(Zawgyi)









 (Unicode)

” မွေးလအစ မှာ သိန်း(၅၀၀) ထီဆုကြီး ကို ကံထူး ခဲ့တဲ့ အွန်လိုင်း ဟာသသရုပ်ဆောင် အလင်းသခင်”


ဟာသသရုပ်ဆောင် အလင်းသခင်ကတော့ အွန်လိုင်းပရိသတ်တွေရဲ့ ကြားမှာ အထူးရေပန်းစား နေသူတစ်ဦးပါ။
ဟာသလေးတွေ နဲ့ အတူ တဖြည်းဖြည်းနာမည်ကြီးလာခဲ့တဲ့ သူဟာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ရှိနေတာဖြစ်ပါတယ်။


ယခုနောက်ပိုင်းမှာ အလှူတွေဆက်တိုက်လုပ်ဖြစ်နေတဲ့ အလင်းသခင်ဟာ ယခုလအောင်ဘာလေထီဖွင့်ပွဲမှာ ကျပ်သိန်း ၅၀၀ ဆုကြီးကိုဆွတ်ခူးနိုင်ခဲ့ကြောင်း သူ့ပရိသတ်တွေကို အသိပေးလာခဲ့တာပါ။ ” သိန်းငါးရာ ထီပေါက်လို့ အရမ်းကိုပျော်ရွှင်ရပါတယ် ဗျမွေးလမှာ ကံကောင်းနေတာ ” ဆိုတဲ့စာလေးနဲ့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးခဲ့တာပါ။



အလှူတွေဆက်တိုက်လုပ်နေတဲ့ အလင်းသခင်တစ်ယောက်အတွက်ကတော့ တကယ့်ကို ကံကောင်းမှုတွေဆက်တိုက်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ….ပရိသတ်ကြီးလည်း သူနဲ့ထပ်တူ ဝမ်းသာနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။


Post a Comment

Previous Post Next Post