(Unicode)

ရခိုင်ဘက်မှ ဝင်လာတဲ့ အမည်မသိ မှန်လုံယာဥ်တစီး ဥက္ကံသို့ ရောက်ရှိလာ၊ ကားပေါ်ပါလာတဲ့ ယာဥ်မောင်းနဲ့ စပယ်ယာ (၂) ဦးကို Q စင်တာသို့ ပို့ဆောင်…

မှန်လုံခရီးသယ်တင်ယာဉ် အမျိုးအစား ယာဉ်တစ်စီးမှာ မည်သည့်ယာဉ်လိုင်းမှ ယာဉ်ဖြစ်ကြောင်းကပ်ထားသည့် စတေကာများမပါရှိဘဲ ကားပေါ်တွင်လည်း ယာဉ်မောင်း နှင့် ယာဉ်မောင်းအကူတို့ နှစ်ဦးသာပါရှိသဖြင့် ဥက္ကံမြို့၊ မီးနင်းချောင်းကျန်းမာရေးစစ်ဆေးသည့်ဂိတ် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မင်းပြားမြို့နယ်မှ ပြန်လည်ဝင်ရောက်လာသော ရိုးမမန္တလာယာဉ်လိုင်းမှ ယာဉ်ဖြစ်ကြောင်း သိရပါတယ်။



အဆိုပါယာဉ်သည် ဥက္ကံမြို့၊ မီးနင်းချောင်းရှိ ကျန်းမာရေး စစ်ဆေးသည့်ဂိတ်သို့ ဩဂုတ်၊ ၂၉ ရက်နေ့နံနက်ပိုင်း ၁၀ နာရီခန့်တွင် ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းတစ်ဦးမှာ မှော်ဘီမြို့နယ်နေသူဖြစ်၍ နောက်တစ်ဦးမှာ ကျိုက်ထိုမြို့နယ်တွင် နေထိုင်ကြသူများ ဖြစ်တယ်ဟု သိရပါတယ်။



ထိုသို့ပြန်လည်ရောက်ရှိလာသူ နှစ်ဦးအား ညနေ ၃ နာရီခန့်တွင် လှိုင်တက္ကသိုလ်နယ်မြေ 5H အဆောင်တွင် Q ဝင်နိုင်ရန်ပို့ဆောင်ပေးခဲ့ကြောင်း ဥက္ကံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မှ ပြောပါတယ်။ ဩဂုတ်၊ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်မှ ညနေ ၅ နာရီ အချိန်အထိ ယာဉ်ကြီး (၁၃၀) စီးမှ လူဦးရေ (၂၁၆၈) ဦး နှင့် ယာဉ်လေး (၆၇၈) မှ လူဦးရေ (၃၉၇၀) ဦးတို့အား စစ်ဆေးပေးခဲ့ကြောင်း ဥက္ကံမြို့၊ မီးနင်းချောင်း ကျန်းမာရေးစစ်ဆေးသည့်ဂိတ်၏ မှတ်တမ်းများအရ သိရပါတယ်။

မီးအိမ်ရှင်(ဥက္ကံ)


(Zawgyi)


ရခိုင္ဘက္မွ ဝင္လာတဲ့ အမည္မသိ မွန္လုံယာဥ္တစီး ဥကၠံသို႔ ေရာက္ရွိလာ၊ ကားေပၚပါလာတဲ့ ယာဥ္ေမာင္းနဲ႔ စပယ္ယာ (၂) ဦးကို Q စင္တာသို႔ ပို႔ေဆာင္…

မွန္လုံခရီးသယ္တင္ယာဥ္ အမ်ိဳးအစား ယာဥ္တစ္စီးမွာ မည္သည့္ယာဥ္လိုင္းမွ ယာဥ္ျဖစ္ေၾကာင္းကပ္ထားသည့္ စေတကာမ်ားမပါရွိဘဲ ကားေပၚတြင္လည္း ယာဥ္ေမာင္း ႏွင့္ ယာဥ္ေမာင္းအကူတို႔ ႏွစ္ဦးသာပါရွိသျဖင့္ ဥကၠံၿမိဳ႕၊ မီးနင္းေခ်ာင္းက်န္းမာေရးစစ္ေဆးသည့္ဂိတ္ တာဝန္ရွိသူမ်ားက စစ္ေဆးခဲ့ရာ မင္းျပားၿမိဳ႕နယ္မွ ျပန္လည္ဝင္ေရာက္လာေသာ ႐ိုးမမႏၲလာယာဥ္လိုင္းမွ ယာဥ္ျဖစ္ေၾကာင္း သိရပါတယ္။



အဆိုပါယာဥ္သည္ ဥကၠံၿမိဳ႕၊ မီးနင္းေခ်ာင္းရွိ က်န္းမာေရး စစ္ေဆးသည့္ဂိတ္သို႔ ဩဂုတ္၊ ၂၉ ရက္ေန႔နံနက္ပိုင္း ၁၀ နာရီခန႔္တြင္ ျပန္လည္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ၿပီး ယာဥ္ေမာင္းတစ္ဦးမွာ ေမွာ္ဘီၿမိဳ႕နယ္ေနသူျဖစ္၍ ေနာက္တစ္ဦးမွာ က်ိဳက္ထိုၿမိဳ႕နယ္တြင္ ေနထိုင္ၾကသူမ်ား ျဖစ္တယ္ဟု သိရပါတယ္။



ထိုသို႔ျပန္လည္ေရာက္ရွိလာသူ ႏွစ္ဦးအား ညေန ၃ နာရီခန႔္တြင္ လႈိင္တကၠသိုလ္နယ္ေျမ 5H အေဆာင္တြင္ Q ဝင္ႏိုင္ရန္ပို႔ေဆာင္ေပးခဲ့ေၾကာင္း ဥကၠံၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေက်ာ္မွ ေျပာပါတယ္။ ဩဂုတ္၊ ၂၉ ရက္ေန႔ နံနက္ ၄ နာရီအခ်ိန္မွ ညေန ၅ နာရီ အခ်ိန္အထိ ယာဥ္ႀကီး (၁၃၀) စီးမွ လူဦးေရ (၂၁၆၈) ဦး ႏွင့္ ယာဥ္ေလး (၆၇၈) မွ လူဦးေရ (၃၉၇၀) ဦးတို႔အား စစ္ေဆးေပးခဲ့ေၾကာင္း ဥကၠံၿမိဳ႕၊ မီးနင္းေခ်ာင္း က်န္းမာေရးစစ္ေဆးသည့္ဂိတ္၏ မွတ္တမ္းမ်ားအရ သိရပါတယ္။

မီးအိမ္ရွင္(ဥကၠံ)



Post a Comment

Previous Post Next Post