(Unicode)

ယနေ့ချိန်ထိ အနုပညာ လမ်းကြောင်းမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေး မှုတွေကို ရရှိထားသူ ကတော့ သရုပ်ဆောင် မင်းသမီး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက တီဗီကြော်ငြာများနဲ့ ရုပ်ရှင်ဇာတ် ကားများကို လက်မလည် ရအောင် ရိုက်ကူးခဲ့ရတဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။



ထက်ထက်ဟာ လတ်တလော မှာတော့ အနုပညာလှုပ် ရှားမှုတွေ ပြန်လည် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဖခင်ဖြစ်သူ ကွန်လွန်သွား တာကြောင့် ဖြေမဆည်နိုင်အောင် ယူကြုံးမရ ဝမ်းနည်းကြေ ကွဲနေတာပဲ ဖြစ်ပါတယ်။



ဖခင်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေကိုလည်း အမြဲပြုလုပ်နေတယ်လို့လည်း မကြာသေးခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲရေးသားဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ” အငိုမတိတ်ရတဲ့ သံသရာမှာအဓိပ္ပာယ်ရှိအောင် နေဖို့ဖခင်ကြီးအတွက် ပိုပြီးအဓိပ္ပာယ်ရှိစေဖို့န ဟိ ရုဏ္ဏံ ဝါ



သောကော ဝါ, ယာ စညာ ပရိဒေဝနာ၊န တံ ပေတာနမတ္ထာယ, ဧဝံ တိဋ္ဌန္တိ ဉာတယော။အယဉ္စ ခေါ ဒက္ခိဏာ ဒိန္နာ, သံဃမှိ သုပပတိဋ္ဌိတာ၊ဒီဃရတ္တံ ဟိတာယဿ, ဌာနသော ဥပကပ္ပတိ။ လို့ဟောတဲ့မူတဲ့အတိုင်းငိုနေလို့ အကျိုးမရှိတဲ့ ဒီလောကဓံမှာအကျိုးရှိစေဖို့အတွက် အဖေ့ကို ရည်



စူးပြီးသံဃာတော်တွေ ကိုလည်းလှူပါ့မယ် အဖေ့ကိုလည်း အမျှပေးဝေပါမယ် ရှင့်အထူးအားဖြင့်ထက်ထက် ပြုလုပ်ခဲ့တဲ့ ကုသိုလ်မှန်သမျှ နှင့်ကျောင်းဆောက် လှူဒါန်းခဲ့တဲ့ကုသိုလ်ကြီးကိုအဖေ့ အတွက်ကုသိုလ်မျှဝေပါတယ်ရှင့်အဖေ လည်း ထက်နဲ့အတူ ရောက်ရာ ဘဝကနေ သာဓုခေါ်ပေးပါနော်



ဖေဖေ့ရဲ့ နာရေးမှာ ကူညီပေးခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးတင် ပါတယ်ရှင့်စာအသုံးပြု ခွင့်ပေးတဲ့ ဘုန်းဘုန်းကိုလည်း ကန်တော့ပါတယ်ရှင့် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။



Source and Photo Crd – Htet Htet Moe Oo’s Facebook Page


(Zawgyi)





















Post a Comment

Previous Post Next Post