(Unicode)

အနုပညာ လောကထဲ ဝင်ခါစ အချိန်မှာ နာမည်ကြီး အနုပညာရှင် တစ်ယောက် က အနုပညာကြေး ပေးမယ်ဆိုပြီး ပွဲတစ်ပွဲ ဖိတ်ခဲ့တယ်။ ပင်ပင်ပန်းပန်း နဲ့ ကပြ ဖျော်ဖြေပေးခဲ့ပေမယ့် တစ်ပြားမှ မရခဲ့ပါဘူး။နာမည်ကြီး တစ်ယောက်ဖြစ်ပြီး တစ်နပ်စား ဉာဏ်လုပ်သွားခဲ့တယ်။ဖြူဖြူထွေးဟာ ခုဆိုရင်အတော်ကို လူသိများရေပန်းစားတဲ့ ဆယ်လီ တစ်ယောက် ဖြစ်နေပါပြီ။ လူတွေကို ဟာဒယရွှင်ဆေး တိုက်ကျွေးရင်းနဲ့ လုပ်ငန်းရှင်တွေကိုလည်း သူတို့ရဲ့ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လက်မလည်အောင် ကြော်ငြာပေးနေရပါပြီ


ဟိုတစ်နေ့က ညီမငယ်လေးဖြူဖြူထွေး ရဲ့ အင်တာဗျူးအတိုလေးတစ်ခု ကြည့်လိုက်ရပါတယ်။ သူမဟာ သတင်းထောက် လုပ်ခဲ့ဖူးတဲ့အကြောင်း၊ အနုပညာရှင်တွေကို အင်တာလိုက်ဗျူးခဲ့ဖူးတဲ့အကြောင်းပါ။ ဒီလိုအင်တာဗျူးလုပ်ပြီး နောက်တစ်နေ့မှာ အလုပ်ထုတ်ခံလိုက်ရပါလေရောတဲ့



ဘာလို့အထုတ်ခံရလဲဆိုတော့ အင်တာဗျူးတွေ မှာ အသံပါမလာ လို့ပါတဲ့။ အသံသွင်းဖို့ မိုက်ခလုတ်ကို ဖွင့်ဖို့မေ့ခဲ့တယ်ထင်ပါရဲ့။ ခုချိန်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေး ပြန်ပြောပြသွားနိုင်ပေမဲ့ အဲဒီလို အလုပ်ထုတ်ခံရတဲ့အချိန်မှာတော့ပျော်နိုင်မယ်မထင်ပါဘူး။ ဝမ်းနည်းရမှာပါ။ အသုံးမကျတဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ ဝမ်းနည်းအားငယ်စိတ်တွေ ရှိကောင်းရှိခဲ့မှာပါ။အရေးကြီးတာက အားမလျှော့ပဲ ဆက်ကြိုးစားနေဖို့ပါပဲ။ဆက်ကြိုးစားရင် ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်နိုင်ပါတယ်။



(Zawgyi)


အႏုပညာ ေလာကထဲ ဝင္ခါစ အခ်ိန္မွာ နာမည္ႀကီး အႏုပညာရွင္ တစ္ေယာက္ က အႏုပညာေၾကး ေပးမယ္ဆိုၿပီး ပြဲတစ္ပြဲ ဖိတ္ခဲ့တယ္။ ပင္ပင္ပန္းပန္း နဲ႔ ကျပ ေဖ်ာ္ေျဖေပးခဲ့ေပမယ့္ တစ္ျပားမွ မရခဲ့ပါဘူး။နာမည္ႀကီး တစ္ေယာက္ျဖစ္ၿပီး တစ္နပ္စား ဉာဏ္လုပ္သြားခဲ့တယ္။ျဖဴျဖဴေထြးဟာ ခုဆိုရင္အေတာ္ကို လူသိမ်ားေရပန္းစားတဲ့ ဆယ္လီ တစ္ေယာက္ ျဖစ္ေနပါၿပီ။ လူေတြကို ဟာဒယ႐ႊင္ေဆး တိုက္ေကြၽးရင္းနဲ႔ လုပ္ငန္းရွင္ေတြကိုလည္း သူတို႔ရဲ႕ကုန္ပစၥည္းေတြ၊ ဝန္ေဆာင္မႈေတြကို လက္မလည္ေအာင္ ေၾကာ္ျငာေပးေနရပါၿပီ



ဟိုတစ္ေန႔က ညီမငယ္ေလးျဖဴျဖဴေထြး ရဲ႕ အင္တာဗ်ဴးအတိုေလးတစ္ခု ၾကည့္လိုက္ရပါတယ္။ သူမဟာ သတင္းေထာက္ လုပ္ခဲ့ဖူးတဲ့အေၾကာင္း၊ အႏုပညာရွင္ေတြကို အင္တာလိုက္ဗ်ဴးခဲ့ဖူးတဲ့အေၾကာင္းပါ။ ဒီလိုအင္တာဗ်ဴးလုပ္ၿပီး ေနာက္တစ္ေန႔မွာ အလုပ္ထုတ္ခံလိုက္ရပါေလေရာတဲ့


ဘာလို႔အထုတ္ခံရလဲဆိုေတာ့ အင္တာဗ်ဴးေတြ မွာ အသံပါမလာ လို႔ပါတဲ့။ အသံသြင္းဖို႔ မိုက္ခလုတ္ကို ဖြင့္ဖို႔ေမ့ခဲ့တယ္ထင္ပါရဲ႕။ ခုခ်ိန္မွာ ရယ္ရယ္ေမာေမာ ေပါ့ေပါ့ပါးပါးေလး ျပန္ေျပာျပသြားႏိုင္ေပမဲ့ အဲဒီလို အလုပ္ထုတ္ခံရတဲ့အခ်ိန္မွာေတာ့ေပ်ာ္ႏိုင္မယ္မထင္ပါဘူး။ ဝမ္းနည္းရမွာပါ။ အသုံးမက်တဲ့ ငါပါလားဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္စိတ္၊ ဝမ္းနည္းအားငယ္စိတ္ေတြ ရွိေကာင္းရွိခဲ့မွာပါ။အေရးႀကီးတာက အားမေလွ်ာ့ပဲ ဆက္ႀကိဳးစားေနဖို႔ပါပဲ။ဆက္ႀကိဳးစားရင္ ကိုယ္ေရာက္ခ်င္တဲ့ ရည္မွန္းခ်က္ပန္းတိုင္ကို တစ္နည္းမဟုတ္တစ္နည္းနဲ႔ ေရာက္ႏိုင္ပါတယ္။


Credit Original

Post a Comment

Previous Post Next Post