ရံ အားလုံးကို သူ့ ကြေငြာလေးတွေ အတူတူရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဇာတ်ပို့ဇာတ်ရံများဖြစ်တဲ့ အေးအေးအောင်သိန်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ကတော့ ဖြူဖြူထွေးကြေငြာရိုက်ရမှ စားရသောက်ရမယ့် ဘဝ မဟုတ်ဘူးဆိုပြီး သူတို့ရဲ့လူမှုကွန်ယက်ကနေ တစ်ဆင့် အမည်မတပ်ပဲ စောင်းမြောင်း ရေးသားလာခဲ့ပါတယ်။ဒီအတွက် ဖြူဖြူထွေးအနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ တကယ်ဆို မရိုက်ချင်ရင်လည်း အေးအေးဆေ းဆေးငြင်းလို့ရပါရက်နဲ့ အခုလိုမျိုး လူမှုကွန်ရက်မှာ စောင်းမြောင်းပြော တာတော့ မကောင်းဘူးထင်ပါတယ်နော်။ပရိသတ်ရဲ့ အမြင်လေးကိုလေး ဆွေးနွေးပေးခဲ့ကြပါဦး။


(Zawgyi)







Post a Comment

Previous Post Next Post