(Zawgyi)

ဇနီးျဖစ္သူ မိဘမ်ားရွိရာခဏျပန္ေနစဥ္ ခင္ပြန္းက အျခား အမ်ိဳးသမီးတစ္ဦးႏွင့္ ေပါင္းသင္းေန၍ အမႈဖြင့္

လႈိင္သာယာ၊ ဩဂုတ္ ၃/၂၀၂၀

ဇနီးျဖစ္သူ ႐ြာျပန္သြားစဥ္ ေနအိမ္တြင္ အျခားအမ်ိဳးသမီး တစ္ဦး ႏွင့္ ေပါင္းသင္းေနထိုင္သည့္ ခင္ပြန္းအား ဩဂုတ္(၃)ရက္ေနတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္၊ လႈိင္သာယာ(အေနာက္ပိုင္း) ၿမိဳ႕နယ္၊ ေျမတိုင္း(၂၂)အလယ္ေက်း႐ြာတြင္ ေနထိုင္သည့္ တရားလိုႏွင့္ ခင္ပြန္းျဖစ္သူ ရဲဟိန္းစိုးတို႔မွာ ၂၀၁၉ ခု ၄လပိုင္းတြင္ ဧရာဝတီတိုင္း၊က်ိဳက္လတ္ၿမိဳ႕နယ္ ၊ အစုႀကီးေက်း႐ြာ၌ တရားဝင္အၾကင္လင္မယားအျဖစ္ လက္ထပ္ထိမ္းျမားေပါင္းသင္းခဲ့ၾကၿပီးေနာက္ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အလယ္႐ြာသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ေၾကာင္း ဆိုသည္။

ထိုသို႔ေနထိုင္စဥ္ ဇနီးျဖစ္သူမွာ ၂၀၂ဝခု ဩဂုတ္လ ၁ရက္ေန႔တြင္ မိဘမ်ားေနထိုင္ေသာ ဧရာဝတီတိုင္းသို႔ သြားေရာက္ခဲ့ေၾကာင္း၊ ညပိုင္းတြင္ ၎ႏွင့္ တစ္ေဆာင္တည္းေန သူငယ္ခ်င္းျဖစ္သူမွ ဖုန္းဆက္၍ ခင္ပြန္းျဖစ္သူ ရဲဟိန္းစိုးမွာ အမွတ္(၂၀)ရပ္ကြက္ေန မအိသက္ေက်ာ္(အိမ္ေထာင္မရွိလူလြတ္)ႏွင့္ အေဆာင္သို႔ ေရာက္ရွိေနေၾကာင္းေျပာသျဖင့္ ဩဂုတ္ ၂ ရက္ေန႔တြင္ မိဘမ်ားႏွင့္အတူ အေဆာင္ျပန္လာစဥ္ အေဆာင္မႉးမွ ရဲဟိန္းစိုးမွာ မအိသက္ေက်ာ္ ႏွင့္ အခန္းထဲတြင္ ရွိေနေၾကာင္းေျပာ၍ အခန္းတံခါးဖြင့္ၾကည့္စဥ္ အခန္းအတြင္း ႏွစ္ဦးအတူ ေတြ႕ရွိရသျဖင့္ ၎ႏွင့္အတူ ေပါင္းသင္းေနထိုင္စဥ္ အျခားအမ်ိဳးသမီးႏွင့္ ထပ္မံေပါင္းသင္းေနသည့္ ခင္ပြန္း ရဲဟိန္းစိုး အား ဥပေဒအရအေရးယူေပးပါရန္ တိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း စုံစမ္းသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲဟိန္းစိုး အား ေသာင္ႀကီးနယ္ေျမရဲစခန္းမွ (ပ) ၁၆၇၀/၂၀၂၀၊ တစ္လင္ တစ္မယား ဥပေဒပုဒ္မ ၁၃ ျဖင့္အမႈဖြင့္ အေရးယူေဆာင္႐ြက္ထားေၾကာင္း သတင္းရရွိသည္။

ညီညီ(လႈိင္သာယာ)

Top Phoenix Media Group

(Unicode)


ဇနီးဖြစ်သူ မိဘများရှိရာခဏပြန်နေစဉ် ခင်ပွန်းက အခြား အမျိုးသမီးတစ်ဦးနှင့် ပေါင်းသင်းနေ၍ အမှုဖွင့်

လှိုင်သာယာ၊ ဩဂုတ် ၃/၂၀၂၀

ဇနီးဖြစ်သူ ရွာပြန်သွားစဉ် နေအိမ်တွင် အခြားအမျိုးသမီး တစ်ဦး နှင့် ပေါင်းသင်းနေထိုင်သည့် ခင်ပွန်းအား ဩဂုတ်(၃)ရက်နေတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ မြေတိုင်း(၂၂)အလယ်ကျေးရွာတွင် နေထိုင်သည့် တရားလိုနှင့် ခင်ပွန်းဖြစ်သူ ရဲဟိန်းစိုးတို့မှာ ၂၀၁၉ ခု ၄လပိုင်းတွင် ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ် ၊ အစုကြီးကျေးရွာ၌ တရားဝင်အကြင်လင်မယားအဖြစ် လက်ထပ်ထိမ်းမြားပေါင်းသင်းခဲ့ကြပြီးနောက် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း ဆိုသည်။

ထိုသို့နေထိုင်စဉ် ဇနီးဖြစ်သူမှာ ၂၀၂ဝခု ဩဂုတ်လ ၁ရက်နေ့တွင် မိဘများနေထိုင်သော ဧရာဝတီတိုင်းသို့ သွားရောက်ခဲ့ကြောင်း၊ ညပိုင်းတွင် ၎င်းနှင့် တစ်ဆောင်တည်းနေ သူငယ်ချင်းဖြစ်သူမှ ဖုန်းဆက်၍ ခင်ပွန်းဖြစ်သူ ရဲဟိန်းစိုးမှာ အမှတ်(၂၀)ရပ်ကွက်နေ မအိသက်ကျော်(အိမ်ထောင်မရှိလူလွတ်)နှင့် အဆောင်သို့ ရောက်ရှိနေကြောင်းပြောသဖြင့် ဩဂုတ် ၂ ရက်နေ့တွင် မိဘများနှင့်အတူ အဆောင်ပြန်လာစဉ် အဆောင်မှူးမှ ရဲဟိန်းစိုးမှာ မအိသက်ကျော် နှင့် အခန်းထဲတွင် ရှိနေကြောင်းပြော၍ အခန်းတံခါးဖွင့်ကြည့်စဉ် အခန်းအတွင်း နှစ်ဦးအတူ တွေ့ရှိရသဖြင့် ၎င်းနှင့်အတူ ပေါင်းသင်းနေထိုင်စဉ် အခြားအမျိုးသမီးနှင့် ထပ်မံပေါင်းသင်းနေသည့် ခင်ပွန်း ရဲဟိန်းစိုး အား ဥပဒေအရအရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲဟိန်းစိုး အား သောင်ကြီးနယ်မြေရဲစခန်းမှ (ပ) ၁၆၇၀/၂၀၂၀၊ တစ်လင် တစ်မယား ဥပဒေပုဒ်မ ၁၃ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ညီညီ(လှိုင်သာယာ)

Top Phoenix Media Group

Post a Comment

Previous Post Next Post