(Zawgyi)










Yin Khat Pan


(Unicode)


သရုပ်ဆောင်စမိုင်းလ်ကတော့ အလှူအတန်းတွေကို ရက်ရက်ရောလုပ်သလို၊ ဟန်ဆောင်မှုမရှိ ပွင့်လင်းစွာနေထိုင်တတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူပါ။


စမိုင်းလ်က အိမ်ထောင်မကျခင်အချိန်အထိ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အခုလက်ရှိ အိမ်ထောင်ကျပြီး ကလေးမေမေဖြစ်နေပြီဆိုပေမယ့် ပရိသတ်တွေကတော့ အရင်ကအတိုင်း အချစ်မလျော့သေးတာကို တွေ့ရပါတယ်။ စမိုင်းလ်ကလည်း အနုပညာအလုပ်လုပ်ကိုင်တာ နည်းပါးပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ လှုပ်ရှားမှုလေးတွေကို မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။



ဘုရားတရားရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ ပရိသတ်တွေလေးစားရသူတစ်ယောက်ပါ။ မကြာသေးခင်ကမယ်သီလရှင်ဝတ်ခဲ့ပြီး ခရီးတွေလည်းထွက်ခဲ့ပါသေးတယ်။ အခုလိုဝါဝင်တဲ့ကာလမှာတော့ “ယနေ့ဝါဆိုလပြည့်နေ့မှစ၍ ၁၀၈ရက်တိုင်တိုင် သက်သက်လွတ်စား အဓိဌာန်ဝင်ချင်းစတဲ့ ကောင်းမှုကုသိုလ်များလုပ်ဆောင်သွားပါမည်” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။



စမိုင်းလ်ကတော့ ကိုယ်တိုင်လည်း ကုသိုလ်အရေးတွေကိုပြုလုပ်နေသလို ပရိသတ်တွေနဲ့လည်း အဓိဌာန်ဝင်တာမျိုးတွေပြုလုပ်လေ့ရှိသူပါ။ အခုလည်း ဝါတွင်းကာလမှာကောင်းမှုကုသိုလ်တွေပြုတော့မယ့်အကြောင်းလည်း မျှဝေခဲ့ပါတယ်။ တကယ့်ကိုလေးစားစရာပါပဲနော်



Yin Khat Pan

Post a Comment

Previous Post Next Post