(Unicode)

မနေ့က သြဂုတ် (၂၅) ရက်ည ပိုးတွေ့လူနာအယောက် (၃၀)ထဲမှာ စစ်တွေပြည်သူ့ဆေးရုံက အမျိုးသမီးဆရာဝန်တစ်ဦးလည်း ပါဝင်တယ်လို့ စစ်တွေဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားပါတယ်။ အဲ့ဒီဆရာဝန်ကို စစ်တွေပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာကနေ ဆေးကုသပေးဖို့ လာရောက်ခေါ်ဆောင်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ (၅၀၄) ဦးရှိပြီး ပြန်လည်သက်သာလာသူ (၃၄၁)ဦး ရှိပါတယ်။ဆရာဝန်မလေးနဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီးက ဆုတောင်းစကားများကို တစုတစည်းထဲ ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ။ကလေးအထူးကုဆရာဝန်ကြီး ‌ဒေါက်တာရဲမြင့်ကျော်ကတေ့ာ လူမှုကွန်ယက်မှာ ဒီလိုရေးသားထားပါတယ်။



“မျက်ရည် လည်မိတဲ့ ပုံကလေးပါ။ ဘယ်သူက ကိုယ့်သားသမီးကို ဒီလို အချိန် Frontline မှာ မြင်ချင်မလဲနော်။ သူတို့လေးတွေ ကာမပေးရင် တနိုင်ငံလုံး ဗုံးကွဲသလို ဖြစ်မှာ စိုးလို့ အကူးစက်ခံ ကာပေးနေကြရရှာတာ။ ကူညီနိုင်သလောက် ကူညီပါ။ ကျန်းမာရေးကို ထပ်ဝန်မပိပါစေနဲ့။ နှုတ်နဲ့ စာနဲ့ နှောက်ယှက်နေသူတွေအတွက်တော့ ပြောစရာ စကားလုံး မရှိပါဘူး။”(ဆေးတက္ကသိုလ် ၁ ရန်ကုန်ထွက် ကျွန်တော့် Ward မှာ အလုပ်သင်ဆင်းသွားတဲ့ ဆရာဝန်မလေးပါ။)



ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ ဆရာဝန်မလေး ငြိမ်းသီရိထိုက်ရဲ့ ဖခင်ကိုယ်တိုင်ရေးတဲ့စာ ကျွန်တော်တို့ ခေတ်ရဲ့ တာဝန်ကျေပွန်သူတဦး။ ဒေါက်တာငြိမ်းသီရိထိုက် (စစ်တွေ)ပြည်သူ့ဆေးရုံကြီး၊ Positive (+) ယနေ့(သူ့မရဲ့ခံယူချက်က ရှင်းတယ်။ False negative ဖြစ်မှာကိုအရမ်းကြောက်ပါတယ်။ Carry ဖြစ်မှာစိုးလို့ပါတဲ့။ကုသု ရယ် လူနာရယ်။စိတ်ရင်းစေတနာနဲ့ မေတ္တာထားလုပ်ဆောင်မှူတွေအတွက် သီးလေး မေတ္တာရောင်ပြန်ဟတ်ပါစေ။ သမီးရဲ့ အဖေဖြစ်ရတဲ့အတွက်လဲ ဂုဏ်ယူမိပါတယ်။



မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူ ရေးတဲ့စာမြင်ကြည့်လေ ကိုယ့်သား၊သမီးဆို ဘယ်ရင်နဲ့ခံစားကြမလဲ ကားပေါ်တက်သွားကြရမယ့် ကျန်းမာရေးဝန်ထမ်းတွေ ဘယ်အထိများလာအုံးမလဲချစ်စရာညီမလေးရေ Nyein Thiri ရေ တာဝန်ကျေတာထက် ပိုပါတယ်နော်။ ငါ့ညီမလေး နဲ့အတူ Positive ထွက်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းများအားလုံး ကောင်းမွန်စွာ‌ ကျော်လွှားနိုင်မှာပါ။အမြန်ဆုံး ကျန်းမာပါစေနော်။ ကိုယ်ထားခဲ့တဲ့ စေတနာတွေရောင်ပြန်ဟပ်လို့ ဤခန္ဓာတွေဝေဒနာဝေးပါစေ။Postive ပါတဲ့ အခုဘဲလာခေါ်သွားပါပြီ ဂုဏ်ယူပါတယ် စိတ်ကိုလုံးဝမလျှော့လိုက်ပါနဲ့ လူနာတွေကိုအမြဲဂရုစိုက်တဲ့ဆရာဝန်မလေး အခုကိုယ့်ကိုကိုယ်အထူးဂရုစိုက်ပါ။ စစ်တွေဆေးရုံကြီးကဆရာဝန်ပါ

Credit to all


(Zawgyi)



မေန႔က ၾသဂုတ္ (၂၅) ရက္ည ပိုးေတြ႕လူနာအေယာက္ (၃၀)ထဲမွာ စစ္ေတြျပည္သူ႔ေဆး႐ုံက အမ်ိဳးသမီးဆရာဝန္တစ္ဦးလည္း ပါဝင္တယ္လို႔ စစ္ေတြေဆး႐ုံ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေရးသားထားပါတယ္။ အဲ့ဒီဆရာဝန္ကို စစ္ေတြျပည္သူ႔ေဆး႐ုံ ဝန္ထမ္းအိမ္ရာကေန ေဆးကုသေပးဖို႔ လာေရာက္ေခၚေဆာင္သြားၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ (၅၀၄) ဦးရွိၿပီး ျပန္လည္သက္သာလာသူ (၃၄၁)ဦး ရွိပါတယ္။ဆရာဝန္မေလးနဲ႔ ပတ္သက္ၿပီး နယ္ပယ္အသီးသီးက ဆုေတာင္းစကားမ်ားကို တစုတစည္းထဲ ေဖာ္ျပ ေပးလိုက္ပါတယ္ ခင္ဗ်ာ။ကေလးအထူးကုဆရာဝန္ႀကီး ‌ေဒါက္တာရဲျမင့္ေက်ာ္ကေတ့ာ လူမႈကြန္ယက္မွာ ဒီလိုေရးသားထားပါတယ္။



“မ်က္ရည္ လည္မိတဲ့ ပုံကေလးပါ။ ဘယ္သူက ကိုယ့္သားသမီးကို ဒီလို အခ်ိန္ Frontline မွာ ျမင္ခ်င္မလဲေနာ္။ သူတို႔ေလးေတြ ကာမေပးရင္ တႏိုင္ငံလုံး ဗုံးကြဲသလို ျဖစ္မွာ စိုးလို႔ အကူးစက္ခံ ကာေပးေနၾကရရွာတာ။ ကူညီႏိုင္သေလာက္ ကူညီပါ။ က်န္းမာေရးကို ထပ္ဝန္မပိပါေစနဲ႔။ ႏႈတ္နဲ႔ စာနဲ႔ ေႏွာက္ယွက္ေနသူေတြအတြက္ေတာ့ ေျပာစရာ စကားလုံး မရွိပါဘူး။”(ေဆးတကၠသိုလ္ ၁ ရန္ကုန္ထြက္ ကြၽန္ေတာ့္ Ward မွာ အလုပ္သင္ဆင္းသြားတဲ့ ဆရာဝန္မေလးပါ။)



ကိုဗစ္ကူးစက္ခံလိုက္ရတဲ့ ဆရာဝန္မေလး ၿငိမ္းသီရိထိုက္ရဲ႕ ဖခင္ကိုယ္တိုင္ေရးတဲ့စာ ကြၽန္ေတာ္တို႔ ေခတ္ရဲ႕ တာဝန္ေက်ပြန္သူတဦး။ ေဒါက္တာၿငိမ္းသီရိထိုက္ (စစ္ေတြ)ျပည္သူ႔ေဆး႐ုံႀကီး၊ Positive (+) ယေန႔(သူ႔မရဲ႕ခံယူခ်က္က ရွင္းတယ္။ False negative ျဖစ္မွာကိုအရမ္းေၾကာက္ပါတယ္။ Carry ျဖစ္မွာစိုးလို႔ပါတဲ့။ကုသု ရယ္ လူနာရယ္။စိတ္ရင္းေစတနာနဲ႔ ေမတၱာထားလုပ္ေဆာင္မႉေတြအတြက္ သီးေလး ေမတၱာေရာင္ျပန္ဟတ္ပါေစ။ သမီးရဲ႕ အေဖျဖစ္ရတဲ့အတြက္လဲ ဂုဏ္ယူမိပါတယ္။



ေျမာက္ဥကၠလာေဆး႐ုံအုပ္ႀကီး ေဒါက္တာဝင္းသႏၲာျဖဴ ေရးတဲ့စာျမင္ၾကည့္ေလ ကိုယ့္သား၊သမီးဆို ဘယ္ရင္နဲ႔ခံစားၾကမလဲ ကားေပၚတက္သြားၾကရမယ့္ က်န္းမာေရးဝန္ထမ္းေတြ ဘယ္အထိမ်ားလာအုံးမလဲခ်စ္စရာညီမေလးေရ Nyein Thiri ေရ တာဝန္ေက်တာထက္ ပိုပါတယ္ေနာ္။ ငါ့ညီမေလး နဲ႔အတူ Positive ထြက္ခဲ့တဲ့ က်န္းမာေရးဝန္ထမ္းမ်ားအားလုံး ေကာင္းမြန္စြာ‌ ေက်ာ္လႊားႏိုင္မွာပါ။အျမန္ဆုံး က်န္းမာပါေစေနာ္။ ကိုယ္ထားခဲ့တဲ့ ေစတနာေတြေရာင္ျပန္ဟပ္လို႔ ဤခႏၶာေတြေဝဒနာေဝးပါေစ။Postive ပါတဲ့ အခုဘဲလာေခၚသြားပါၿပီ ဂုဏ္ယူပါတယ္ စိတ္ကိုလုံးဝမေလွ်ာ့လိုက္ပါနဲ႔ လူနာေတြကိုအၿမဲဂ႐ုစိုက္တဲ့ဆရာဝန္မေလး အခုကိုယ့္ကိုကိုယ္အထူးဂ႐ုစိုက္ပါ။ စစ္ေတြေဆး႐ုံႀကီးကဆရာဝန္ပါ

Credit to all

Post a Comment

Previous Post Next Post