(Unicode)

တရုတ်၊ အမေရိကန်နဲ့ မြန်မာ…

ကြည်မြင်တိုင်တဖက်ကမ်း ဆိပ်ကြီးခနောင်တိုမှာ မြို့သစ်တည်မည်ဆိုတဲ့ တင်ဒါအောင် တရုတ်နိုင်ငံက ကုမ္ပဏီ CCCC နဲ့သူ့လက်အောက် ကုမ္ပဏီတွေအားလုံးကို အမေရိကန်နိုင်ငံက အမည်ပျက်စာရင်းတင်သွင်းပြီး စီးပွါးရေးပိတ်ဆို့လိုက်ပါတယ်။

ဒီ CCCC ကုမ္ပဏီဟာ တောင်တရုတ်ပင်လယ်ထဲက တရုတ်နိုင်ငံရဲ့ ရေတပ်စခန်း ကျွန်းအတုတွေ တည်ဆောက်တယ်၊ ခေတ်သစ်ပိုးလမ်းမ နဲ့ တရုတ်အင်ပါယာချဲ့ထွင်တယ်၊ နိုင်ငံတွေကို အကြွေးနဲ့သိမ်းဖို့ကြိုးစားတယ်၊ တရုတ်နိုင်ငံရဲ့ နယ်မြေချဲ့ထွင်ရာမှာသုံးတဲ့ ကုမ္ပဏီတခု လို့စွတ်စွဲပြီး ဆန်ရှင် လုပ်လိုက်တာပါ။



အမေရိကန်ကတော့ တရုတ်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး ပါဝါလျော့ကျသွားအောင် ကြီးမားတဲ့ စစ်အေးတိုက်ပွဲစ ဆင်နွဲနေပါပြီ။ အယင် ရုရှားနဲ့ နှစ် ၄၀ ကြာ အားပြိုင်ခဲ့တဲ့ စစ်အေးတိုက်ပွဲတုန်းက ကွန်မြူနစ် ဆိုဗီယက်ယူနီယံ တစစီပြိုကွဲပြီး ရုရှား ဒီမိုကရေစီနိုင်ငံ ဖြစ်သွားတာပဲ။ အမေရိကန်ဟာ တရုတ်နဲ့ ဒီစစ်အေးတိုက်ပွဲကို နှစ်ရှည်တိုက်တော့မယ် လို့ ဆုံးဖြတ်ထားဟန်တူတယ်၊ ဒီမိုကရက်သမတလောင်း ဂျိုးဘိုင်ဒင် ကလည်း သူသမ္မတဖြစ်ရင် တရုတ်နဲ့ ဆက်ဆံရေးကို ထရန့် ရဲ့ပေါ်လစီအတိုင်း ဆက်ကိုင်တွယ်သွားမယ်တဲ့။



ကြားက မထင်မှတ်ပဲ မြေစာပင် ဖြစ်နိုင်တာ အရှေ့တောင်အာရှပါ။ ကမ္ဘာဒီးယား၊ လာအို တို့က တရုတ်နဲ့ နီးစပ်တယ်၊ ဗီယက်နမ် တွေက တရုတ်ကို ခါးခါးသီးသီး၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်္ကာပူ၊ မလေး၊ အင်ဒိုနီရှား က အမေရိကန် ဘက် တနည်းမဟုတ်တနည်း ယိမ်းမယ်။

မြန်မာမှာ တိုင်းရင်းသားတပ်တွေရှိတဲ့ ရှမ်း၊ ရခိုင်၊ ကချင်၊ ဝ က တမျိုး၊ နိုင်ငံ့ပေါ်လစီကတမျိုး၊ လူမျိုးတွေရဲ့ပေါ်လစီကတမျိုး တပ်ရဲ့ပေါ်လစီကတမျိုး နဲ့ အကွဲကွဲ ဖြစ်သွားနိုင်တယ်။ ဒီလိုအခြေအနေမှာ နိုင်ငံတခုလုံး စုစည်းဖို့ အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်ဗျာ၊ ငြိမ်းချမ်းရေး ရအောင်ယူကြပါတော့။



တရုတ် CCCC ကုမ္ပဏီအကြောင်း ဆက်ရရင် အမေရိကန် စီးပွါးပိတ်ဆို့ရေး ဆန်ရှင်မိထားတဲ့ ကုမ္ပဏီ နဲ့ ဆက်ဆံစီးပွါးရေး လုပ်ရင် ငွေရေးကြေးရေးကအစ အလွန်ပြဿနာကြီးပါတယ်။ အမေရိကန် စီးပွါးပိတ်ဆို့တာ ထိဖူးတဲ့ ပြည်တွင်း က လုပ်ငန်းရှင်ကြီးတွေအသိဆုံးပါပဲ။ CCCC ကုမ္ပဏီဟာ အယင် ကမ္ဘာ့ဘဏ်က ပိတ်ဆို့တာလည်း ခံခဲ့ရဖူးတယ်။



ကြားထဲက ရန်ကုန်မြို့သစ်စီမံကိန်း ဟာ ပထမအစိုးရ လက်ထက်လို လျောမွေးမွေးမှာလား? CCCC ကပဲ နောက်ဆုတ်သွားမှာလား? မြန်မာပြည်ထဲက ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွေ ဆက်ဖြစ်ပါဦးမလား စိတ်ဝင်စားစရာပဲ။ (Kyaw Swa Min)


(Zawgyi)


တ႐ုတ္၊ အေမရိကန္နဲ႔ ျမန္မာ…

ၾကည္ျမင္တိုင္တဖက္ကမ္း ဆိပ္ႀကီးခေနာင္တိုမွာ ၿမိဳ႕သစ္တည္မည္ဆိုတဲ့ တင္ဒါေအာင္ တ႐ုတ္ႏိုင္ငံက ကုမၸဏီ CCCC နဲ႔သူ႔လက္ေအာက္ ကုမၸဏီေတြအားလုံးကို အေမရိကန္ႏိုင္ငံက အမည္ပ်က္စာရင္းတင္သြင္းၿပီး စီးပြါးေရးပိတ္ဆို႔လိုက္ပါတယ္။

ဒီ CCCC ကုမၸဏီဟာ ေတာင္တ႐ုတ္ပင္လယ္ထဲက တ႐ုတ္ႏိုင္ငံရဲ႕ ေရတပ္စခန္း ကြၽန္းအတုေတြ တည္ေဆာက္တယ္၊ ေခတ္သစ္ပိုးလမ္းမ နဲ႔ တ႐ုတ္အင္ပါယာခ်ဲ႕ထြင္တယ္၊ ႏိုင္ငံေတြကို အေႂကြးနဲ႔သိမ္းဖို႔ႀကိဳးစားတယ္၊ တ႐ုတ္ႏိုင္ငံရဲ႕ နယ္ေျမခ်ဲ႕ထြင္ရာမွာသုံးတဲ့ ကုမၸဏီတခု လို႔စြတ္စြဲၿပီး ဆန္ရွင္ လုပ္လိုက္တာပါ။



အေမရိကန္ကေတာ့ တ႐ုတ္ရဲ႕ ႏိုင္ငံေရး၊ စီးပြါးေရး ပါဝါေလ်ာ့က်သြားေအာင္ ႀကီးမားတဲ့ စစ္ေအးတိုက္ပြဲစ ဆင္ႏြဲေနပါၿပီ။ အယင္ ႐ုရွားနဲ႔ ႏွစ္ ၄၀ ၾကာ အားၿပိဳင္ခဲ့တဲ့ စစ္ေအးတိုက္ပြဲတုန္းက ကြန္ျမဴနစ္ ဆိုဗီယက္ယူနီယံ တစစီၿပိဳကြဲၿပီး ႐ုရွား ဒီမိုကေရစီႏိုင္ငံ ျဖစ္သြားတာပဲ။ အေမရိကန္ဟာ တ႐ုတ္နဲ႔ ဒီစစ္ေအးတိုက္ပြဲကို ႏွစ္ရွည္တိုက္ေတာ့မယ္ လို႔ ဆုံးျဖတ္ထားဟန္တူတယ္၊ ဒီမိုကရက္သမတေလာင္း ဂ်ိဳးဘိုင္ဒင္ ကလည္း သူသမၼတျဖစ္ရင္ တ႐ုတ္နဲ႔ ဆက္ဆံေရးကို ထရန္႔ ရဲ႕ေပၚလစီအတိုင္း ဆက္ကိုင္တြယ္သြားမယ္တဲ့။



ၾကားက မထင္မွတ္ပဲ ေျမစာပင္ ျဖစ္ႏိုင္တာ အေရွ႕ေတာင္အာရွပါ။ ကမာၻဒီးယား၊ လာအို တို႔က တ႐ုတ္နဲ႔ နီးစပ္တယ္၊ ဗီယက္နမ္ ေတြက တ႐ုတ္ကို ခါးခါးသီးသီး၊ ဖိလစ္ပိုင္၊ ထိုင္း၊ စကၤာပူ၊ မေလး၊ အင္ဒိုနီရွား က အေမရိကန္ ဘက္ တနည္းမဟုတ္တနည္း ယိမ္းမယ္။

ျမန္မာမွာ တိုင္းရင္းသားတပ္ေတြရွိတဲ့ ရွမ္း၊ ရခိုင္၊ ကခ်င္၊ ဝ က တမ်ိဳး၊ ႏိုင္ငံ့ေပၚလစီကတမ်ိဳး၊ လူမ်ိဳးေတြရဲ႕ေပၚလစီကတမ်ိဳး တပ္ရဲ႕ေပၚလစီကတမ်ိဳး နဲ႔ အကြဲကြဲ ျဖစ္သြားႏိုင္တယ္။ ဒီလိုအေျခအေနမွာ ႏိုင္ငံတခုလုံး စုစည္းဖို႔ အလြန္အေရးႀကီးတယ္လို႔ ျမင္ပါတယ္ဗ်ာ၊ ၿငိမ္းခ်မ္းေရး ရေအာင္ယူၾကပါေတာ့။



တ႐ုတ္ CCCC ကုမၸဏီအေၾကာင္း ဆက္ရရင္ အေမရိကန္ စီးပြါးပိတ္ဆို႔ေရး ဆန္ရွင္မိထားတဲ့ ကုမၸဏီ နဲ႔ ဆက္ဆံစီးပြါးေရး လုပ္ရင္ ေငြေရးေၾကးေရးကအစ အလြန္ျပႆနာႀကီးပါတယ္။ အေမရိကန္ စီးပြါးပိတ္ဆို႔တာ ထိဖူးတဲ့ ျပည္တြင္း က လုပ္ငန္းရွင္ႀကီးေတြအသိဆုံးပါပဲ။ CCCC ကုမၸဏီဟာ အယင္ ကမာၻ႔ဘဏ္က ပိတ္ဆို႔တာလည္း ခံခဲ့ရဖူးတယ္။



ၾကားထဲက ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ဟာ ပထမအစိုးရ လက္ထက္လို ေလ်ာေမြးေမြးမွာလား? CCCC ကပဲ ေနာက္ဆုတ္သြားမွာလား? ျမန္မာျပည္ထဲက ေခတ္သစ္ပိုးလမ္းမစီမံကိန္းေတြ ဆက္ျဖစ္ပါဦးမလား စိတ္ဝင္စားစရာပဲ။ (Kyaw Swa Min)


Post a Comment

Previous Post Next Post