(Zawgyi)


လာအိုႏိုင္ငံေပၚတြင္ ျဖစ္ေပၚေနေသာ၊ အပူပိုင္းမုန္တိုင္းငယ္ “စင္လကု”(Sinlaku) သည္ ေလဖိအား နည္းရပ္ဝန္းအျဖစ္ အားေလ်ာ့သြားၿပီ ျဖစ္ေၾကာင္း ယေန႔ျမန္မာစံေတာ္ခ်ိန္(၁၁:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားကို အေျခခံ၍ မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာနမွ ၾသဂုတ္ ၃ ရက္ေန႔မြန္းတည့္ ၁၂ နာရီအခ်ိန္ တြင္ ထုတ္ျပန္ေပးခဲ့သည္။



ေလဖိအားနည္းရပ္ဝန္းအျဖစ္ အားေလ်ာ့သြားၿပီ ျဖစ္ ေသာ္လည္း အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ျမန္မာႏိုင္ငံဘက္သို႔ျဖည္းညႇင္းစြာ ေ႐ြ႕လ်ားလ်က္ ရွိ ေနသည္ဟု ထူးျခားသည့္အေျခအေနတစ္ရပ္အျဖစ္ ေဖာ္ျပထားသည္။စင္လကု”(Sinlaku) မုန္တိုင္းငယ္၏ အရွိန္ ေၾကာင့္ ထိုင္းႏိုင္ငံတြင္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးမႈမ်ား ျဖစ္ေပၚခဲ့သည္။



ထို႔ျပင္ ျမန္မာႏိုင္ငံ တနသၤာရီတိုင္းေဒသႀကီး အတြင္းမွ ေဒသအ ခ်ိဳ ့တြင္လည္းေရႀကီးမႈ၊ေတာင္ ၿပိဳမႈႏွင့္သြားလာေရးလမ္းပိုင္း ျပတ္ ေတာက္မႈမ်ား ရွိခဲ့ေၾကာင္း ထားဝယ္ခ႐ိုင္ႏွင့္ ေဒသအတြင္းမွေဒသခံျပည္သူမ်ား၏လူမႈကြန္ရက္တြင္ ယေန႔( ၾသဂုတ္ ၃)နံ နက္ပိုင္းေဖာ္ ျပထားမႈအရ သိရသည္။

ထားဝယ္-ေတာင္သုံးလုံးလမ္းပိုင္းရွိ ဘဲမတက္ ေတာင္တြင္ ေတာင္ေဘးသားေျမႀကီးၿပိဳက်မႈ ျဖစ္ပြားခဲ့သလို တနသၤာရီၿမိဳ ့အဝင္ရွိ နဂါး႐ုပ္ သည္လည္း ေလျပင္းမ်ားတိုက္ခတ္မႈေၾကာင့္ ၿပိဳလဲက်ခဲ့သည္။ထို႔အတူ အခ်ိဳ ့ေသာ ေက်း႐ြာမ်ားတြင္ ေရႀကီးမႈမ်ား ဆိုး႐ြားစြာ ျဖစ္ေပၚေန သည္ကို ေဒသခံမ်ား၏ ဓါတ္ပုံမွတ္တမ္းမ်ား အရ ေတြ႕ရွိရသည္။


REF: The Ladies News

(Unicode)

လာအိုနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော၊ အပူပိုင်းမုန်တိုင်းငယ် “စင်လကု”(Sinlaku) သည် လေဖိအား နည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီ ဖြစ်ကြောင်း ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များကို အခြေခံ၍ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သြဂုတ် ၃ ရက်နေ့မွန်းတည့် ၁၂ နာရီအချိန် တွင် ထုတ်ပြန်ပေးခဲ့သည်။



လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီ ဖြစ် သော်လည်း အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံဘက်သို့ဖြည်းညှင်းစွာ ရွေ့လျားလျက် ရှိ နေသည်ဟု ထူးခြားသည့်အခြေအနေတစ်ရပ်အဖြစ် ဖော်ပြထားသည်။စင်လကု”(Sinlaku) မုန်တိုင်းငယ်၏ အရှိန် ကြောင့် ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။



ထို့ပြင် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး အတွင်းမှ ဒေသအ ချို့တွင်လည်းရေကြီးမှု၊တောင် ပြိုမှုနှင့်သွားလာရေးလမ်းပိုင်း ပြတ် တောက်မှုများ ရှိခဲ့ကြောင်း ထားဝယ်ခရိုင်နှင့် ဒေသအတွင်းမှဒေသခံပြည်သူများ၏လူမှုကွန်ရက်တွင် ယနေ့( သြဂုတ် ၃)နံ နက်ပိုင်းဖော် ပြထားမှုအရ သိရသည်။

ထားဝယ်-တောင်သုံးလုံးလမ်းပိုင်းရှိ ဘဲမတက် တောင်တွင် တောင်ဘေးသားမြေကြီးပြိုကျမှု ဖြစ်ပွားခဲ့သလို တနင်္သာရီမြို့အဝင်ရှိ နဂါးရုပ် သည်လည်း လေပြင်းများတိုက်ခတ်မှုကြောင့် ပြိုလဲကျခဲ့သည်။ထို့အတူ အချို့သော ကျေးရွာများတွင် ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေ သည်ကို ဒေသခံများ၏ ဓါတ်ပုံမှတ်တမ်းများ အရ တွေ့ရှိရသည်။

REF: The Ladies News

Post a Comment

Previous Post Next Post