(Unicode)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှုများ ပိုတွေ့လာရကြောင်း၊ စစ်တွေသည် မန္တလေးနှင့်ဝေးသည်ဟုမတွေးစေချင်ဘဲ ယာဉ်လိုင်းများမှတစ်နေ့လျှင် ခရီးသည် ၈၀ ကျော်ဝင်ရောက်နေကြောင်း၊ မန်းမြို့တော်ဝန် ဒေါက်တာရဲလွင်က
က လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာတွင် သတိပေးရေးသားသည်။
“စစ်တွေဘက်ကလာသူတွေ quarantine လုပ်နေသလို ယာဉ်လိုင်းတွေ ပိတ်သွားပေမယ့် ရောက်နှင့်နေတဲ့ ရောဂါရှိနေသူ ဘယ်နှစ်ယောက်လောက် ရှိမယ်ဆိုတာ မပြောနိုင်ပါ။”ဟု မြို့တော်ဝန်က  သတိပေးသည်။ မန္တလေးမြို့တွင် အပြင်ထွက်ကြသူများအနက် ၅% လောက်သာ mask တပ်သည်ကို တွေ့ရပြီး ကူးစက်ပြန့်ပွားမှု အရမ်းမြန်နိုင်သည့် အခြေအနေ ရှိနေကြောင်း မြို့တော်ဝန်က ရေးသားထားသည်။
“ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ပါ။ လူစုလူဝေးကိုရှောင်ပါ။လက်မကြာခဏဆေးပါ။ တတ်နိုင်သရွေ့ အပြင်မထွက်ပါနဲ့။”ဟု မြို့တော်ဝန်က သတိပေးသည်။
မန်တလေးမွို့ရှိ သမိုငျးဝငျ ...
ဆဲဗင်းဒေး
(Zawgyi)
မန္တလေးမြို့ရှိ သမိုင်းဝင် ...
ဆဲဗင်းဒေး
Post a Comment
Previous Post Next Post