(Unicode)


မင်းသားချော လွင်မိုးတော့ တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လွင်မိုးက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ အနုပညာအလုပ်တွေထက် စီးပွားရေးလုပ်ငန်းတွေကို ပိုမိုအချိန်ပေးလုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လွင်မိုးအပြင် လွင်မိုးရဲ့သမီးကြီး ယွန်းဝတီလွင်မိုးနဲ့ မြေးလေး Liam တို့ကိုပါ ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။



အလှူအတန်းတွေကိုလည်း လက်လှမ်းမှီသလောက် ပြုလုပ်နေတဲ့ လွင်မိုးတို့ မိသားစုက ဒီကနေ့မှာလည်း ခိုင်ပြည်နယ် ရသေ့တောင်မြို့ ၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ မောင်တောမြို့၊ မြောက်ဦးမြို့ ၊ မင်းပြားမြို့များတွင် အရေးတကြီးလိုအပ်နေတဲ့ ပိုးသတ်ဆေးဖြန်း စက် (၁၀) လုံးတိတိကို ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


လွင်မိုးကတော့ မြန်မာငွေ သိန်း (၃၀) ကျော် တန်ဖိုးရှိတဲ့ ပိုးသတ်ဆေးဖြန်း စက် (၁၀) လုံးကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကြီးလည်း အမြန်ဆုံး ရောဂါကူးစက်သူတွေလျော့နည်းပြီး ကူးစက်ခံရသူတွေလည်း


အမြန်ဆုံး သက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


(Zawgyi)









San Kyi Par

Post a Comment

Previous Post Next Post